ချောင်းဆိုးနေတာကို သက်သာစေမယ့် သဘာဝဖျော်ရည်တစ်ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 15, 2020 . 2 mins read
Share now

ချောင်းဆိုးတာကပြောတော့သာဘာမှမဟုတ်သလိုနဲ့ လူကြားထဲမှာချောင်းဆိုးချင်ရင်တော်တော်လေးတော့နေရခက်တယ်နော်။ချောင်းဆိုးချင်ထားတာအောင့်ထားလို့မရတဲ့ပြဿနာတစ်ခုပါ။ ဒီပြဿနာကိုဖြေရှင်းဖို့ ဆေးလည်း မသောက်ချင်ဘူးဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးေးလကို ဖတ်ကြည့်စေချင်ပါတယ်။

ချောင်းဆိုးပြီဆိုတာနဲ့ဆေးသောက်ရမှာလား…….

ချောင်းဆိုးတိုင်းတော့ဆေးသောက်ဖို့လိုလားဆိုတော့ မလိုပါဘူး။ချောင်းဆိုးတာကိုသက်သာစေမယ့် အိမ်တွင်းကုထုံးတွေအများကြီးရှိပါတယ်။ ဥပမာပြောပြရရင်

ချောင်းဆိုးပျောက်ဆေးတွေထက်စွမ်းတဲ့ နည်းလမ်းတစ်ခု

ချောင်းဆိုးတာကိုပျောက်ကင်းစေမယ့်ချောင်းဆိုးပျောက်ဆေးထက်စွမ်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အလုပ်လည်းမရှုပ်ဘဲဆေးသောက်ရမှာကြောက်သူတွေအတွက်လည်း အဆင်ပြေစေနိုင်မယ့် နာနတ်သီးဖျော်ရည်သောက်ပေးခြင်းပါပဲ။ နာနတ်သီးဖျော်ရည်သောက်ပေးခြင်းကြောင့်

  • ချွဲတွေကိုပျော်စေနိုင်တယ်
  • အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
  • လည်ချောင်းတွင်းက အစိုဓါတ်ကို ထိန်းပေးနိုင်တယ်
  • ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းတလျှောက်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်
  • ပန်းနာရင်ကျပ်ရောဂါကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်တယ်
  • ထိပ်ကပ်နာကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းပြဿနာကို သက်သာစေနိုင်တယ်
  • ဝတ်မှုန်နဲ့ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။

နာနတ်သီးဖျော်ရည်ကဘာကြောင့်ချောင်းဆိုးသက်သာစေနိုင်ရတာလဲ………

နာနတ်သီးဖျော်ရည်မှာbromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ချွဲတွေကိုပျော်စေနိုင်ပါတယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ နာနတ်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်သလို အမြင်အာရုံကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓါတ်ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မဂ္ဂနိ ပါဝင်နေတာကြောင့် ဆဲလ်တွေပျက်စီးတာကိုကာကွယ်ပေးပါသေးတယ်။ ဒါတွေအပြင် နာနတ်သီးမှာခန္ဓါကိုယ်ကို ကျန်းမာစေနိုင်တဲ့ ဘီတာကယ်လ်ရိုတင်း၊ကော့ပါး၊ ဇင့်၊ဖောလိတ်တို့လည်း ပါဝင်နေပါသေးတယ်။ ကျန်းမာရေးအတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကိုကျန်းမာစေသလိုချောင်းဆိုးတာ၊ချွဲကြပ်တာကိုလည်း သိသိသာသာသက်သာစေမှာပါ။

ချောင်းဆိုးသက်သာစေမယ့် နာနတ်သီးဖျော်ရည်ကို ဘယ်လိုဖျော်မလဲ………

ချောင်းဆိုးတာကိုသက်သာစေဖို့ နာနတ်သီးဖျော်ရည်သောက်မယ်ဆိုရင်တော့

  • နာနတ်သီးကိုကြိတ်ခြေထားတဲ့ဖျော်ရည်တစ်ခွက်စာ
  • ဆားနည်းနည်း
  • ငရုတ်ကောင်းမှုန့်နည်းနည်း နဲ့
  • ပျားရည် လက်ဖက်ရည်ဇွန်းတဝက်စာတို့ကိုရောဖျော်လိုက်ပါ။ ဒီတစ်ခွက်စာကိုလေးခွက်အညီအမျှခွဲပြီး တစ်နေ့တာမှာ ၄ ကြိမ်သောက်ပေးပါ။ ဒီလိုသောက်ပေးမှုနဲ့အတူ တစ်နေ့တာမှာရေ ၈ ခွက်သောက်ပေးပါ။ ဒီလိုလုပ်ပေးတာကြောင့် ချွဲသလိပ်တွေကြေစေပြီးချောင်းဆိုးတာကို သက်သာစေမှာပါ။

ဒီရာသီမှာချောင်းကလည်းဆိုးနိုင်သလို နာနတ်သီးကလည်းပေါတဲ့အချိန်ဆိုတော့ချောင်းဆိုးလို့ဆေးသောက်ရမှာကြောက်တဲ့သူလေးတွေအနေနဲ့ နာနတ်သီးဖျော်ရည်လေးသောက်လို့အောင့်ရခက်တဲ့ လူကြားထဲချောင်းဆိုးချင်တဲ့ပြဿနာကို ခပ်ဝေးဝေးမောင်းထုတ်လိုက်ရအောင်လား…….

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးတာက အဓိကလက္ခဏာတစ်ခုပါ။ ဆေးစစ်ဖို့ အိမ်မှာ စောင့်ဆိုင်းနေချိန် အိမ်တွင်းနည်းလမ်းများနဲ့ သက်သာအောင်လုပ်ထားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

အအေးမိတယ်။ တုပ်ကွေးဖြစ်တယ်။ သက်တော့ သက်သာလာပါရဲ့ စားလိုက်ရင် ခံတွင်းမတွေ့ဘူး။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဖျားနေရင် အမြန်ဆုံး သက်သာစေဖို့

နေထိုင်မကောင်းရင်တောင် နေမကောင်းဘူးလို့ ကျယ်ကျယ် မညည်းတွားရဲဘူး။ အကြောင်းကတော့ ဖျားနာ ဖျားတယ်ဆိုရင် လူအများ သတ်မှတ်လိုက်တာက ကိုဗစ်ဆိုတဲ့ ခန့်မှန်းမှုကိုး။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
COVID-19 ကြောင့် အနံ့ပျောက်ခြင်း

COVID-19 ကြောင့် အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read