တစ်နေ့တာလုံး ပိုပြီးတက်တက်ကြွကြွဖြစ်နေစေဖို့ ဘယ်လိုလုပ်ရမလဲ ?
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ခွန်အားလေ့ကျင့်ခန်းလုပ်ခြင်းအပြင် တစ်နေ့လုံးတက်ကြွနေစေနိုင်တဲ့ တခြားနည်းလမ်းတွေအများကြီးရှိပါသေးတယ်။ သင်မှတ်ထားရမှာက သင်လှုပ်ရှားလေ သင့်ကိုယ်ထဲက ကယ်လိုရီပိုလောင်ကျွမ်းလေ သင့်သွေးချိုကို ပုံမှန်ထားနိုင်လေပဲဖြစ်ပါတယ်။
အချိန်အကြာကြီးထိုင်ခြင်းက ကျန်းမာရေးအတွက်ထိခိုက်နိုင်လားဆိုတာ သိစေဖို့ လေ့လာမှုတွေပိုပိုပြီးလုပ်နေကြပါတယ်။ ရုံးမှာထိုင်နေရင်းက တစ်နာရီတစ်ခါလောက် ခြေလက်အကြောဆန့်ပြီး ရုံးခန်းထဲလမ်းလျှောက်ပေးခြင်းက ခုံမှာဘဲနာရီပေါင်းများစွာထိုင်နေတာထက် သာပါတယ်။ သင်ထပြီးလှုပ်ရှားနိုင်သလောက် လှုပ်ရှားပါ။ အောက်မှာဖော်ပြထားတာတွေက သင်လုပ်နိုင်တာလေးတွေပါ။
အလုပ်မှာဆိုရင် …
ကားပါကင်နေရာနဲ့ ရုံးခန်းတွေမှာသွားလာရင် ဓါတ်လှေကားအစား ရိုးရိုးလှေကားသုံးပါ။
ရုံးမှာတစ်နာရီတစ်ခါလောက်ထပြီး ခြေလက်ဆန့်ပြီးရုံးတစ်ပတ်လမ်းလျှောက်ပါ။
သင့်ခုံမှာဘဲ ထပြီး အကြောဆန့်ပါ။
နေ့လည်စာစားချိန်ဆိုရင် စားသောက်ဆိုင်ဆီ လမ်းလျှောက်သွားပါ။
တကယ်လို့ သင်ကဘတ်စ်ကားတွေ ရထားတွေစီးပြီး အလုပ်လာတယ်ဆိုရင် မှတ်တိုင်စောဆင်းပြီး ရုံးထိကျန်တဲ့ခရီးလမ်းလျှောက်ပါ။
သင့်ခုံမှာထိုင်နေတုန်း ခုံနဲ့လုပ်ရတဲ့လေ့ကျင့်ခန်းတွေလုပ်ပါ။
Fidgetဆိုတဲ့ ခုံမှာထိုင်ရင်းလုပ်လို့ရတဲ့ လှုပ်ရှားမှုအသေးစားလေးတွေကို သုံးလို့ရမယ်ဆိုရင်သုံးပါ။
အိမ်မှာဆိုရင် …
ခွေးကိုခေါ်ပြီး လမ်းလျှောက်ပါ။
သင့်ခြံထဲက အမှိုက်လှဲတာလိုမျိုး သစ်ရွက်ကောက်တာလိုမျိုး အလုပ်တွေလုပ်ပါ။
တံမြက်စည်းလှည်းခြင်း ပန်းကန်ဆေးခြင်းစတဲ့ အိမ်အလုပ်တွေကိုယ်တိုင်လုပ်ပါ။
ကလေးတွေနဲ့ ကစားပေးပါ။
သင်ကြိုက်တဲ့ရုပ်ရှင်ကြည့်နေတုန်းကြော်ငြာလာရင် လမ်းထလျှောက်ပါ။
ကားကနေ တစ်ခုခုသယ်တာပဲဖြစ်ဖြစ် လှေကားပေါ်သယ်တာဘဲဖြစ်ဖြစ် အသွးအပြန်နှစ်ကြိမ်လုပ်ပါ။
ဖုန်းပြောနေစဉ် လမ်းလျှောက်ပါ၊ လှေကားတက်ဆင်းလုပ်ပါ။
သင်အပြင်ရောက်နေတဲ့အခါ …
ဈေးဝယ်စင်တာနဲ့ဝေးတဲ့နေရာမှာ ကားပါကင်ထိုးပြီး ဈေးဝယ်စင်တာကို လမ်းလျှောက်သွားပါ။
ကုန်စုံဆိုင်ရောက်ရင် နေရာစုံလိုက်သွားလိုက်ကြည့်ပါ။
တကယ်လို့ လေဆိပ်မှာလေယာဉ်စောင့်နေတာဆိုရင် လေဆိပ်မှာလမ်းလျှောက်ပါ။
တကယ်လို့ ကားလမ်းခရီးထွက်နေရတာဆိုရင် နာရီအနည်းငယ်တစ်ခါကားရပ်ပြီး ခြေဆန့်လက်ဆန့်လမ်းလျှောက်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။