ဗိုက်အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒါတွေ လုံးဝမလုပ်မိပါစေနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 14, 2020
Share now

သွယ်လျကျစ်လျစ်တဲ့ ကိုယ်ခန္ဓာတစ်ခု ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာတစ်ခုမှာ ပြားချပ်ချပ်ဗိုက်ကလေးက ရေးအကြီးဆုံးမလား။ ဘယ်လောက်ပဲ ပိန်နေနေ ဗိုက်ကလေးမှာ အဆီစုနေရင် လုံးဝ ကြည့်မကောင်းဘူးလေ။ ပြီးတော့ လူတစ်ယောက်စပြီး ဝလာပြီဆိုတာနဲ့ ဗိုက်ကစထွက်လာတာမလား။ ဒီတော့ ကိုယ်ခန္ဓာအလှကိုဖျက်ဆီးနေတဲ့ ပူနေတဲ့ ဗိုက်ကို နည်းမျိုးစုံနဲ့ ကြိုးစားချကြတယ်လေ။ ဒီလို ဗိုက်အဆီချတဲ့နေရမှာ လေ့ကျင့်ခန်းလုပ် အ စားလျှော့ရုံနဲ့တင် မပြီးသေးပါဘူး။ ခုပြောမယ့် အမှားတွေ မသိလိုက်ဘဲ လုပ်နေတာမျိုး မဖြစ်ဖို့တော့ လိုပါတယ်။

ဒီတော့ ကိုယ်ကြိုးစားသမျှ အရာထင်စေဖို့အတွက် လူတိုင်းလုပ်နေမိတတ်တဲ့ အမှားလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။

( ၁ ) ဗိုက်အဆီချစေဖို့ အိပ်ထမတင် တစ်မျိုးတည်း ဇောက်ချလုပ်ခြင်း။

အိပ်ထမတင်လေ့ကျင့်ခန်းဟာ ဗိုက်ကြွက်သားတွေကို အားသန်စေပြီး ဗိုက်အဆီကိုကျစေတဲ့ လေ့ကျင့်ခန်းဆိုမှန်ပေမယ့် သူတစ်မျိုးတည်းလုပ်ပြီး အခြား cardio လေ့ကျင့်ခန်းတွေ မလုပ်ဘဲနေရင်တော့ အချိန်တိုအတွင်း အဆီကျနိုင် မှာမဟုတ်ပါဘူး။

( ၂ ) အိပ်ချိန်နည်းလွန်းခြင်း။

အိပ်ချိန်နည်းလွန်းတဲ့အခါ ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်ကုန်ပြီး သွေးတွင်းသကြားဓာတ်တွေများလာမယ့်အပြင် ဗိုက်ဆာစေတဲ့ စင်တာကိုလည်းသွားလှုံ့ဆော်ပြီး ghrelin နဲ့ leptin ဟော်မုန်းတွေ ထွက်လာတာကြောင့် အစားစားချင်စိတ်တွေ ပိုဖြစ်နေတတ်ပြီး အဆီစုခြင်းကို အားပေသလိုဖြစ်နေပါလိမ့်မယ်။

( ၃ ) HIIT (high-intensity interval training) မလုပ်ခြင်း။

HIIT (high-intensity interval training) ကိုအားလုံးကြားဖူးကြမှာပါ။အချိန်ပိုင်းနဲ့ ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်တဲ့ ဒီ HIIT လေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရှိတဲ့ ကယ်လိုရီတွေကို တစ်ဆုံးလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းအမျိုးအစာပါ။ လုပ်ရတာ ပင်ပန်းလွန်းတာကြောင့် တစ်ချို့ ဒီ HIIT ကို မလုပ်ဘဲကျော်သွားခဲံရင် ဗိုက်အဆီကျဖို့ ပိုပြီးခက်ခက်ခဲခဲ လုပ်ရပါလိမ့်မယ်။

( ၄) ဗိုက်အဆီကျစေချင်တဲ့ ဇောနဲ့ အဆီနည်းတဲ့ အစားအစာတွေချည်းပဲ ရွေးစားတာ။

အဆီနည်းတဲ့ အစားအစားတော်တေ်ာများများက အဆီထုတ်ထားပြီး စားကောင်းအောင် သကြားနဲ့ အခြား အရသာမှုန့်တွေ ထည့်ထားတာများတဲ့အတွက် သူတို့ချည်းအားကိုးစားလို့ မရပါဘူး။ ဒီတော့ အဆင်သင့် အဆီထုတ်ထားတဲ့ အစားအစာတွေအစား ထောပတ်သီး၊ အစေ့အဆံ၊ သံလွင်ဆီ အဆီများတဲ့ငါးတွေနဲ့ ကြက်ဥအနှစ်တို့လိုမျိုး သဘာဝ အစားအစာတွေ ရွေးစားပါ။

( ၅ ) စိတ်ဖိစီးမှု ပြေလျော့အောင် မနေခြင်း။

စိတ်ဖိစီးမှုဟယ အဝလွန်စေတဲ့ပြဿနာ၊ ဗိုက်မှာအဆီစုစေတဲ့ပြဿနာနဲ့ အခြားကျန်းမာရေးပြဿနာအားလုံးရဲ့ အသံတိတ်လူသတ်သမားလို့တောင် ပြောလို့ရပါတယ်။ စိတ်ဖိစီးမှုများလေလေ ခါးတစ်ဝိုက်အဆီတက်အောင် လှုံဆော်တဲ့ cortisol ဟော်မုန်းထွက်လာလေလေဖြစ်ပြီး ပိုပိုဝလာမှာပဲ ဖြစ်ပါတယ်။

( ၆ ) ကယ်လိုရီ အလွန်အကျွံလျှော့စားတာ။

ကယ်လိုရီ လျှော့စားလွန်းတာ၊ အစားအငတ်ခံတာ စတာတွေ ပိန်စေတဲ့ အချက်စေမယ့် အချက်တွေလို့ထင်ရပေမယ့် ဘာကယ်လိုရီမှ မဝင်တာကြာလာတဲ့အခါ ကိုယ်ခန္ဓာမှာ ‘starvation state,’ လို့ခေါ်တဲ့ အဆင့်တစ်ခုကိုရောက်သွားပါတယ်။ ဒီအဆင့်ရောက်သွားပြီဆိုရင် ကိုယ်ခန္ဓာက စွမ်းအင်ထုတ်ဖို့အတွက် ကုန်ကြမ်းမရှိတော့မှာစိုးလို့ ဘာပဲစားစား အဆီအဖြစ်စုထားတဲ အခြေအနေကိုရောက်သွားပါတော့တယ်

( ၇ ) အဆီကျဆေးတွေနဲ့ အဆီကျခါးပတ်တွေ အပေါ် မှီခိုလွန်းတာ။

လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး ပိန်ချင်တဲ့သူတွေ အတွက် အဆီကျဆေးတွေကတော့ အားကိုးစရာ ဆရာတစ်ဆူပါပဲ။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာရှိသေးတယ်လေ။ သဘာဝ အတိုင်းမဟုတ်တဲ့ ဘယ်အရာမှာ ကောင်းတာမရှိတဲ့အတွက် ဗိုက်အဆီချဖို့ ဆေးတွေချည်းအားကိုးနေရင်လည်း မသင့်တော်ပါဘူး။

( ၈ ) လုံလောက်တဲ့ ပရိုတင်းဓာတ်တွေမစားတာ။

ပရိုတင်း အသားဓာတ်မှာ ကယ်လိုရီတွေပါတယ်ဆိုပေမယ့် သူကနေ အဆီဖြစ်တာမဟုတ်ဘဲ ကြွက်သားတက်အောင်အားပေးတဲ့အရာဖြစ်တာကြောင့် အဆီကျပြီး ကြွက်သားလေးနဲ့ ကျစ်လစ်တဲ့ ဗိုက်လှလှလေးရဖို့ လုံလောက်တဲ့ ပရိုတင်းတွေ စားပေးဖို့ အရေးကြီးပါတယ် ။ ။
ဒါတွေကတော့ ဗိုက်အဆီကျစေဖို့ အားတက်သရော် လုပ်နေကြသူတိုင်း မှားလုပ်မိနေတတ်ကြတဲ့ အရာလေးတွေဖြစ်ပါတယ်။ အရင်ကမသိခဲ့လို့လုပ်ခဲ့ပေမယ့် ခုသိသွားပြီဆိုတော့ ဒီမှားတတ်တဲ့အကျင့်လေးတွေ ကို ပြင်၊ ထိရောက်တဲ့လေ့ကျင့်ခန်းလည်းလုပ် အစားလည်း ဆင်ခြင်မယ်ဆိုရင် စိတ်ကူးထဲကအတိုင်း လှပချပ်ရပ်တဲံကိုယ်ခန္ဓာ တစ်ခု ပိုင်ဆိုင်နိုင်မှာ အသေအချာပါနော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့် သွားနဲ့ ခံတွင်းကို ထိခိုက်နိုင်ပါတယ်

စိတ်ဖိစီးမှု၊ သွားနဲ့ခံတွင်း၊ လေ့ကျင့်ခန်း၊ ကော်ဖီ ၊လက်ဖက်ရည်၊ Relaxation၊ ယောဂလေ့ကျင့်ခန်း၊ တရားထိုင်၊ နှိပ်နယ်၊ အိပ်စက်၊ ခံတွင်းနံ့ဆိုး၊ သွားဖုံးသွေးယို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ကိုယ်လက်လှုပ်ရှားမှု ခန္ဓာကိုယ် ဦးနှောက်နဲ့အာရုံကြော သားသားမီးမီး လေ့ကျင့်ခန်း နှလုံး နှလုံး ကြွက်သား သွေးကြောပိတ်ဆို့မှု ခန္ဓာကိုယ် လေဖြတ် အဆုတ် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ကျန်းမာရေး စိုထိုင်းဆ ရာသီဥတု စိတ်ဖိစီးမှု စိတ်ဓာတ်ကျ ဖျော်ရည် အရိုး ကယ်လ်ဆီယမ် အရိုးပွ ကင်ဆာ အသားအရေ အစာကြေ ကျန်းမာရေးပြဿနာ အစာခြေစနစ် အမျှင်ဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်ကလေးကို စာကြည့်စားပွဲမှာ တစ်ချိန်လုံးထိုင်ကာ စာကြည့်ခိုင်းတော့မှာလား။ အန္တရာယ်များလှပါတယ်နော်

အာရုံစူးစိုက် စာကျက်နေမယ် ကျန်းမာရေး ဆိုးကျိုး တစ်ကိုယ်ရေ သန့်ရှင်းရေး ကိုယ်လက်လှုပ်ရှား စိတ်ဖိစီးမှု ရေကူး လူကြီးတွေ အလေ့အကျင့်ကောင်းတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အစားအသောက် တွေကို အလွန်အကျွံစားမယ်ဆိုရင်

အစားအသောက် တွေကို အလွန်အကျွံစားမယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020
ပဲသီးလေး နဲ့ ကျန်းမာရေး

ပဲသီးလေး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020

စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020