backup og meta

ဆံပင်ဖြူသူတွေအတွက် အိမ်တွင်းကုထုံး

ဆံပင်ဖြူသူတွေအတွက် အိမ်တွင်းကုထုံး

ဆံပင်ဖြူတာက အလှပျက်စေတယ်တဲ့အရာလား။ တစ်ခါတလေတာ့ဟုတ်ပါတယ်။ အထူးသဖြင့် အရွယ်မတိုင်ခင်ဆံပင်ဖြူရင်ပေါ့။ အရွယ်ရလာရင်ဆံပင်ဖြူမယ်ဆိုပေမယ့် အရွယ်မရောက်ခင်ဆံပင်ဖြူတာကတော်တော်လေးတော့ စိတ်ညစ်စေတဲ့အရာနော်။ ဆံပင်လေးများခပ်တင်းတင်းလေးစည်းလိုက်ရင် ဆံပင်ဖြူတွေက အတိုင်းသားပေါ်လာတော့တာပါပဲ။ ဒီပြဿနာကို စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ရင်း အတူတူဖြေရှင်းရအောင်လား။ အသက်

အရွယ်အလိုက်ဆံပင်ဖြူနိုင်ခြေ

လူမျိုးစုတွေအလိုက်ဆံပင်ဖြူနိုင်ခြေက ကွာခြားမှုရှိနေပါတယ်။ ပျမ်းမျှပြောပြရမယ်ဆိုရင်

  • အာဖရိကန်လူမျိုးတွေက အသက် ၄၀ နောက်ပိုင်းလောက်မှ ဆံပင်စဖြူတတ်ကြပါတယ်။
  • အမေရိကန်လူမျိုးတွေလည်း အသက် ၄၀နောက်ပိုင်းလောက်မှ စပြီး ဆံပင်ဖြူတတ်ကြပါတယ်။
  • အာရှနွယ်ဖွားတွေကတော့ အသက် ၃၀လောက်ရောက်လာပြီဆိုရင် ဆံပင်စဖြူတတ်ကြပါတယ်။

ဆံပင်ဖြူတာအပေါ်မှာ သက်ရောက်နေသေးတဲ့နောက်တစ်ချက်ကအသားအရောင်ပါ။ အသားဖြူတဲ့သူတွေက အသားညိုတဲ့သူတွေ အသားမဲတဲ့သူတွေ ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။အသားဖြူတဲ့သူတွေဟာ အသက် ၃၀လောက်ရောက်လာရင်ကို ဆံပင်စဖြူလာပါတော့တယ်။

ဆံပင်ဖြူတာကို ကာကွယ်နိုင်လား……

ကာကွယ်နိုင်တယ်၊ လို့ပဲဆိုရပါမယ်။နေ့စဉ်နေထိုင်စားသောက်မှုပုံစံနဲ့ အလေ့အထတွေက ဆံပင်ဖြူနိုင်ခြေအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။

  • အာဟာရမပြည့်ဝတဲ့ စားသောက်မှုကြောင့် ဗီတာမင်ချို့တဲ့တာ
  • စိတ်ဖိစီးမှုများတာကြောင့်
  • Oxidative Stressတွေကြောင့်
  • ဆံပင်ဆိုးဆေးတွေကြောင့်
  • ဆံသားအတွက်သုံးတဲ့ပစ္စည်းတွေမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့်
  • သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်
  • မျိုးဗီဇကြောင့်
  • ဆေးလိပ်သောက်တာကြောင့်
  • နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုကြောင့် ဆံပင်တွေဖြူရတာပါ။

ဘယ်လိုကာကွယ်မလဲ……..

ဆံပင်မဖြူစေဖို့ဆိုရင်

  • ဗီတာမင်ချို့တဲ့မှုမဖြစ်စေဖို့ အာဟာရပြည့်ဝအောင်စားမယ်
  • နေရောင်ထဲထွက်ရင် ဆံသားတွေကို ကာကွယ်မယ်
  • ဆေးလိပ်ဖြတ်မယ်
  • ဆံသားအတွက်သဘာဝပစ္စည်းတွေကို သုံးမယ်
  • ဆံပင်ဆေးခဏခဏဆိုးတာကိုရှောင်မယ်။

ဆံပင်ဖြူတာကို ရပ်တန့်ပေးနိုင်မယ့် အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ……..

ဆံပင်ဖြူတာကို ရပ်တန့်ပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကတော့

အုန်းဆီ -ခေါင်းမလျှော်ခင်တစ်ရက်မှာ ဆံသားကို အုန်းဆီလိမ်းလို့ ဦးရေပြားကို နှိပ်နယ်ပေးပါ။နောက်တစ်နေ့မနက်မှာခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။

ချင်း (ဂျင်း) -နေ့တိုင်း ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားထဲမှာ ချင်း (ဂျင်း) အရွယ်တော်တစ်ပြားလောက်ထည့်စိမ်လို့ ပုံမှန်စားပေးပါ။ ချင်း (ဂျင်း) ကိုနုတ်နုတ်စဉ်းထားရင် ပိုအဆင်ပြေပါတယ်။

ဇီးဖြူသီး -နေ့တိုင်း ဇီးဖြူသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်လေးတစ်ခွက်စာလောက်သောက်ပေးပါ။ ဒါမှမဟုတ် အုန်းဆီလေးထဲမှာ ဇီးဖြူသီးထည့်စိမ်ထားတဲ့ ဆီကို ဦးရေပြားမှာ လိမ်းပြီးနှိပ်နယ်ပေးပါ။

နှမ်းနက်စေ့ – တစ်ပတ်ကို ၃ ကြိမ်လောက် နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ စားသုံးပေးတာက ဆံပင်ဖြူတာကို သက်သာစေနိုင်ပါတယ်။

ကြက်သွန်နီကြက်သွန်နီကို ကြိတ်ပြီးရလာတဲ့အရည်ကို ဆံသားမှာလိမ်းပေးပြီး ခဏလောက်ထားလို့ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်လော် ပုံမှန်လုပ်ပေးပါ။

မုန်လာဥနီဖျော်ရည် -နေ့တိုင်း မုန်လာဥနီဖျော်ရည်တစ်ခွက်သောက်သုံးတာက ဆံပင်ဖြူတာကို သိသိသာသာသက်သာစေမှာပါ။

ပျဉ်းတော်သိမ်းရွက် – ပျဉ်းတော်သိမ်းရွက်ကို ဒိန်ချဉ်နဲ့ရောလို့ခေါင်းမလျှော်ခင်ပေါင်းတင်လိုက်ပါ။ တစ်ပတ်ကို ပုံမှန် ၃ ကြိမ်လောက်လုပ်ပေးရင် ဆံပင်ဖြူတာကို သိသိသာသာရပ်တန့်စေနိုင်မှာပါ။

ဒါတွေစားပါ

ဆံပင်ဖြူတာကို ရပ်တန့်နိုင်စေဖို့ ဒါတွေစားပေးလို့ရပါတယ်။

ဆံပင်ဖြူတွေကြောင့် စိတ်ညစ်ခံမနေနဲ့တော့နော်။ အနှစ်သက်ဆုံးနည်းလမ်းတစ်ခုကိုရွေးပြီး ရပ်တန့်လိုက်ရအောင်လား…………………..

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

17/06/2022

Aye Thi Mon မှ ရေးသားသည်။

Hnin Oo Thazin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူကြတာ ဘာကြောင့်လဲ

ဆံပင်ဖြူခြင်း နှင့် နှလုံးရောဂါဖြစ်နိုင်ခြေ



Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement