ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 17, 2020 . 2 mins read
Share now

လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတွေပါပဲ။ ကြွက်သားဆိုတာ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာမှုတွေမှာ အထောက်အကူပြုတဲ့အရာတွေဖြစ်ပါတယ်။

ဒီကြွက်သားထုတွေထဲမှာမှ ခြေသလုံးကြွက်သားဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်မျိုးပါပဲ။ ဒူးအောက်ဘက် ခြေထောက်နောက်ကျောဘက်မှာ တည်ရှိနေတဲ့ကြွက်သားအစုအဖွဲ့ကို ခြေသလုံးကြွက်သားလို့ ခေါ်ကြပါတယ်။

ဒီကြွက်သားတွေက လူတွေ လမ်းလျှောက်နိုင်ဖို့နဲ့ လှုပ်ရှားပြေးလွှားနိုင်ဖို့ အဓိကအကျဆုံး အစိတ်အပိုင်းတွေပါပဲ။ တစ်ခါတစ်ရံမှာ ဒီကြွက်သားတွေ နာကျင်နေတာမျိုး သင်တို့ကြုံဆုံရနိုင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ခြေသလုံးကြွက်သားတွေ နာကျင်နေနိုင်ပြီး သာမန်ပြဿနာလေးကနေ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာကြီးတွေအထိ အမျိုးမျိုးလည်း ဖြစ်နိုင်ခြေရှိထားပါတယ်။ ဒါကြောင့် ခြေသလုံးကြွက်သားနာကျင်တယ်ဆိုရင် ဘယ်လိုအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

  • ကြွက်တက်ခြင်း – ခြေသလုံးကြွက်သားနာကျင်ရာမှာ ဖြစ်နိုင်ခြေအများဆုံးကိစ္စဖြစ်ပြီး လူတိုင်းနီးပါး ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ ခြေထောက်ကို အနေအထားတစ်မျိုးတည်းနဲ့ အကြားကြီးနေနေမိတာမျိုး၊ ရေလုံလောက်အောင် မသောက်မိတာမျိုးတွေကြောင့် ကြွက်တက်နိုင်ပါတယ်။
  • အားစိုက်လွန်းခြင်း – ကြွက်သားတွေကို အားစိုက်ပြီး အသုံးချလွန်းရင် ပင်ပန်းနွမ်းနယ်မှုဖြစ်ပြီး နာကျင်လာတတ်ပါတယ်။ ဒါကလည်း အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ အရမ်းဆိုးရွားရင် ကြွက်သားစုတ်ပြဲတာမျိုးဖြစ်နိုင်ပါတယ်။
  • ဖနောင့်ကြောထိခိုက်ခြင်း – ဖနောင့်မှာ ထိခိုက်တာ ဆိုပေမယ့် ခြေသလုံးကြွက်သားပါ နာကျင်လာနိုင်ပါတယ်။ ဒီနှစ်ခုက ဆက်စပ်မှုရှိနေတာကိုး။ ဒီဝေဒနာခံစားရရင်တော့ အလွန်အမင်းနာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။
  • Baker’s Cyst (ဘေကာအရည်အိတ်) – Baker’s Cyst ဆိုတာ ဒူးထဲမှာ အရည်အိတ်တည်တာပါ။ Baker’s Cyst ကြောင့်လည်း ခြေသုံးကြွက်သားတွေကို နာကျင်စေမှာဖြစ်ပါတယ်။
  • Sciatica – Sciatica က ခန္ဓာကိုယ်ထဲက အကြီးဆုံး အာရုံကြောပါ။ နောက်ကျောဘက်မှာ တည်ရှိနေပါတယ်။ တကယ်လို့ ဒီအာရုံကြောမှာ ပြဿနာရှိရင် ခြေထောက်နှစ်ဘက်လုံး နာကျင်လာနိုင်ပါတယ်။ များသောအားဖြင့်တော့ မိနစ် ၂၀ လောက် ရေခဲအိတ်ကပ်ပေးရင် အဆင်ပြေနိုင်ပါတယ်။
  • Chronic Compartment Syndrome – ခြေထောက်ဆိုတာက ကြွက်သားတွေ၊ သွေးကြောတွေ၊ အာရုံကြောတွေနဲ့ စုဖွဲ့ဖန်တီးထားတာပါ။ အလွန်အမင်း မရပ်မနား ပြေးတာလိုမျိုး ပြင်းထန်လွန်းတဲ့ကိစ္စမျိုးတွေပြုလုပ်မိခဲ့ရင် ခြေထောက်အတွင်းမှာ သွေးယိုစီးတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်မှာ Chronic Compartment Syndrome ရှိနေမယ်ဆိုရင် သွေးစီးဆင်းမှုဖောက်လွဲဖောက်ပြန်မှုကြောင့် နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။
  • သွေးပြန်ကြောထုံးခြင်း – လမ်းအရမ်းလျှောက်တဲ့သူတွေ၊ အကြာကြီးထိုင်ရတဲ့သူတွေဟာ သွေးပြန်ကြောထုံးတတ်တဲ့ပြဿနာ ကြုံရတတ်ပါတယ်။ ဒီပြဿနာကြောင့်လည်း ကြွက်သားနာကျင်နိုင်တာကို မမေ့ပါနဲ့။
  • Deep Vein Thrombosis (DVT) – Deep Vein Thrombosis ဆိုတာက သွေးပြန်ကြော သွေးခဲပိတ်တဲ့ ဝေဒနာဖြစ်ပါတယ်။ ခြေထောက်နာကျင်ပြီး ပူနေတတ်ပါတယ်။ ခြေထောက်အရေပြားတွေလည်း နီနေတတ်ပါတယ်။ ဒီဝေဒနာကြောင့် ခြေသလုံးသာမက ခြေချောင်းတစ်ခုလုံးနာကျင်နေနိုင်ပါတယ်။
  • အရိုးမှာ ကူးစက်ပိုးဝင်ခြင်း – ခြေထောက်အရိုးမှာ ကူးစက်ရောဂါတစ်ခုခုစွဲကပ်ရင်လည်း ကြွက်သားနာကျင်နိုင်ပါတယ်။ ဒီပြဿနာကတော့ အမြန်ဆုံးဆေးဝါးကုသမှုလိုအပ်တဲ့ ပြဿနာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ

Pepper Spray နဲ့ ဖြန်းမိတဲ့အခါ ဘာတွေ လုပ်ရမလဲ။ ဆေးခန်းပဲ ပြေးရမလား။ အိမ်မှာပဲ သက်သာအောင် လုပ်လို့ ရမလား။ ဘာတွေ ဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read