ခါးနာတာကို ဘယ်လိုကုသမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

ခါးနာဝေဒနာကိုခံစားနေရတဲ့အခါ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပြုလုပ်ရတာ အခက်အခဲရှိလာပါတယ်။ ဒီဝေဒနာခံစားနေရသူအများအပြားဟာ ပုံမှန်လှုပ်ရှားမှုတွေကို ကောင်းစွာ ပြုလုပ်နိုင်ခြင်းမရှိဘဲ လစဉ်ဆရာဝန်နဲ့သွားရောက်ပြသပြီး ကုသမှုတွေကိုခံယူရလေ့ရှိပါတယ်။ သင်ဝေဒနာခံစားနေရတာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်လောက်ထိဆိုးရွားသလဲ၊ တခြားလိုအပ်ချက်တွေရော ဘာတွေရှိသေးလဲ အစရှိတဲ့အချက်တွေပေါ်မူတည်ပြီး ခါးနာခြင်းကိုကုသမယ့်နည်းလမ်းတွေ ကွာခြားပါလိမ့်မယ်။ နာတာရှည်ခါးနာခြင်းအတွက် အသုံးဝင်ထိရောက်မယ့် ကုသမှုနည်းလမ်းတချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။

ဆေးဝါးကုသမှုများ

ခါးနာဝေဒနာရှင်အများစုနဲ့ သင့်တော်တဲ့ပထမဆုံးကုသမှုနည်းလမ်းကတော့ ဆေးသောက်ခြင်းပဲ ဖြစ်ပါတယ်။ စစချင်းမှာ ဆရာဝန်ဆေးစာမလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေကိုသုံးစွဲနိုင်ပြီး မသက်သာဘဲပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားရောက်ပြသပြီး ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ခါးနာခြင်းအတွက် အသုံးပြုတဲ့ဆေးတွေကတော့-
• ပါရာစီတမောလိုမျိုး အလွယ်တကူဝယ်ယူနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ဒါမှမဟုတ် naproxen sodium၊ ibuprofen တို့လိုမျိုး စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲခြင်းအားဖြင့် လတ်တလောခါးနာခြင်းကို သက်သာစေပါလိမ့်မယ်။
• ကြွက်သားတွေကိုဖြေလျှော့ပေးနိုင်တဲ့ ဆေးတွေဟာလည်း နောက်ကျောအတန်အသင့်နာကျင်ခြင်းကို သက်သာစေနိုင်မှာဖြစ်ပြီး ငိုက်မျည်းတာကိုတော့ ဖြစ်စေနိုင်ပါတယ်။
• အကိုက်အခဲပျောက်ခရင်မ်၊ ဂျဲလ်၊ အရည်စတာတွေကိုလည်း နာကျင်တဲ့နေရာပေါ် အသာအယာပွတ်သပ်လိမ်းပေးနိုင်ပါတယ်။
• codeine ဒါမှမဟုတ် hydrocodone အစရှိတဲ့ (စွဲလမ်းစေတတ်သော) အကိုက်အခဲပျောက်ဆေးအပြင်းစားတွေကိုလည်း ဆရာဝန်ရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ကာလတိုသုံးစွဲနိုင်ပါတယ်။
• ricyclic antidepressants, amitriptyline စတဲ့ စိတ်ကျရောဂါပျောက်ဆေးတွေဟာလည်း ကာလရှည်နောက်ကျောနာကျင်ခြင်းအချို့ကို သက်သာစေတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။
• ထိုးဆေးများ။ ။ အာရုံကြောအမြစ်တွေထဲကို ကော်တီဆုန်းထိုးဆေးထိုးသွင်းခြင်းဟာလည်း ရောင်ရမ်းနာကျင်မှုတွေကိုသက်သာစေတယ်ဆိုပေမယ့် ဒီအာနိသင်ဟာ လအနည်းငယ်ပဲ ခံလေ့ရှိပါတယ်။

အခြားသော ကုသမှုနည်းလမ်းများ

နာတာရှည်ခါးနာခြင်းအတွက် ဆေးဝါးကုသခြင်းအပြင် နာကျင်မှုကို သဘာဝအတိုင်းထိရောက်စွာကုသပေးနိုင်တဲ့ နည်းလမ်းတွေကိုလည်း ဆရာဝန်တွေအနေနဲ့ညွှန်ကြားလေ့ရှိပါတယ်။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း ။ ။ သင့်ဆရာဝန်အနေနဲ့ သင့်ကိုအရည်အချင်းပြည့်ဝတဲ့ ဆရာဆီလမ်းညွှန်ပေးမှာဖြစ်ပြီး အဆိုပါဆရာအနေနဲ့သင့်ကြွက်သားတွေသန်မာလာပြီး ကိုယ်နေဟန်ထား တိုးတက်မှန်ကန်လာစေဖို့လေ့ကျင့်ခန်းတွေကို သင်ကြားပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
• လှုပ်ရှားမှုကို ပိုမိုအဆင်ပြေအောင်လေ့ကျင့်ပေးတာ၊ နှိပ်နယ်ပေးတာစတဲ့ ကုသမှုတွေကိုလည်း ကျွမ်းကျင်သူတွေအကူအညီနဲ့ဆောင်ရွက်နိုင်ပါတယ်။
• အပ်စိုက်ခြင်း ။ ။ ခန္ဓါကိုယ်ရဲ့နေရာအနှံ့အပြားကို အပ်အသေးလေးတွေနဲ့စိုက်ပြီးကုသခြင်းဟာလည်း နောက်ကျောနာကျင်မှုကို သက်သာစေနိုင်တယ်ဆိုတာသိရှိခဲ့ကြပြီး ဖြစ်ပါတယ်။
• လျှပ်စစ်ဓါတ်အသုံးပြုပြီး ကုသခြင်း။ ။ အာရုံငါးပါးခံစားမှုကို ထိန်းချုပ်ထားတဲ့အာရုံကြောစနစ်ကို လျှပ်စစ်ဓါတ်ဗို့အားအနည်းငယ်ပေးပြီး ကုသခြင်းဟာလည်း နောက်ကျောနာကျင်ကိုက်ခဲမှုကို သက်သာလျော့ပါးစေနိုင်ပါတယ်။
• အရေပြားအပေါ်ယံလွှာကို အပူဓါတ်သို့မဟုတ်အအေးဓါတ်ပေးပြီး ကုသခြင်း ။ ။ ရေခဲကပ်တာ၊ ရေနွေးကပ်တာ၊ diathermyလို့ခေါ်တဲ့ အပူဓါတ်ပေးပြီး ကုသတာစတဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။
• အမူအကျင့်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများ။ ။ Cognitive therapy လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာကုထုံးတွေကို အသုံးပြုပြီး နာကျင်ခြင်းသက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
• လေ့ကျင့်ခန်းလုပ်ခြင်း။ ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေကိုဆွဲဆန့်ဖြေလျှော့ပေးနိုင်ပြီး သန်မာစေတဲ့အပြင် ယောဂလိုလေ့ကျင့်ခန်းတွေပြုလုပ်ပေးမယ်ဆိုရင် ကိုယ်နေဟန်ထားကိုပါ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို ပိုဆိုးလာစေမယ်ဆိုရင်တော့ တချို့လေ့ကျင့်ခန်းတွေကိုရှောင်ကျဉ်တာ ဒါမှမဟုတ် မိမိနဲ့ကိုက်ညီအောင်မွမ်းမံတာမျိုး လုပ်ပေးရပါမယ်။

ခွဲစိတ်ကုသခြင်းများ

အထက်မှာဖော်ပြခဲ့တဲ့ ကုသမှုနည်းလမ်းတွေနဲ့မသက်သာတာ ဒါမှမဟုတ် ပိုဆိုးလာတာမျိုးတွေအတွက် ခွဲစိတ်မှုကို ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်လေ့ရှိတဲ့ ခွဲစိတ်မှုနှစ်မျိုးကတော့
• ကျောရိုးဆစ်ကြား အချပ်ပြားဖယ်ထုတ်ခြင်း ။ ။ အနီးတဝိုက်ရှိ အာရုံကြောတွေကိုဖိနေတာကနေ သက်သာရာရစေဖို့အတွက် ကျောရိုးဆစ်နှစ်ခုအကြားထဲက အဆစ်ခွေအချပ်ပြားရဲ့တစိတ်တပိုင်းကို ဖြတ်ထုတ်ရပါမယ်။
• ကျောရိုးဆစ်ဖြတ်ထုတ်ခြင်း ။ ။ ပင်မကျောရိုးကြီးတည်ငြိမ်မှုရရှိပြီး နာကျင်တာတွေကို သက်သာစေဖို့အတွက်နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ကျောရိုးဆစ်တွေကို ဖြတ်ထုတ်ခြင်းပဲ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ ခွဲစိတ်မှုတွေဟာ ပင်မကျောရိုးကြီးထဲမှာရှိတဲ့ အာရုံကြောတွေအပေါ်ဖိနှိပ်ထားမှုကို ဖယ်ရှားပေးပြီး နာကျင်မှုတွေကိုသက်သာစေတာ ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ ရာနှုန်းပြည့်အောင်မြင်မှုရှိချင်မှရှိမှာဖြစ်ပြီး အခြားသောဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အဆိုပါခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ပတ်သက်လို့ခွဲစိတ်မှုမပြုလုပ်မီ သင့်ခွဲစိတ်ဆရာဝန်နဲ့သေချာစွာတိုင်ပင်ဆွေးနွေးရမှာပဲ ဖြစ်ပါတယ်။

ခါးနာခြင်းကို ဘယ်လိုကာကွယ်မလဲ။

ကျန်းမာရေးနဲ့သင့်လျော်ညီညွတ်တဲ့နေထိုင်မှုပုံစံအတိုင်း နေထိုင်ခြင်းဟာ အကောင်းဆုံးသောကာကွယ်မှု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ခံနိုင်ရည်နဲ့ခွန်အားကို မြှင့်တင်ပေးနိုင်ပြီးကြွက်သားတွေကိုလည်း ပိုပြီးထိထိရောက်ရောက်အလုပ်လုပ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို သင့်တော်မျှတတဲ့ပမာဏအတိုင်းအတာထဲမှာပဲ ရှိနေအောင်ထိန်းထားဖို့ကလည်း အရေးကြီးပါတယ်။ အဝလွန်ခြင်းဟာ နောက်ကျောကြွက်သားတွေကို ဒါဏ်ပိုဖြစ်စေတဲ့အတွက် ခါးနာခြင်းကိုကာကွယ်ဖို့အတွက် သင့်အနေနဲ့အဝလွန်နေပြီလို့ထင်ရင် ကိုယ်အလေးချိန်ချဖို့အမြန်ဆုံးကြိုးစားရပါမယ်။ မူမမှန်တဲ့အနေအထားနဲ့အချိန်ကြာကြာမတ်တပ်ရပ်တာ၊ ထိုင်တာ ဒါမှမဟုတ် အလေးအပင်တွေကိုမကြာခဏ‘မ’တာတွေဟာ ကျောရိုးကိုဒါဏ်ဖြစ်စေတဲ့အတွက် နောက်ကျောနာကျင်ခြင်းကို ခံစားရစေနိုင်ပါတယ်။ မှန်ကန်သင့်တော်တဲ့ဖိနပ်စီးတာ ဒါမှမဟုတ် အချိန်ကြာကြာထိုင်ရတော့မယ်ဆိုရင် ကျောမှီနဲ့ထိုင်တာ အစရှိတဲ့အချက်လေးတွေကို လိုက်နာကျင့်သုံးပေးရပါမယ်။ ဒီအချက်လေးတွေကိုပေါင်းစပ်လိုက်နာပေးမယ်ဆိုရင်တော့ သင့်အနေနဲ့နဂိုမူလအတိုင်းတဖန်ပြန်ပြီး လှုပ်ရှားသွားလာနိုင်မှာပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က သင်ချမှတ်ထားတဲ့အစီအမံအတိုင်း တသွေမတိမ်းလိုက်နာဖို့ပဲ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဒီပရက်ရှင် ဝင်တာ ဂုဏ်ယူစရာ မဟုတ်ပါ

စိတ်ကျ စိတ်ဓာတ်ကျ ဒီပရက်ရှင် စိတ်ဖိစီးမှု လက္ခဏာ နောက်ဆက်တွဲ ပြဿနာ စိတ်ကျန်းမာရေး ဝမ်းနည်း အထီးကျန် အဆုံးစီရင် အန္တရာယ် ကုသမှု အားပေးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အီလက်ထရောနစ်ပစ္စည်းတွေဟာ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ

ဆယ်ကျော်သက်တွေ အသိဉာဏ်ဖွံ့ဖြိုးမှု စိတ်ဆတ်လွယ် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု လူမှုရေးပိုင်း ကျန်းမာရေးပြဿနာတွေ မျက်စိထိခိုက်ခြင်း ဇက်ကြောတက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကလေး ခြေထောက်ခွင် နေတာ ပြင်ပေးလို့ရလား

ခြေထောက်ခွင် ကလေးကျန်းမာရေး ဖွံ့ဖြိုးမှု အရိုးဖွံ့ဖြိုးမှု အရိုးအဆစ် ခြေထောက် လမ်းလျှောက် ကုသမှု အကြောင်းရင်း ပြုစုစောင့်ရှောက်မှု မိဘများအတွက် လမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

စအိုကွဲခြင်း (Anal Fissure) အကြောင်း သိထားသင့်သမျှ

စအို ဝမ်းသွား ဝမ်းချုပ် မစင် အညစ်အကြေး လိင်ဆက်ဆံ ကိုယ်ဝန်ဆောင် သွေးဝမ်း နာကျင်မှု လိမ်းဆေး အိမ်တွင်းကုထုံး ကုသမှု စအိုကွဲ အမျှင်ဓာတ် ဝမ်းပျော့ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read
နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read
အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံးကုသသင့်ပါတယ်

အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံးကုသသင့်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 1 min read
ဘူနီယွန် ကြောင့် ခြေမအဆစ်ရောင်ရမ်းကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း (၅) ခု

ဘူနီယွန် ကြောင့် ခြေမအဆစ်ရောင်ရမ်းကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း (၅) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 15, 2020 . 2 mins read