မီးပိုးကောင် ဆိပ်သင့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

အရေပြားမှာ ရုတ်တရက် အရည်ကြည်ဖုတွေ တန်းစီပြီး ထွက်လာတယ်၊ နီရဲနေတယ်ဆိုရင် “ ဟဲ့ ငါ့ ဘာကောင်များ ကိုက်သွားပါလိမ့်” လို့ တွေးတတ်ကြပါတယ်။ ထိမိတဲ့ အကောင်ကိုများ သိထားရင်တော့ ဒါ မီးပိုးကောင် ထိတာပါလား ဆိုပြီး တန်းပြော နိုင်ပါတယ်။ များသောအားဖြင့်တော့ အန္တရာယ်မရှိပေမယ့် အရေပြားမှာ စပ်ဖျဉ်းဖျဉ်းနဲ့ ယားကလည်း ယားသေး ဆိုတော့ လန့်တတ်ကြပါတယ်။ ဒီတော့ မီးပိုးကောင်ထိရင် အရေးပေါ် ဘာလုပ်သင့်လဲ ဆိုတာ ပြောပြပေးပါမယ်။

မီးပိုးကောင် ကို ဘယ်မှာတွေ့နိုင်လဲ။

မီးပိုးကောင်ဆိုတာ မည်းမည်းရှည်ရှည် အကောင်လေးပါ။ လိမ္မော် ဖောက်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပုရွတ်ဆိတ်နဲ့ တူပါတယ်။ ခြောက်သွေ့တာကို ကြိုက်ပြီး ညဘက်တွေ ပိုထွက်ပါတယ်။ မီးရောင်ကို ကြိုက်ပါတယ်။

မီးပိုးကောင် ဆိပ်က ဘယ်လိုသင့်တာလဲ။

မီးပိုးကောင်က ကိုက်လည်း မကိုက်သလို တုပ်လည်း မတုပ်ပါဘူး။ သူရဲ့ ခန္ဓာကိုယ်က အရည်နဲ့ ထိတွေ့မိရင် လက္ခဏာပြပါတယ်။ အဲ့အရည်မှာ paederin ဆိုတဲ့ ဓာတ်ပါပါတယ်။ သူက အရေပြားကို ပျက်စီးစေတာပါ။ ဒါကြောင့် မီးပိုးကောင် ဆိပ်သင့်တယ်လို့ ပြောတာပါ။ သူ့ကြောင့် ဖြစ်တဲ့ အရေပြားရောင်ရမ်းတာကိုတော့ paederus dermatitis လို့ ခေါ်ပါတယ်။

ဘာလက္ခဏာပြမှာလဲ။

ထိမိပြီး ၂၄နာရီအတွင်းမှာပဲ လက္ခဏာ စပြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။ ဘယ်လောက်ထိလဲ ဆိုတာရယ်၊ ဘယ်လောက်ကြာကြာ ထိမိလဲဆိုတာရယ်၊ တစ်ယောက်ချင်းစီရဲ့ ခံနိုင်ရည်ရယ်ပေါ်မူတည်ပါတယ်။

သိပ်မပြင်းထန်ဘူးဆိုရင် နီရုံပဲ နီပါတယ်။ နည်းနည်းဆိုးရင်တော့ အရည်ကြည်ဖုတွေပါ ထွက်လာပါတယ်။ တစ်ပတ်လောက်နေရင် ခြောက်ပြီးကွာကျသွားပါတယ်။ အမာရွတ် မကျန်ခဲ့ပါဘူး။  များသောအားဖြင့် အကြောင်းလိုက်ဖြစ်တာ များပါတယ်။ ဘာလို့လဲဆိုတော့ လူက ကိုယ့်ကိုယ်ပေါ် တစ်ခုခု တက်လာရင် လက်နဲ့ဖိပြီး သပ်ချလိုက်တာကိုး။ သိပ်ဆိုးရင်တော့ အရည်ကြဉ်ဖု ပေါက်တာအပြင် ဖျားတာ၊ အဆစ်တွေနာတာ၊ အန်တာ ဖြစ်တတ်ပါတယ်။

တစ်ခါတစ်လေ မျက်နာတို့ မျက်လုံးတို့ကို ပွတ်မိရင် မျက်ကြည်လွှာရောင်ရမ်းတာအထိ ဖြစ်တတ်ပါတယ်။

ဘယ်လိုကုသကြမလဲ။

  • အရင်ဆုံး မီးပိုးကောင် ကိုယ့်ကိုယ်ပေါ်ကို တက်လာပြီ ဆိုတာနဲ့ လက်နဲ့ မထိပါနဲ့။ စိတ်ချရတဲ့ တစ်နေရာကို သွားပြီး လေနဲ့ မှုတ်ချလိုက်ပါ။
  • တကယ်လို့ မတော်တဆ ပွတ်မိတယ် ဆိုရင်လည်း ရေနဲ့ ဆပ်ပြာနဲ့ နိုင်နိုင်ဆေးပါ။
  • နီနေတယ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်တယ် ဆိုရင် ရေခဲကပ်ပါ။
  • ယားတယ်ဆိုရင် anti histamine သောက်ပါ။ (ဥပမာ ဘာမီတွန်)
  • စတီးရွိုက် လိမ်းဆေး လိမ်းပါ။
  • ကယ်လမင်း လိုးရှင်း လိမ်းပါ။
  • လိုအပ်ရင် ပိုးသတ်ဆေး သောက်ရပါမယ်။

တစ်ခု ပြောချင်တာက အရေပြားမှာ အရည်ကြည်ဖု ပေါက်တိုင်း မီးပိုးကောင်လို့ ပြောလို့ မရပါဘူး။ သေချာချင်ရင် ဆရာဝန်နဲ့ ပြသပါ။ နောက်ပြီး မီးပိုးကောင်ဆိပ်သင့်ပြီး အသက်ရှူကြပ်လာတယ် ဆိုရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပျားရည် ကပေးတဲ့ အသားအရေ ကျန်းမာရေး

ပျားရည် အသားအရေ ကျန်းမာရေး ဆေးဖက်ဝင် အရေပြား ဘက်တီးရီးယားတွေ ပိုးမွှားတွေ အနာကျက် အရောင်ကျ ဝက်ခြံ အရေးအကြောင်း နှင်းခူ အရွယ်တင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

COVID_19 နှင့် အတူယှဉ်တွဲ နေထိုင်ခြင်း

ကမ္ဘာ့နိုင်ငံ ကိုဗစ် ကူးစက်မှု လုပ်ငန်းခွင် ကူးစက်မှုနှုန်း covid_19 တစ်ဦးတစ်ယောက်ချင်း ကာကွယ်ဆေး မြန်မာနိုင်ငံ Stay at Home Second wave ရောဂါ စကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

မကူးစက်နိုင်သော ရောဂါရှိသူများ နှင့် ကူးစက်ရောဂါဆိုးကြီး COVID-19 တို့အကြောင်း

မကူးစက်နိုင်သောရောဂါများ COVID-19 ကျန်းမာရေးအခြေအနေ နှလုံးသွေးကြောကျဉ်းရောဂါ အသက်ရှူလမ်းကြောင်းရောဂါ အဆုတ် ဆေးလိပ်သောက်လွန်းသူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ဆေးရုံ က ကူးတဲ့ ရောဂါများ

ဆေးရုံ nosocomial infection ဆေးယဉ်ပါး ဆီးပိုးဝင် ဦးနှောက်အမြှေးပါးရောင် အဆုတ်ရောင် ပြည်တည် ပိုးသတ်ဆေး ကိုမာ ဆီးပိုက်တပ် အထူးကြပ်မတ်ကုသဆောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး

Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။

ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 20, 2020
ကလေးဖျားပြီး အနီစက် ထွက်ရင်

ကလေးဖျားပြီး အနီစက် ထွက်ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 18, 2020
ဝက်ခြံက ပိုးဝင်နေတာလား………………

ဝက်ခြံက ပိုးဝင်နေတာလား………………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 12, 2020