အမျိုးအစား (၁) ဆီးချိုရောဂါရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 3 mins read
Share now

သင့်ကလေးလေးမှာ အမျိုးအစား  (၁) ဆီးချိုရောဂါ ရှိနေပြီလို့ သိလိုက်ရပြီဆိုရင် သင့်အနေနဲ့ ပြင်ဆင်စရာတွေ အများကြီး ရှိပါတယ်။  ဒီကလေးအတွက် စားသောက်နေထိုင်မှုပုံစံတွေ၊ ဆေးဝါးတွေ၊ နောက်ဆက်တွဲတွေ ဝင်မလာအောင်၊ ရောဂါပိုဆိုးမလာအောင် စသဖြင့် တတ်ကျွမ်းသူဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြုစုပေးရမှာပါ။ ဆီးချိုရောဂါဟာ အမြစ်မပြတ်တဲ့ အတွက် ကလေးကို တစ်သက်လုံးစောင့်ရှောက်ရမှာမို့လို့ နည်းလမ်းလေးတွေ မျှဝေပေးလိုပါတယ်။

ကလေးကို ကျန်းမာပျော်ရွှင်အောင် ဘယ်လိုပြုစုပျိုးထောင်ပေးကြမလဲ။

ကလေးကို ကျန်းမာအောင် ဆီးချိုရောဂါရဲ့ အခြေခံအချက်တွေ ဖြစ်တဲ့ ဆေးဝါး၊ အစားအသောက်၊ လေ့ကျင့်ခန်း စတာတွေနဲ့ ပြုစုပေးရပါမယ်။ ဒါ့ပြင် ကလေးကို ရောဂါကြောင့် စိတ်ထိခိုက်ခြင်း မရှိအောင်လည်း အားပေးပျိုးထောင် ပေးရမှာ ဖြစ်ပါတယ်။

အစပိုင်းကာလတွေမှာတော့ မိဘရော ကလေးပါ အသားမကျသေးလို့ ပင်ပန်းနိုင်ပါတယ်။ တဖြည်းဖြည်းကြိုးစားသွားရင်တော့ သူများတွေလိုပဲ ပျော်စရာ ကောင်းတဲ့ မိသားစု ဖြစ်လာမှာပါ။ နည်းလမ်းတွေကတော့

  • ဆေးကုသမှုကို စနစ်တကျ လိုက်နာပါ။

အမျိုးအစား (၁) ဆီးချိုရောဂါအတွက် အဓိကဆေးကုသမှုကတော့ အင်ဆူလင်ပဲ ဖြစ်ပါတယ်။ ထိုးဆေးဖြစ်တဲ့အတွက် သာမန်သောက်ဆေးတွေထက်စာရင် ကလေးကို ထိုးပေးရတာ ခက်မှာပါ။ ကလေးအနေနဲ့လည်း ငြင်းဆန်တာတွေ ရှိလာနိုင်ပါတယ်။

ကံကောင်းတာက အင်ဆူလင်အပ်က သေးသေးလေး ဖြစ်တဲ့အတွက် ထင်သလောက် မနာပါဘူး။ တဖြည်းဖြည်း အသားကျသွားပါလိမ့်မယ်။ ထိုးတဲ့နေရာမှာလည်း ပမာဏ၊ အချိန် စတာတွေကို အတိအကျလိုက်နာပေးဖို့လိုပါတယ်။

ဒါ့ပြင် သွေးချိုလည်း ပုံမှန်ဖောက်ပေးရပါမယ်။ ဆရာဝန်ညွှန်ကြားထားတဲ့ အချိန်တွေမှာ စနစ်တကျ ဖောက်ပြီး အဖြေတွေကို သေသေချာချာ ရေးမှတ်ထားပါ။ ဆရာဝန်နဲ့ ရက်ချိန်းသွားပြတဲ့အခါ ဒါက အသုံးဝင်ပါလိမ့်မယ်။ ဆီးချိုစစ်တဲ့ နေရာမှာ အပ်အသေးဆုံးနဲ့ ဖောက်စစ်တာက ကလေးကို အနာသက်သာစေပါတယ်။

  • အစားအသောက်ကို ဂရုစိုက်ပါ။

ဆီးချိုရှိတဲ့ကလေးတွေကို အစားအသောက်ကျွေးတဲ့အခါ များများကျွေးမိရင် ဆီးချိုတက်မလား၊ လျှော့ကျွေးရင် ကလေးက မထွားဘဲ ညှပ်နေမလား စသဖြင့် မိဘတွေ စိုးရိမ်တတ်ကြပါတယ်။ အကောင်းဆုံးကတော့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး အစားအသောက်ပုံစံသတ်မှတ်တာပါပဲ။

အကြမ်းဖျင်းအားဖြင့်တော့ တခြား ဆီးချိုရှိတဲ့သူတွေလိုပဲ ကစီဓာတ်နဲ့ အဆီကို လျှော့စားပြီး အသားများများ၊ အသီးအရွက်များများ စားရမှာပါ။ နို့နဲ့ ဥတွေလည်း ကျွေးလို့ရပါတယ်။ ဒီလိုဆို ကလေးက ဆီးချိုမတက်တဲ့အပြင် အသားဓာတ်ပါလို့ ကောင်းကောင်းကြီးထွားလာမှာပါ။

ဒီလိုမျိုး အစားအသောက်ကို ပုံစံတကျ စားတတ်တဲ့ကလေးတွေက ဆီးချိုရောဂါကို ထိန်းချုပ်နိုင်တဲ့အပြင် တခြားကလေးတွေနဲ့ ယှဉ်ရင် အဝလွန်တာ၊ အာဟာရချို့တဲ့တာ စတဲ့ ပြဿနာတွေကင်းတာကို တွေ့ရပါတယ်။ ကြီးတဲ့အထိလည်း ပုံစံတကျ စားသောက်တတ်ပြီဖြစ်လို့ နောက်ဆက်တွဲ ရောဂါတွေ ဝင်နိုင်ခြေလည်း နည်းသွားပါတယ်။

  • လေ့ကျင့်ခန်း ပေးလုပ်ပါ။

ဆီးချိုထိန်းနိုင်ဖို့ဆိုရင် အစားအသောက်၊ ဆေးဝါး၊ လေ့ကျင့်ခန်း ဒီ၃ခု မျှတနေဖို့ လိုပါတယ်။ သီးသန့်လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင် ကလေးကို ပြေးလွှားဆော့ကစားတာမျိုး၊ အားကစား တစ်ခုခုလုပ်တာမျိုး ခွင့်ပြုလိုက်ပါ။

လှုပ်လှုပ်ရှားရှားနေတဲ့ ကလေးမှာ ထိုးလိုက်တဲ့ အင်ဆူလင်ရဲ့ တုံ့ပြန်မှုကောင်းတာကို တွေ့ရပါတယ်။ ဒါ့ပြင် အဝလွန်တာ၊ နှလုံးရောဂါ၊ သွေးတွင်း အဆီများတာတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ အရပ်ရှည်ပြီး ကောင်းကောင်းကြီးထွားစေပါတယ်။ ကလေးက သူ့ကိုယ်သူ ရောဂါရှိတယ်လို့လည်း ခံစားမိမှာ မဟုတ်တော့ပါဘူး။

တစ်ခုသတိထားရမှာက အင်ဆူလင်ထိုးပြီးစ ဒါမှမဟုတ် ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်ဆိုရင် ဆီးချိုကျတတ်ပါတယ်။ ဒါကြောင့် မကစားခင်မှာ ဆီးချိုဖောက်တာမျိုး၊ မတော်တဆ ဆီးချိုကျသွားရင် စားနိုင်အောင် မုန့်လေး ပဲလေး ဆောင်ထားတာမျိုး လုပ်သင့်ပါတယ်။

  • ကလေးကို ရောဂါအကြောင်း ရှင်းပြပေးပါ။

နည်းနည်းနားလည်နိုင်တဲ့ အရွယ်လောက်ရောက်ပြီဆိုရင် သူ့ကို ရောဂါအကြောင်း ရှင်းပြပေးပါ။ ဒီလို နားလည်နေခြင်းက သူကိုယ်တိုင် ရောဂါထိန်းချုပ်မှုမှာ ပါဝင်စေပါတယ်။ နောက်ပြီး တစ်သက်လုံး ဂရုစိုက်ရမှာ ဖြစ်တဲ့အတွက် သူ့ကို အင်ဆူလင် ထိုးနည်းတွေ၊ အစားအသောက်ရွေးချယ်နည်းတွေ၊ သွေးချိုဖောက်နည်းတွေ၊ ဆီးချိုရဲ့ အရေးပေါ်အခြေအနေကို ပြောပြထားပါ။

ကလေးက ဘယ်သူ့ကိုယ်မှ မမှီခိုဘဲ လုပ်နိုင်တယ်ဆိုရင် ရောဂါကြောင့် သူ့ကိုယ်သူ အားမလို အားမရ ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ပါလိမ့်မယ်။ မိဘတွေ အနေနဲလည်း တခြားကလေးတွေကို ပြုစုဖို့ အချိန်ပိုပေးနိုင်ပါလိမ့်မယ်။

  • ကလေးကို ခွဲခြားမဆက်ဆံပါနဲ့။

ဆီးချိုရှိလို့ ဒါမစားရဘူး၊ ဆီးချိုရှိလို့ ဒါမလုပ်ရဘူးဆိုပြီး ကလေးကို အတင်းမချုပ်ခြယ်ပါနဲ့။ ကလေးဆိုတော့ စိတ်ထဲမှာ စားချင်တာ သောက်ချင်တာလေးတွေ ရှိပါတယ်။ ဆီးချို အခြေအနေပေါ် မူတည်ပြီး အနည်းငယ် ခွင့်ပြုလို့ရရင် ခွင့်ပြုလိုက်ပါ။ တခြားလုပ်ချင်တာရှိရင်လည်း (ဥပမာ အားကစား တစ်ခုခု) သူ့ကို မထိခိုက်ရင် ခွင့်ပြုပေးလိုက်ပါ။

ကလေးကို အတင်းထိန်းချုပ်ထားတာက သူ့ကို ရောဂါကြောင့် သိမ်ငယ်စိတ်ကို ဖြစ်စေပါတယ်။ အဲ့ဒီအစား သူ့ကို အားပေးပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာမယ်ဆိုရင် ရောဂါကို ကောင်းကောင်းထိန်းချုပ်နိုင်တာကြောင့် သာမန်ကလေးတွေလိုပဲ နေနိုင်တဲ့အကြောင်း ပြောပြပြီး အားပေးပါ။ ဒီရောဂါက ရှက်စရာ မဟုတ်တဲ့အတွက် လိုအပ်ရင် ပတ်ဝန်းကျင်ကလူတွေကိုပါ အသိပေးထားပါ။

အမျိုးအစား (၁) ဆီးချိုရောဂါရှိတဲ့ ကလေးကို စောင့်ရှောက်ရတာက သာမန်ကလေးကို စောင့်ရှောက်ရတာထက် အနည်းငယ် ပိုပင်ပန်းတယ်ဆိုပေမယ့် သေချာ ပျိုးထောင်ပေးမယ်ဆိုရင် စနစ်ကျတဲ့ စားသောက်နေထိုင်မှု ပုံစံနဲ့ ဆေးဝါးတွေကြောင့် ကလေးက ဆီးချိုထိန်းနိုင်တဲ့အပြင် တခြားကျန်းမာရေး ကောင်းကျိုးတွေပါ ရရှိလာမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များလာခြင်းက ရေရှည်မှာ လူနာကို ဘာဖြစ်စေနိုင်သလဲ။ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲဆိုတာ လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

အမြဲလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီးရဲ့လား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို အတူတူဖတ်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သွေးတိုးရောဂါ (Hypertension)

သွေးတိုးတယ်လို့ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အပယိကရောဂါလိုမျိုး သဘောထားတတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 3 mins read
အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 2 mins read
လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 2 mins read