ကျောက်ကပ်မှာရေအိတ်တည်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကျောက်ကပ်မှာရေအိတ်တည်တယ်ဆိုတာ ကျောက်ကပ်တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ အရည်တွေနဲ့ ပြည့်နေတဲ့ အိတ်တစ်ခု ဒါမှမဟုတ် ဒီ့ထက်ပိုရှိနေတာကိုဆိုလိုတာပါ။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပေးတဲ့ ပဲစေ့ပုံစံရှိတဲ့ အစိတ်အပိုင်းတွေပါ။

ဘယ်နှစ်မျိူးရှိလဲ

ယေဘုယျအားဖြင့် ကျောက်ကပ်မှာ ရေအိတ်တည်ခြင်းနှစ်မျိူးရှိပါတယ်။ ရိုးရိုးရေအိတ်တည်ခြင်းနဲ့ polycystic kidney disease လို့ခေါ်တဲ့ မျိူးရိုးနဲ့ဆိုင်တဲ့ရေအိတ်တည်ခင်း တို့ဖြစ်ပါတယ်။ ရေအိတ်တွေရဲ့ နံရံတွေဟာ ခပ်ပါးပါးဖြစ်တာများပြီးရေလိုအရည်တွေပါဝင်ပါတယ်။ ရိုးရိုးအိတ်တွေဟာ ကျောက်ကပ်ကို ဒါမှမဟုတ် ကျောက်ကပ်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မထိခိုက်စေပါဘူး။ဒါပေမယ့် PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ ကြီးလာတာနဲ့အမျှ ကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ်။ ရေအိတ်တွေဟာ များသောအားဖြင့် အန္တရာယ်မရှိပါဘူး။ လက္ခဏာလဲမပြတတ်ဘဲ အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ပျူတာဓာတ်မှန်ရိုက်မိရင်းနဲ့မှ တွေ့ရတတ်တာမျိူးလဲရှိပါတယ်။

 ကျောက်ကပ်ရေအိတ်ရဲ့အရွယ်အစား

 တချို့ကျောက်ကပ်ရေအိတ်တွေဟာ သေးလွန်းလို့ အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်ရတာမျိူးဖြစ်တတ်ပါတယ်။ တချိုကရေအိတ်တွေကတော့ တင်းနစ်ဘောလုံးအရွယ်လောက်ထိတောင် ကြီးတတ်ပါတယ်။ အရွယ်အစားကြီးလာတာနဲ့အမျှ ဘေးနားက ကိုယ်တွင်းအင်္ဂါတွေကိုဖိမိပြီး တာကျင်မှုခံစားရနိုင်ပါတယ်။

 ရောဂါလက္ခဏာတွေ

 ရိုးရိုးရေအိတ်တွေက ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမယ့် ရေအိတ်အရွယ်ကြီးလာရင် ဒါမှမဟုတ် ပိုးဝင်ရင် တော့ အောက်ဖော်ပြပါ လက္ခဏာတွေကြုံရနိုင်ပါတယ်။ ဖျားခြင်း ခါးနောက် ဒါမှမဟုတ် နံရိုးနဲ့ တင်ပဆုံကြားနာကျင်ခြင်း ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်ခြင်း ဗိုက်ဖောင်းခြင်း ဆီးခဏခဏသွားခြင်း ဆီးထဲသွေးပါခြင်း ဆီးအရောင်ရင့်ခြင်း ။ ဒါတွေအပြင် PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ သွေးတိုးခြင်း ဆီးထဲသွားပါခြင်းတို့လဲကြံုရနိုင်ပါတယ်။

 ဘာကြောင့်ဖြစ်ရသလဲ

 ကျောက်ကပ်ရေအိတ် ဘာလို့ဖြစ်ရသလဲဆိုတဲ့ အကြောင်းအရင်းတိတိကျကျကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေတော့ ရှိပါတယ်။ ကျောက်ကပ်မှာရှိတဲ့ သန်းပေါင်းများစွာသော ပြွန်ငယ်လေးတွေ ပိတ်ဆို့ရင် ယောင်ရင် အရည်တွေနဲ့ပြည့်ပြီး ရေအိတ်ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေနောက်တစ်ခုကတော့ ကျောက်ကပ်ပြွန်အားနည်းပြီး အိတ်တွေဖြစ်လာပြီးနောက် ရေတွေနဲ့ပြည့်ပြီး ရေအိတ်ဖြစ်လာတာပဲ ဖြစ်ပါတယ်။

အသက်အရွယ်နဲ့ ရေအိတ်ဖြစ်နှုန်းကလဲ ဆက်စပ်ပါတယ်။ အသက်လေးဆယ်သော လူတွေရဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းမှာ ရေအိတ်ရှိကြပြီး အသက်ငါးဆယ်ဆိုရင်တော့ တစ်ဝက်လောက်မှာ ကျောက်ကပ်ရေအိတ်ရှိကြပါတယ်။ အမျိူးသားတွေဟာ အမျိူးသမီးတွေထက် ကျောက်ကပ်ရေအိတ်ဖြစ်နိုင်ခြေပိုများပါတယ်။ PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ မျိူးရိုးကြောင့်ဖြစ်တတ်ပါတယ်။

 နောက်ဆက်တွဲဘာတွေဖြစ်မလဲ

များသောအားဖြင့် ကျောက်ကပ်ရေအိတ်တွေက ဘာပြသနာမှမရှိပါဘူး။ ဒါပေမယ့် တခါတရံမှာတော့ ရေအိတ်ကိုပိုးဝင်ခြင်း ရေအိတ်ပေါက်ထွက်ခြင်း ဆီးလမ်းကြောင်းကိုပိတ်ခြင်း သွေးတိုးခြင်း တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် PKD ဆိုရင်တော့ သတိထားဖို့လိုပါတယ်။

 ကျောက်ကပ်ရေအိတ်ရှိမှန်းဘယ်လိုသိမလဲ 

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ ဒါတွေလုပ်ဖို့လိုပါတယ်။

  •  ဆီးစစ်ခြင်း
  •  ကျောက်ကပ်အဆိပ်ဓာတ်စစ်ဆေးခြင်း
  •  ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
  • X Ray ရိုက်ခြင်း
  • သံလိုက်ဓာတ်မှန် MRI ၇ိုက်ခြင်း
  • အာလ်ထရာဆောင်းရိုက်ခြင်း။

ကုသမှုများ 

တကယ်လို့ရေအိတ်အရွယ်အစားသေးပြီး ဘာလက္ခဏာမှမပြဘူးဆိုရင် ဘာကုသမှုမှ ခံယူစရာမလိုပါဘူး။ ခြောက်လ ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ် ရေအိတ်အရွယ်အစားကြီးလာမလာစစ်ဆေးကြည့်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ရောဂါလက္ခဏာတွေလဲပြပြီး ရေအိတ်အရွယ်အစားကလဲ ကြီးမယ်ဆိုရင်တော့ ဆေးထိုးခြင်း ဒါမှမဟုတ် ခွဲစိတ်ခြင်းတွေနဲ့ ကုသရနိုင်ပါတယ်။

 ဆေးထိုးခြင်း Sclerotherapy 

Sclerotherapy ဆိုတာ အာလ်ထရာဆောင်းရဲ့ အကူအညီနဲ့ သင့်ကိုနာကျင်မှုမရှိအောင် ထုံဆေးထိုးပေးပါလိမ့်မယ်။ အဲဒီနောက် ဝမ်းဗိုက်အရေပြားကနေ ရေအိတ်ထဲကို အပ်နဲ့ ထိုးပြီး ရေအိတ်ထဲကအရည်တွေကို စုပ်ထုတ်ပါလိမ့်မယ်။ တခါတရံမှာတော့ ရေအိတ်နောက်ထပ်မဖြစ်ဖို့အတွက် ဆေးထိုးခဲ့တာမျိုးလဲရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အသေးစားခွဲစိတ်မှုသာဖြစ်ပြီး ဆေးရုံမှာရက်အကြာကြီးတက်စရာမလိုတဲ့ ကုသမှုမျိူးဖြစ်ပါတယ်။

ခွဲစိတ်ထုတ်ခြင်း 

အရမ်းကြီးတဲ့ရေအိတ်တွေဆိုရင်တော့ မေ့ဆေးပေးပြီး ရေအိတ်ကိုခွဲစိတ်ထုတ်ရနိုင်ပါတယ်။ တခါတရံမှာတော့ အပေါက်ငယ်ကလေးတွေဖောက်ပြီး laproscopic surgery လို့ခေါ်တဲ့ နည်းနဲ့ သေးငယ်တဲ့ ကိရိယာတွေကိုပဲသုံးပြီး ခွဲစိတ်ရာကြီးကြီးမကျန်တဲ့ နည်းနဲ့ခွဲစိတ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲခွဲခွဲ ရေအိတ်ရဲ့နံရံတွေကို ဖယ်ထုတ်ခြင်း ဒါမှမဟုတ် လောင်ကျွမ်းစေခြင်းနဲ့ ရေအိတ်ထဲကအရည်တွေကို ထုတ်ပစ်ပါလိမ့်မယ်။

PKD ကြောင့်မဟုတ်တဲ့ ရိုးရိုးရေအိတ်တွေဟာ ကြီးရင်တောင် ဆေးထိုးခြင်း ဒါမှမဟုတ် ခွဲစိတ်ခြင်းအားဖြင့် နောက်ဆက်တွဲဘာမှမခံစားရဘဲ သက်သာပျောက်ကင်းနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ ဆီးလမ်းကြောင်းပိုးဝင်ခဲ့ရင်…

ကိုဗစ် ဆီးလမ်းကြောင်းပိုးဝင် ဆီးအောင့် ရေသောက် ရေဓာတ် ဗီတာမင်စီ အချဉ်ဓာတ် အသီးအနှံ အထိုင်များ အကာအကွယ် ကြက်စွပ်ပြုတ် သစ်သီးဖျော်ရည် ဘက်တီးရီးယား ပိုးသတ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဓာတ်မတည့်စာ ဓာတ်မတည့်လက္ခဏာ မိဘမျိုးရိုး ကိုယ်ခံအားစနစ် အရေပြား အစားအစာ ကလေး ကြက်ဥ အစေ့အဆန် ပဲအမျိုးမျိုး ပင်လယ်စာ နွားနို့ အသက်ရှူကျပ် အင်ပျဉ် အရေးပေါ်ကုသ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ရေ ဘာကြောင့် သောက်ရတယ်။ ဒါတွေကြောင့်မို့ သောက်ရတယ်

“ရေများများသောက်ပါ” ကျွန်တော်တို့ ခဏခဏ တွေ့ဖူး၊ ကြားဖူးပါတယ်။ ဘာကြောင့် ရေသောက်သင့်တာလဲဆိုရင်တော့ အချက်အလက်နဲ့ ဖြေနိုင်မယ့် ရာနှုန်း နည်းသွားပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder တစ်မျိုးပါ။ မြင်သာတဲ့ လက္ခဏာ အနေနဲ့ အရေပြားမှာ နီမြန်းတာ၊ အဖက်တွေ လန်တာမျိုး တွေ့ရနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးနီဥဆဲလ်များကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 3, 2020 . 2 mins read
အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 1 min read