တစ်နေ့တာမှာ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D ကိုပြည့်ဝလုံလောက်စွာ စားသုံးမယ်ဆိုရင် အရိုးနဲ့ ကြွက်သားတွေ သန်မာစေမှာပါ။ နောက်တစ်ခုက လှုပ်ရှားရအဆင်ပြေပြီး အဆစ်တွေ ကျန်းမာနေစေဖို့နဲ့ ကြွက်တက်တာလိုမျိုး ကြွက်သားပြဿနာတွေ ကင်းစေဖို့ ရေဓာတ်ပြည့်ဝအောင် နေဖို့ပါ။ နေ့စဉ် ရေကူးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ နဲ့ ယောဂလေ့ကျင့်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ပေးပါ။
စားစရာတစ်ခုခု ဝယ်တော့မယ်ဆိုတိုင်း အညွှန်းကို သေချာဖတ်ပါ။ အခုနောက်ပိုင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတွေပြည့်စုံစေဖို့ အချို့သောအစားအစာတွေဖြစ်ကြတဲ့ cereals၊ ပေါင်မုန့်၊ လိမ္မော်ရည်၊ နို့ စတာတွေမှာ ဗီတာမင် D ဖြည့်စွက်ထားပါတယ်။ ဒီ အစားအစာတွေကိုရွေးချယ်စားသုံးတာက အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့ အားဖြည့်ပေးရာ ရောက်မှာပါ။
အစားအစာတစ်ခုခုကို ဝယ်ယူခါနီးတိုင်း ပါဝင်ပစ္စည်းတွေကို သေချာစစ်ပါ။ အစာလည်းဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်းပေါ့။ ဥပမာ – လူတော်တော်များများက ဒိန်ချဉ်က ကျန်းမာရေးနဲ့ညီညွတ်တယ်၊ လို့ လက်ခံထားကြတယ်။ ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတဲ့ ဒိန်ချဉ်က အဆီပါဝင်မှုနည်းပြီး အချိုဖြည့်စွက်ထားတာမျိုး မရှိတာပါ။ ဒိန်ချဉ်ကို သကြားပါတာစားမယ်ဆိုရင် အရသာရှိတာမှန်ပေမယ့် သကြား ဒိန်ချဉ်မှာပါတဲ့ ကယ်လ်ဆီယမ်ပမာဏကို ကျဆင်းသွားစေပါတယ်။
နောက်တစ်ချက်က လတ်ဆတ်မှုပါ တာရှည်ခံအောင်လုပ်ထားတဲ့ အသင့်ထုတ်ပိုးထားတဲ့ စားစရာတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တာရှည်ခံပစ္စည်းတွေ၊ အရသာကဲစေတဲ့ ဓာတုပစ္စည်းတွေ၊ သကြားနဲ့ ဆိုဒီယမ်တွေ ပါဝင်နေပါတယ်။ ဒါတွေက အစားအစာကို အရသာတိုးစေတ မှန်ပေမယ့် အရိုးသိပ်သည်းဆကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစားအစာတွေ ရွေးချယ်တဲ့အခါ အာဟာရပြည့်ဝပြီး လတ်ဆတ်တာမျိုးကို ရွေးချယ်ပေးပါ။
ဒါတွေကို လျှော့စားပါ
မနက်ခင်းမှာ ကော်ဖီ ဆိမ့်ဆိမ့်လေးက အရသာရှိတာမှန်ပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အရိုးနဲ့ ကြွက်သားတွေအတွက် အထောက်အကူမပြုပါဘူး။ ကဖင်းများတာက ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကို ထိခိုက်စေနိုင်ပါတယ်။ မဖြစ်မနေ ကော်ဖီသောက်ချင်တယ် ဆိုရင်တောင်မှ တစ်နေ့ကို တစ်ခွက်ပဲသောက်ပါ။ ကော်ဖီအစား သကြားမပါတဲ့ carbonated water ကို သောက်သုံးပေးပါ။
စီးကရက်၊ အရက် နဲ့ အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေက အရိုးနဲ့ ကြွက်သားတင်မက ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများကို ထိခိုက်စေပြီး ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်တာကြောင့် ဖြစ်နိုင်ရင် လုံးဝ ဖြတ်စေချင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။