ဗိုက်အောင့် စေတတ်တဲ့ အကြောင်းအရင်းပေါင်း သောင်းခြောက်ထောင် ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 9, 2020 . 2 mins read
Share now

ဗိုက်နာတယ်၊ ဗိုက်အောင့်တယ် ဆိုတာ လူတိုင်းဖြစ်ဖူးနေတဲ့ အရာတစ်ခုပါ။ ဗိုက်အောင့်တယ်ဆိုတာနဲ့ လူတိုင်းက လေအောင့်တာကို ပဲ အရင်ပြေးမြင်ကြပြီး အစာအိမ်အောင့်တယ်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ သင့်ကို ဗိုက်အောင့် ဗိုက်နာဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ သူတို့က ဘာတွေလဲဆိုတာ ကြည့်ကြရအောင် ။ ။

ဗိုက်နာစေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ ။ ။

ဗိုက်ထဲမှာ အစာအိမ်နဲ့ အူတင် မဟုတ်ဘဲ တခြား ကလီစာတွေလည်းရှိတာကြောင့် ဗိုက်နာတာကိုဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ခုပြောပြပေးမှာကတော့ သူတို့ကဘာတွေလဲ။ ဘယ်လို လက္ခဏာတွေ ရှိတတ်လဲ ။ ။

  • အစာအိမ်အောင့်တာအစာမကြေ လေအောင့်တယ်ဆိုတာ အဖြစ်အများဆုံး ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဗိုက်ဆာလာရင် ဗိုက်ထဲ ဟာတာတာဖြစ်ပြီး နာလာတာ၊ စားပြီးရင်လည်း အစာမကြေဘဲ ဗိုက်ထဲလေပွပြီးအောင့်နေတတ်တာမျိုးပါ။
  • အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာ – အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာကြောင့် ရင်ပြူပီး ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါသေးတယ်။
  • အစာအဆိပ့်သင့်တာကြောင့် ဝမ်းလျှောတာ – စားလိုက်တဲ့ အစားအသောက်တွေ မသန့်ရှင်းလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့သူတိုင် းဗိုက်ရစ်နာတာကို ခံစားဖူးကြမှာပါ။
  • အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာ အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာကြောင့် ရင်ပူပြီး ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါသေးတယ်။
  • အူရောင်တာ – ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ နံရံတွေ ရောင်ပြီး ဗိုက်အောင့်တတ်ပါတယ်။ အူရောင် နေတဲ့အချိန်ဆို ဗိုက်ကြီးကလည်း အမြဲ တင်းနေတတ်ပါတယ်။
  • Irritable Bowel Syndrome အူလှုပ်ရှားမှု မူမမှန်တဲ့ရောဂါဟာ ဗိုက်အောင့်တတ်စေတဲ့ အကြောင်းအရင်းများစွာထဲက တစ်ခုပါ။ IBS ရောဂါနဲ့ မတည့်တဲ့လေထစေတဲ့ ပဲတို့ ၊နို့တို့ စားမိရင် ပိုဖြစ်တတ်ပါတယ်။
  • အူအတက်ရောင်တာ – အူအတက်ရောင်တယ်ဆိုတာ လူတွေကို တော်တော်များများကို ဒုက္ခပေးနေတဲ့ ဗိုက်အောင့်တဲ့ပြဿနာတစ်ခုပါ။ အူအတက်ရောင်တဲ့ လက္ခဏာတွေမှာဆို ဗိုက်အောင့်မယ်၊ ပျို့အန်မယ်၊ ကိုယ်ပူမယ် စတဲ့ သုံးမျိုးပါရပါမယ်။
  • အူပုတ်တာ – အကြောင်းကြောင်းကြောင့် အူဆီကို သွားတဲ့ သွေးတွေ ကောင်းကောင်း မရောက်နိုင်တော့တဲ့အခါ အူတွေပုတ်ပြီး ဗိုက်အောင့်တဲ့ ဝေဒနာအပြင် ဗိုက်တစ်ပြင်လုံး တောင့်နေတာကို ခံစားရမှာပါ။
  • အစာမကြေတာ – အစာမကြေတာကြောင့် ဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်းမှာ လေထိုးလေအော့င့်တာအပြင် အီလည်လည် ခံစားမှုကိုပါခံစားရမှာပါ။
  • ဓမ္မတာ ကြောင့် ကိုက်ခဲတာ ရာသီလာချိန်မှာ ကိုက်ခဲတဲ့ ဝေဒနာကို မိန်းကလေးတိုင်း ခံစားဖူးတတ်ကြမှာပါ။
  • သည်းခြေမှာ ကျောက်တည်တာ – သည်းခြေမှာ ဖြစ်တတ်တဲ့ အဆီကနေဖြစ်တဲ့ ကျောက်လေးတွေကြောင့် သင်အစာမကြေ ရင်ပြည့်သလို ခံစားရမယ့်အပြင် ဗိုက်အောင့်တာကိုပါ ခံစားရမှာပါ။
  • အသည်းရောင်အသားဝါကြောင့် အော့င်တာ – ဗိုက်ရဲ့ ညာဘက်အခြမ်းမှာ အောင့်တဲ့ ဝေဒနာကိုခံစားရပြီး မျက်လုံးတို့ အသားတို့လည်း အဝါရောင် ပြောင်းလာမယ်ဆိုရင် သင် အသည်းရောင်နေပါပြီ ။
  • ဆီးကျောက်တည်တာ – ဆီးကျောက်တည်ရင် ဆီးသွားတဲ့အချိန်မှပဲ နာကျင်တဲ့ ဝေဒနာကို ခံစားရတာ မဟုတ်ပါဘူး။ ကျောက်ကပ်ရှိတဲ့ ခါးနောက်နား နှစ်ဘက်လုံး ဒါမှမဟုတ် တစ်ဘက်ချင်းစီကနေ အောင့်တတ်ပါတယ်။
  • မုန့်ချိုအိတ်ရောင်တာ – ဆီးချိုရောဂါ မဖြစ်အောင်လို့ ထိန်းပေးနေတဲ့ အင်ဆူလင်ထုတ်တဲ့နေရာ မုန့်ချိုအိတ် ရောင်ရင်လည်း ဗိုက်အောင့်တဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်။
  • သားဥမှာတည်နေတဲ့ အရည်အိတ်ကွဲသွားတာ – မိန်းကလေးတိုင်းနီးပါးလောက်ဖြစ်တတ်ကြတဲ့ သားဥအိမ်အရည်အိတ်က အရမ်းကြီးသွားတဲ့အခါ ပေါက်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်ဆို ဗိုက်မခံမရပ်နိုင်အောင် အောင့်မယ့်အပြင် သွေးတွေလည်းယိုတတ်လို့ ရေဓာတ်ခမ်းခြောက်ပြီး ရှောခ်ပါရသွားနိုင်ပါတယ်။
  • ကင်ဆာ – ကင်ဆာရောဂါ ရင့်လာတာနဲ့ အမျှ အကျိတ်က ဟိုဖိ ဒီဖိနဲ့ ဗိုက်နာတတ်ပါတယ်။ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ သားဥပြွန်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာတို့ဟာ နာမည်ကြီးကင်ဆာတွေပါ။

ဘယ်လို အချိန်ဆို ဆရာဝန်ဆီသွားပြရမလဲ ။ ။

သာမာန် လေထိုး ၊လေအောင့်တာလောက်ကတော့ ဆေးစားဆေးသောက်လိုက်ရင် ပျောက်ပေမယ့် ချက်ချင်း ဆေးကုသမှု ခံယူသင့်တာတွေလည်းရှိပါတယ်။ ကိုယ်ဗိုက်အောင့်တာလည်း ၁ရက်နဲ့ အထက် ဖြစ်နေမယ် ၊ နာလိုက်ပျောက်လိုက် မဟုတ်ဘဲ ဗိုက်ကတစ်ချိန်လုံး မခံမရပ်နိုင်အောင် အောင့်နေမယ်၊ ဗိုက်အောင့်တာ အပြင် ဖျားမယ်၊ နာမယ်၊ ပျို့အန်တာတွေရှိမယ်၊ ဝမ်းမည်းမည်းတွေသွားမယ်၊ ဝမ်းသွားရင်သွေးပါမယ်၊ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားမယ်ဆိုရင်တော့ ပေါ့ဆမနေဘဲ ဆရာဝန်ဆီချက်ချင်းသွားသင့်ပါတယ် ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

ချိစ်က နို့ထွက်ပစ္စည်းတစ်မျိုးပါ။ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးတွေကို ချိစ်ကျွေးလို့ရလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစာရေမျိုပြွန် မှာ ကင်ဆာကျိတ်ဖြစ်လာတဲ့အခါ

အစာရေမျိုပြွန် အစာရေမျိုပြွန်ကင်ဆာ အစာစားတိုင်းနင် အစာသီး ရင်ခေါင်းတောင့် အစာမကြေ ရင်ပူ GERD စားချဉ့်ပြန်ရောဂါ ကင်ဆာ ဆေးလိပ် အရက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲ။

Mindful eating မနက်စ ဗိုက်ပြည် ကျေညက်အောင်ဝါး အစာမကြေ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ ပျော်ရွှင်ခြင်းဟော်မုန်း စိတ်ဖိစီးမှုသက်သာ အစာနင် အရသာခံစား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေ စားသောက်ကြမလဲ။

အာဟာရပြည့်ဝစွာ စားသုံးတာက ကျန်းမာတဲ့ ဘေဘီလေးကို မွေးဖွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အာဟာရတွေကို အချိုးအစား မှန်ကန်မျှတစွာ စားသုံးမိဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
အူအတက်ရောင်တာလား၊ လေနာတာလား

အူအတက်ရောင်တာလား၊ လေနာတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 24, 2020 . 2 mins read
ကိုဗစ်နဲ့ စီဗစ်

ကိုဗစ်နဲ့ စီဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 2 mins read
ဆီးကျောက်ခြေတယ်ဆိုတာ

ဆီးကျောက်ခြေတယ်ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2020 . 2 mins read