လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

PrEP နဲ့ PEP ဆေးတွေဟာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ်က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိတယ်ဆိုရင် ဒီဆေးတွေအကြောင်း နားလည်ထားဖို့ လိုပါတယ်။

PrEP ဆေးဆိုတာဘာလဲ။

  • ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။
  • အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။
  • HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။
  • နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရက် ရှိဖို့ လိုအပ်ပါတယ်။
  • နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။
  • ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။
  • မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။
  • ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။
  • PrEP ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။
  • ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။
  • ၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။

PEP ဆေးကို ဘာအတွက် သောက်တာလဲ။

  • Post-exposure prophylaxis လို့ အမည်ရတဲ့ PEP ဆေးဟာ အရေးပေါ် သောက်ရတဲ့ HIV ပိုးကာကွယ်ဆေးဖြစ်ပါတယ်။
  • ကိုယ့်မှာတော့ HIV ရောဂါပိုးမရှိဘူး။ ဒါပေမယ့် HIV ရှိတယ်လို့ သံသယဖြစ်ရတဲ့ သူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ဒီဆေးကို အရေးပေါ်အနေနဲ့ သောက်ဖို့ လိုပါတယ်။
  • လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်မှ ဆေးရဲ့ အာနိသင်ကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။
  • အထူးသဖြင့် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရပြီးနောက် HIV ပိုး ကူးစက်ခံရခြင်းမဖြစ်စေဖို့ PEP ဆေးကို စောနိုင်သမျှ အစောဆုံး သောက်ပေးရပါမယ်။
  • အရေးပေါ် ကာကွယ်ဆေးဖြစ်တဲ့အတွက် နေ့စဉ်သောက်ပေးဖို့ မလိုပါဘူး။
  • PrEP ဆေးလိုပဲ မူးဝေတာ၊ အော့အန်တာ၊ ခေါင်းမူးတာ၊ ကိုယ်လက်မအီမသာဖြစ်တာ အစရှိတဲ့ ဓါတ်မတည့်လက္ခဏာတချို့ကို တွေ့ရတတ်ပါတယ်။
  • ဒီဆေးကို သောက်ဖို့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

PrEP နဲ့ PEP ဆေး ၂မျိုးလုံးကို သေချာသောက်ပေးမယ်ဆိုရင် HIV ပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့၊ ဂနို၊ ကာလသားေရာဂါတွေ၊ အရေပြားပြဿနာတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဘေးကင်းအန္တရာယ်ရှင်းစွာ လိင်ဆက်ဆံနိုင်ဖို့ အမျိုးသားရော၊ အမျိုးုသမီးပါ ကွန်ဒုံးအသုံးပြုဖို့ အကြံပေးလိုက်ချင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ခံအားအကြောင်း သိထားဖို့လိုမယ့် အချက်လေးတွေ

အခုလို ရောဂါဘယ တွေ ပေါများလာတဲ့အချိန်၊ ကူးစက်ရောဂါတွေ များလာတဲ့ အချိန်မှာ ကိုယ်ခံ အား (immunity) ကောင်းမွန်ဖို့ က အရေး ကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့…

ကြောင် ကြောင်မွေး တိရစ္ဆာန် အိမ် မိသားစု စွန့်ပစ် ခွေး ကုတ်ခြစ် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ကပ်ပါးပိုး ဆေးခန်း ရေချိုးသန့်စင် အရေပြား ကျန်းမာရေး နွေးထွေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ပထမဆုံးအကြိမ် ခွေးမွေးတော့မယ်ဆိုရင် ဒါတွေကို သိထားပေးပါ

ခွေး အိမ်မွေးခွေး ခွေးရူးပြန် ကာကွယ်ဆေး မိသားစု သံယောဇဉ် ခွေးပေါက်စ ခွေးအမျိုးအစား လမ်းလျှောက် ဆော့ကစား အထီးကျန် အရုပ် တိမွေးကု ဆေးခန်း အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုဗစ်ကာကွယ်ဆေးကို မျှော်လင့်ရုံမှလွဲ၍ တခြားနည်းလမ်းမရှိ…

ကိုဗစ် ကာကွယ်ဆေး ကပ်ရောဂါ ကပ်ဘေး အအေးမိ တုပ်ကွေး ဝက်သက် ခွေးရူးပြန် ရောဂါပိုး လေထု ထိန်းချုပ် မြန်မာနိုင်ငံ ပထမလှိုင်း လက်ဆေး ဆပ်ပြာ မိသားစု Covid-19 Mask

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
WHO အကြီးအကဲပြောပြတဲ့ ဒီနှစ်ကုန် ရနိုင်ဖွယ်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်ရောင်ခြည်အသစ်

WHO အကြီးအကဲပြောပြတဲ့ ဒီနှစ်ကုန် ရနိုင်ဖွယ်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်ရောင်ခြည်အသစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
COVAX ဖော်ဆောင်ပေးမယ့် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေးအိပ်မက်

COVAX ဖော်ဆောင်ပေးမယ့် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေးအိပ်မက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read