နွေရာသီ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 23, 2020 . 2 mins read
Share now

အခုလို နွေရာသီ အချိန်ရောက်လာတဲ့အခါ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ နေထိုင်တဲ့ သူတွေဟာ အပူဒဏ်ကို အလွန့်အလူး ခံစားကြရပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာလည်း အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့ အပူဒဏ်ကြောင့် အသက်ဆုံးရှုံးမှုတွေ များလာတာကို တွေ့ရပါတယ်။ နေပူအောက်မှာ အချိန်အကြာကြီး အလုပ်လုပ်တာ၊ နေရောင်ကို ကာကွယ်တဲ့ ပစ္စည်းတွေ အသုံးမပြုတာ၊ ရေဓာတ်ဆုံးရှုံးတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ စတာတွေကြောင့် အပူလျှပ်ခြင်း၊ သတိလစ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလို ပူပြင်းတဲ့ ရာသီမှာ တတ်နိုင်သလောက် အပူဒဏ်ကို ရှောင်ပြီးနေကြဖို့၊ မိမိကိုယ်ကို ဂရုစိုက်ကြဖို့၊ ပူပြင်းတဲ့နေရောင်အောက်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ကြဖို့ ကျန်းမာရေး ဝန်ကြီးဌာနကလည်း တိုက်တွန်းထားပါတယ်။

 ဒါဆိုရင် ဒီလို နွေရာသီ မှာ လေ့ကျင့်ခန်းမလုပ်သင့်ဘူးလား။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ရော ကိုယ်ကိုပါ ကောင်းကျိုးတွေ အများကြီးဖြစ်စေနိုင်ပေမယ့် ဒီလို အရမ်းပူပြင်းတဲ့ နွေရာသီမှာ လုပ်မယ်ဆိုရင်တော့ ဂရုမစိုက်မိရင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ကာကွယ်နိုင်အောင်၊ စိတ်ရော ကိုယ်ပါ ကျန်းမာအောင် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ဘယ်လို အချက်လေးတွေကို ဂရုစိုက်ပေးသင့်တယ်ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ်။

ပူပြင်းတဲ့ နွေရာသီ မှာ လေ့ကျင့်ခန်း လုပ်ဆောင်တဲ့အခါ

၁။ အပူဒဏ်သက်သာတဲ့ အချိန်မှာ လုပ်ပါ။

မနက် ၁၀နာရီ လောက်ကနေ ညနေ ၃နာရီ၊ ၄ နာရီလောက်အထိဟာ တစ်နေ့တာရဲ့ အပူပြင်းဆုံးအချိန်တွေလို့ ပြောလို့ရပါတယ်။ ဒါ့ကြောင့် အဲဒီ အချိန်တွေကိုရှောင်ပြီး မနက်ခင်း စောစော ဖြစ်ဖြစ်၊ ညနေခင်းမှာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

၂။ အရိပ်ရပြီး လေဝင်လေထွက် ကောင်းတဲ့နေရာမှာ လုပ်ပါ။

နေပူထိုးပြီး လှောင်ပိတ်နေတဲ့ အခန်းတွေ၊ အလုံပိတ်နေရာတွေမှာ လုပ်တာကို ရှောင်ကြဉ်ရပါမယ်။ အဲယားကွန်းတပ်ဆင်ထားတဲ့ အခန်းတွေ (သို့) အရိပ်လည်းကောင်းကောင်းရ၊ အေးမြပြီး  လေဝင်လေထွက်လည်း ကောင်းတဲ့ အခန်းတွေ၊ ပတ်ဝန်းကျင် တွေမှာ ရွေးချယ်ပြီး လုပ်သင့်ပါတယ်။

၃။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ပါ။

ဒီလို ပူပြင်းတဲ့နွေရာသီမှာ ခန္ဓာကိုယ်အပူချိန်ကို အရမ်းတက်လာစေနိုင်တဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ- ပြေးတာ၊ ကြိုးခုန်တာ) စတဲ့လေ့ကျင့်ခန်းတွေ လုပ်တာကို ရှောင်သင့်ပါတယ်။ ဒီလို အချိန်မှာ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေကိုပဲ လုပ်ကြဖို့ အကြံပေးချင်ပါတယ်။

၄။ မကြာခဏ အနားယူပါ။

လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါမှာ ဆက်တိုက်အကြာကြီး အလွန်အကျွံ မလုပ်သင့်ပါဘူး။ ဆက်တိုက်လုပ်တဲ့ အခါမှာ ခန္ဓာကိုယ်အပူချိန်တွေ အများကြီးတက်လာပြီး မထိန်းညှိနိုင်တော့တဲ့အတွက် အန္တရာယ်ရှိပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်လုပ်နိုင်တဲ့ ပမာဏကို သိထားပြီး အဲဒီထက်ပို မလုပ်မိဖို့ လည်း အရေးကြီးပါတယ်။ အခုမှ လေ့ကျင့်ခန်းတွေကို စလုပ်တဲ့ သူတွေဆိုရင်တော့ ခန္ဓာကိုယ်က နေသားမကျသေးတဲ့အတွက် စစချင်းမှာ အများကြီးမလုပ်ဘဲ ဖြည်းဖြည်းချင်း စသင့်ပါတယ်။

၅။ အရည်များများသောက်ပါ။

အထူးသဖြင့် ပူပြင်းတဲ့ရာသီမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ချွေးတွေ အများကြီးထွက် လေ့ရှိပါတယ်။ အဲဒီအခါမှာ ရေနဲ့ ဆားဓာတ်တွေ ဆုံးရှုံးရပြီး ကြွက်တက်ခြင်း၊ မူးဝေခြင်းတွေ ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ရေ နဲ့ ဓာတ်ဆားရည်တွေ များများ ပြန်လည်သောက်သုံးပေးဖို့က အရေးကြီးပါတယ်။

၆။ အဝတ်အစားကို သေသေချာချာရွေးချယ်ပါ။

ဒီလို ရာသီမှာ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်တော့ လုပ်တဲ့ အချိန်မှာ ဝတ်တဲ့အဝတ်အစားက အသားအေးပြီး ချောင်ချောင်လည်လည် အဝတ်အစားလေးတွေ ဖြစ်သင့်ပါတယ်။

ဒီလို ပူပြင်းတဲ့ နွေရာသီမှာ လူသားအားလုံး အန္တရာယ်ကင်းကြပါစေ။

ရေးသားသူ- Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးလေးဖက်နာရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ

သွေးလေးဖက်နာဟာ နာတာရှည်ရောဂါပါ။ နေထိုင်စားသောက်မှုပုံစံပြောင်းတာက ဆေးဝါးကုသမှုကို အထောက်အကူဖြစ်ပါတယ်။ ဒါ့ပြင် ရောဂါပြန်မကြွအောင် ကာကွယ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်ရင်သွေး ဘာလို့ အော့အန်နေတာလဲ? ဘယ်လိုဖြေရှင်းမလဲ?

ရင်သွေးလေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းပြချက်မရှိပဲ အော့အန်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပြာယာခတ်တတ်ကြတာ သဘောဝပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

ကိုယ့်ခန္ဓာကိုယ်ပေမဲ့ ကိုယ့်ရဲ့ အရေပြားအကြောင်း၊ အသားအရေအကြောင်း သင်ဒါတွေ သိပြီးသွားပြီလား။ အသားအရေ အကြောင်း ဒါတွေ သိပြီးရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ရေကူးနေရင်း ကြွက်တက် လာရင်

ကြွက်တက် ရေကူး ရေနစ် ဓာတ်ဆား ကြွက်သားတောင့်တင်း အကြောလျှော့ အရေးပေါ်အသက်ကယ်နည်း ဓာတ်ဆားရည် ရေနွေးအိတ်ကပ် သတိလစ် ရေကူးရင်းကြွက်တက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ရာသီလာချိန် မအီမသာဖြစ်တာကို သက်သာစေဖို့

ရာသီလာချိန် ဖျားချင်သလိုဖြစ်တာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read
ဘာကြောင့် ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာလဲ။

ဘာကြောင့် ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 3, 2020 . 2 mins read
သင့်ခန္ဓာကိုယ်မှာ ကြွက်သားတွေက ဘယ်လောက်အရေးပါသလဲ။

သင့်ခန္ဓာကိုယ်မှာ ကြွက်သားတွေက ဘယ်လောက်အရေးပါသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read