backup og meta

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

    ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ အေးမြတဲ့ ဆောင်းရာသီကို ကြုံဆုံရတဲ့ အခါမျိုးမှာ ကျန်းမာရေးပြဿနာတွေကလည်း နောက်ဆက်တွဲ အနေနဲ့ ပါလာတတ်ပါတယ်။ နှလုံးရောဂါသည်တွေ အတွက်ဆိုရင်တော့ ဒီကာလမျိုးမှာ Heart Attack က ဒုက္ခအပေးဆုံးလို့ ဆိုရပါမယ်။

    လေ့လာချက်တွေအရဆိုရင် နှလုံးရောဂါကြောင့် ဖြစ်လာတဲ့ Heart Attack နဲ့ လေဖြတ်တာတွေဟာ ဆောင်းရာသီမှာ ဖြစ်နိုင်ခြေ အတော်လေး များတယ်လို့ ဆိုပါတယ်။ ရင်ဘတ်အောင့်တာနဲ့ အအေးဒဏ်ကြောင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။

    နောက်ထပ် တစ်ချက်ကတော့ ဆောင်းရာသီမှာ ကြုံရတတ်တဲ့ လေအေးတွေကြောင့် ခန္ဓာကိုယ်အပူချိန် ကျဆင်းပြီး နှလုံး ထိခိုက်နိုင်တာ ပါပဲ။ ခန္ဓာကိုယ် အပူချိန် ၉၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် လျော့ပါးအောင် တိုက်ခတ်လာတတ်တဲ့ လေအေးတွေဟာ နှလုံးရောဂါသည်တွေ အတွက်တော့ အန္တရာယ် တစ်ခုပါပဲ။

    လက်ရှိအချိန်အထိတော့ ဆောင်းဦးကို ဝင်လာပြီ ဖြစ်ပေမယ့် ခုကာလက အရမ်းတော့ မအေးသေးပါဘူး။ ဒါပေမယ့် ဒီနှစ်လည်း ယမန်နှစ်တုန်းကလိုမျိုး အအေးလှိုင်းဖြတ်ဖို့ ရှိနေတာမို့ သတိထားရမယ့် အခြေအနေ ပါပဲ။

    နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

    ကျွမ်းကျင်သူတွေကတော့ ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ အနေနဲ့ Lifestyle ပြောင်းလဲဖို့ အဓိကထား စဉ်းစားသင့်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ နေထိုင်မှုပိုင်းဆိုင်ရာတွေကို ပြောင်းလဲနိုင်ဖို့ လိုအပ်နေတာပါ။

    ဒါပေမယ့် နှလုံးရောဂါသည်တွေ ဆိုတာက တခြားလူတွေနဲ့ မတူပါဘူး။ လေ့ကျင့်ခန်းလုပ်ပါလို့ ပြောပေမယ့်လည်း လေ့ကျင့်ခန်းတိုင်းက သူတို့နဲ့အဆင်မပြေနိုင်သလို အရမ်းပင်ပင်ပန်းပန်း ကိုယ်လက်လှုပ်ရှားတာမျိုးတွေကလည်း သူတို့အတွက် မကောင်းလှပါဘူး။

    ဒါကြောင့် နှလုံး ဝေဒနာသည်တွေ အနေနဲ့ အေးမြတဲ့ဆောင်းရာသီမျိုးကို ရင်ဆိုင်ရပြီဆိုရင် အောက်ပါအချက်တွေကို လိုက်နာပြီး နေထိုင်ဖို့ လမ်းညွှန်ထားကြပါတယ်။

    • ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ပါ၊
    • နွေးနွေးထွေးထွေး နေပါ၊
    • သွေးပူလေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေ လုပ်ပါ၊
    • ရာသီဥတု အကြောင်းပြချက်နဲ့ အရက်အသေစာ သောက်စားတာမျိုးကို ရှောင်ကျဉ်ပါ၊
    • အချိန်ကြာမြင့်စွာ ရေချိုးခြင်းကို ရှောင်ကျဉ်ပါ၊
    • လက်ကိုစင်ကြယ်စွာ ဆေးကြောပါ၊ လက်ကတဆင့် ကူးစက်နိုင်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါတွေဟာ နှလုံးကို ပိုမိုထိခိုက်ဆိုးရွား စေနိုင်ပါတယ်၊
    • နှလုံးကျန်းမာစေပြီး အာဟာရပြည့်ဝစေမယ့် အစားအစာတွေကို မှီဝဲပါ၊
    • ကိုလက်စထရော၊ သွေးတွင်းသကြားပမာဏ၊ သွေးခုန်နှုန်းနဲ့ သွေးဖိအားတွေကို အမြဲမပြတ် စစ်ဆေးဂရုစိုက်ပါ၊
    • စိတ်ဖိစီးမှု လျော့နည်းအောင် ဂရုစိုက်ပါ၊
    • Heart Attack ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ ပြသလာရင် အလျင်အမြန် ကုသမှုခံယူပါ။

    ဒါ့အပြင် အောက်ပါအချက်တွေကိုလည်း ရှောင်ကျဉ်နိုင်ဖို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။

    • (ပြင်းထန်တဲ့ လေ့ကျင့်ခန်း အပါအဝင်) အလွန်အမင်း ပင်ပန်းတာမျိုးတွေ မလုပ်ပါနဲ့၊
    • အလွန်အမင်း အအေးမခံပါနဲ့၊
    • (အအေးဒဏ်ကို ရှောင်လွှဲဖို့) အလွန်အမင်း အပူဒဏ်မခံပါနဲ့၊
    • တတ်နိုင်သမျှ တုပ်ကွေးမမိအောင် ဂရုစိုက်နေထိုင်ပါ၊
    • ကျန်းမာရေးပြဿနာ တစ်စုံတရာ ရှိလာချိန်မှာ စပ်ဆေးတွေ သုံးစွဲတာမျိုးကို လုံးဝ ရှောင်ပါ၊
    • အရက်၊ ဆေးလိပ်၊ အဆီနဲ့ အငန်ဓာတ်ကဲတဲ့ အစားအစာတွေကို လုံးဝ ရှောင်ကျဉ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement