backup og meta

သင်ဟာ တခြားသူတွေထက်ပိုပြီး မကြာခဏဖျားနာတတ်တဲ့သူလား။ ဒါတွေကြောင့်ဖြစ်မှာပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ဟာ တခြားသူတွေထက်ပိုပြီး မကြာခဏဖျားနာတတ်တဲ့သူလား။ ဒါတွေကြောင့်ဖြစ်မှာပါ

    ငယ်ငယ်ကကျောင်းပြေးချင်လွန်းလို့ ဖျားချင်ခဲ့ဖူးတယ်ဟုတ်။ ကလေးဘဝတုန်းကတော့ ဖျားပြီဆိုရင် အိမ်မှာနေရမယ်၊ဖေဖေမေမေကို ကပ်ချွဲပြီး လိုချင်တာလေးဝယ်ခိုင်းတယ်၊ စားချင်တာလေး ဝယ်ကျွေးခိုင်းလို့ရလို့ ဖျားချင်ခဲ့ဖူးကြတယ်လေနော်။ဖေဖေမေမေတွေကချီပြီးဆေးခန်းလိုက်ပို့ပေးလို့ ခဏခဏကိုဖျားချင်ခဲ့တာပါ။ ဒါပေမယ့် အရွယ်ရောက်လာတော့ အအေးမိတုပ်ကွေးဖြစ်ရင်ခံစားရတာက မသက်သာလွန်းလို့ မဖျားချင်တော့ပါဘူး။ ဖျားရင်တောင်မြန်မြန်သက်သာချင်တဲ့ဆန္ဒက စဖျားကတည်းကကိုဖြစ်နေတာလေ။ ဒီတော့ ဘယ်အချက်တွေက တုပ်ကွေးဖြစ်ဖို့ အားပေးရာရောက်နေလဲဆိုတာကို သိထားမယ်ဆိုရင် ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေလို့ရတာပေါ့။ဖြစ်နိုင်တာကို ဆင်ခြင်လို့ရအောင် ဒီဆောင်းပါးလေးထဲက အကြံဉာဏ်ကိုရယူလိုက်ပါနော်။

    တုပ်ကွေးဆိုတာ

    တုပ်ကွေးဆိုတာက အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တဲ့ ဖျားနာမှုတစ်မျိုးပါ။ တုပ်ကွေးရောဂါပိုးက နှာခေါင်းကနေတဆင့် အသက်ရှုလမ်းကြောင်းတလျှောက် လည်ချောင်းနဲ့ အဆုတ်အထိဝင်ရောက်ကူးစက်တာပါ။ တုပ်ကွေးက တစ်ခါတလေမှာ အအေးမိဖျားနာတာနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးကနောက်ဆက်တွဲရောဂါတစ်သီကြီးနဲ့အတူရောက်လာတတ်တာပါ။ တုပ်ကွေးဖြစ်ပြီဆိုရင်

    ဒီအချက်တွေရှိနေရင် တုပ်ကွေးဖြစ်နိုင်ခြေပိုများနိုင်ပါတယ်

    တုပ်ကွေးဆိုတာကတော်တော်ခံရခက်တဲ့ အဖျားရောဂါတစ်မျိုးပေါ့။ တကယ်လို့ အခုပြောပြမယ့် အချက်တွေရှိနေမယ်ဆိုရင်တော့ သင်အနေနဲ့ အခြားသူတွေထက်ပိုပြီး ဂရုစိုက်ဖို့ပြောပါရစေနော်။

    ဒီနည်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ပြီး တုပ်ကွေးကို ကာကွယ်လို့ရပါတယ်

    ဆင်ခြင်လို့ရတဲ့အခြေအနေတွေကို ဆင်ခြင်လိုက်ဖို့ဆိုတာဖြစ်နိုင်ပေမယ့် ဆင်ခြင်လို့မရတဲ့အနေအထားမျိုး (ဥပမာ -ရောဂါအခံတစ်ခုခုရှိနေတာ) ဆိုရင်တော့ ဆင်ခြင်ဖို့မဖြစ်နိုင်ဘူးလေ။ ဒီလိုအခြေအနေမျိုးမှာတော့ တုပ်ကွေးအန္တရာယ်ကနေကာကွယ်ဖို့ ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်ကြည့်ဖို့ပြော ပါရစေ။

    လက်တွေကို ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်ဆေးကြောတတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ – လက်မှာကပ်ငြိနေနိုင်တဲ့ ဘက်တီးရီးယားတွေကြာင့် ဖျားနာမှု မဖြစ်စေဖို့ပါ။

    နေ့စဉ်ထိတွေ့နေရတဲ့နေရာတွေကို ပိုးသတ်သန့်စင်ပေးပါ -နေ့စဉ်ထိတွေ့မိနေတဲ့ အိမ်ထောင်ပရိဘောဂတွေ၊ ပစ္စည်းပစ္စယတွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်တာကြောင့်နေ့စဉ် ပိုးသတ်သန့်စင်ပေးပါ။

    ချောင်းဆိုးနှာချေတဲ့အခါ တစ်သျှူးကိုအသုံးပြုပေးပါ – ကိုယ်တိုင်ချောင်းဆိုးနှာချေရင်ဖြစ်ဖြစ် ပတ်ဝန်းကျင်က အခြားသူတွေ နှာချေနေရင်ဖြစ်ဖြစ် နှာခေါင်းနဲ့ ပါးစပ်ကို တစ်သျှူးစနဲ့အုပ်ထားပေးပါ။

    မျက်လုံး၊နှာခေါင်း၊ ပါးစပ်တွေကို လက်နဲ့ မထိတွေ့ပါနဲ့လက်ချောင်းတွေက ဘက်တီးရီးယားတွေ အပုံလိုက်ကိုရှိနေနိုင်တဲ့နေရာပါ ဒါကြောင့် လက်နဲ့ မျက်နှာကို ခဏခဏမကိုင်ပါနဲ့။

    ပြည့်ဝတဲ့အိပ်စက်ချိန်ထားရှိပေးပါအိပ်စက်မှုက အဖိုးအခမပေးရတဲ့ ကျန်းမာစေတဲ့ဆေးတစ်မျိုးပါ။ ဒါကြောင့် အလကားရထားတဲ့ ကိုယ်ပိုင်အိပ်ချိန်လေးကို အလဟဿမဖြစ်ပါစေနဲ့။

    အာဟာရပြည့်ဝမျှတအောင်စားသုံးပေးပါ – ကြိုက်တာလေးစားရမှ ခံတွင်းမြိန်တာဆိုပေမယ့် အာဟာရြပည့်ဝမျှတရဲ့လားဆိုတာသေချာဆန်းစစ်ပါ၊ လို့ပြောပါရစေ။

    နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ – ကိုယ်ခံအားကောင်းစေပြီး စိတ်ဖိစီးမှုကင်းစင်စေနိုင်တာကြောင့်နေ့စဉ် ပုံမှန် ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။

    တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပေးပါ – ကျန်းမာရေးအတွက်ရော လူမှုဆက်ဆံရေးအတွက်ပါလိုအပ်တဲ့အချက်တစ်ခုဖြစ်လို့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာလေးလုပ်ပြီး ကျန်းမာရေးကိုဂရုစိုက်ပါ။

    တုပ်ကွေးဖြစ်နေသူတွေနဲ့ အနီးကပ်မနေပါနဲ့ – တုပ်ကွေးဖြစ်နေသူနဲ့ အနီးကပ်နေထိုင်တာကရောဂါပိုးအလွယ်တကူကူးစက်ခံရနိုင်တာကြောင့် သတိထားဖို့ပြောပါရစေ။

    ကြိုတင်ကာကွယ်ပါ – အအေးမိဖျားနာတာ၊ တုပ်ကွေးဖြစ်တာတွေကို ကြိုတင်ကာကွယ်လို့ရပါတယ်။ ကိုယ်ခံအားနည်းနေတယ်၊ရောဂါအခံရှိနေတယ်ဆိုရင်တော့ အအေးမိ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဖယ်ရှားပေးနိုင်တဲ့Nasal Spray ကိုအသုံးပြုလို့ရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မျာ ဖျားနာသူတစ်ဦးဦးရှိနေပြီဆိုရင်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ Nasal Spray ကို အသုံးပြုလို့ရပါတယ်။

    တုပ်ကွေးကင်းစင်ပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ထားချင်ရင်လုပ်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုက ခံတွင်းသန့်ဆေးရည် ကိုအသုံးပြုတာပါ။ ခံတွင်းသန့်ဆေးရည်က ခံတွင်းကျန်းမာရေးကိုစောင့်ရှောက်ပေးရုံတင်မဟုတ်ဘဲ အအေးမိတုပ်ကွေးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်သေးတယ်ဆိုတော့ တုပ်ကွေးကာကွယ်ဖို့ သုံးကြည့်သင့်တဲ့နည်းလမ်းတစ်ခုပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement