ဆင်တုပ်ကွေးဖြစ်ပြီးနောက် မြန်မြန်နာလန်ထူအောင် ဘာတွေစားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲဖြစ်ပါတယ်။

အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့်သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေရောဂါပိုပြင်းထန်တတ်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် –

  • နားနားနေနေနေပါ။
  • ရေများများသောက်ပါ။
  • ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။
  • အာဟာရပြည့်ဝအောင်စားပါ။
  • Chikungunyaဖြစ်ပြီးပြီဆိုလည်းပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။နေမကောင်းဖြစ်နေတဲ့ကိုယ့်ကို ကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။

အဖျားကျပြီး သက်သာလာတဲ့ နာလန်ထအချိန်ကလည်း အရေးကြီးပါတယ်။ ဒါမှ ဆင်တုပ်ကွေးလက်ကျန်ဝေဒနာဒဏ်ကို တွန်းလှန်နိုင်ပြီးမြန်မြန်ပျောက်ကင်းနိုင်မှာပါ။

မြန်မြန်နာလန်ထူနိုင်အောင် ဘာတွေစားရမလဲ

ရေ

တုပ်ကွေးဖြစ်နေတဲ့အချိန်မှာရော၊ သက်သာလာတဲ့အချိန်မှာရောရေများများသောက်ပေးသင့်ပါတယ်။ရေ သို့မဟုတ်ရေဓါတ်ပြည့်စေမယ့် အရည်တွေများများဝင်အောင် ဂရုစိုက်ပါ။

အုန်းစိမ်းရည်

အုန်းစိမ်းရည်သောက်ရင် ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီးရေဓါတ်ပြည့်ဝစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အတွက်လည်း အထောက်အကူပေးလို့ အုန်းစိမ်းရည်လေးသောက်ပေးပါ။

အစိမ်းရင့်ရောင်အသီးအရွက်

အစိမ်းရောင်အသီးအရွက်တွေက ကယ်လိုရီနည်းသလိုချေဖျက်ရလွယ်တယ်။ ဒီလိုအချိန်မှာ ခန္ဓါကိုယ်ကို ပြန်ဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့ ဗီတာမင်တွေအများကြီးပါဝင်တယ်။ ဒီဗီတာမင်တွေကြောင့် ဆင်တုပ်ကွေးလိုရောဂါတွေကနေ ကျန်းမာရေးပြန်ကောင်းမွန်လာဖို့ အထောက်အပံ့များစွာရနိုင်ပါတယ်။

စွပ်ပြုတ်

အိမ်မှာပဲ ချက်တဲ့ အသားနဲ့ အသီးအရွက်ဟင်းရည်၊ စွပ်ပြုတ်လေးတွေသောက်ပါ။ မုန်လာဥဖြူ သို့မဟုတ် ဥနီပါရင်ပိုကောင်းပါတယ်။

ပန်းသီးနဲ့ ငှက်ပျောသီး

ဆင်တုပ်ကွေးဖြစ်ရာကနေ သက်သာကာစအချိန်မှာ ပန်းသီးနဲ့ ငှက်ပျောသီး စားပေးပါ။ ပန်းသီးမှာ အစာခြေလမ်းကြောင်းကို သန့်စင်ကျန်းမာစေတဲ့ အမျှင်ဓါတ်တွေကြွယ်ဝပြီး ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။ ငှက်ပျောသီးမှာလည်း ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူကိုသန့်စေတဲ့ အမျှင်ဓါတ်တွေပါဝင်ပါတယ်။

ရှောင်ရမှာက –

  • အချိုများတဲ့အစားအစာတွေ၊ အသင့်စားသရေစာနဲ့ အဆီများတာတွေရှောင်ပါ။
  • ကဖင်းနဲ့ ဂက်စ်ပါတဲ့သောက်စရာတွေကိုရှောင်ပါ။
  • ဆေးလိပ်၊ အရက်ရှောင်ပါ။
  • ပြုပြင်စီမံထားတဲ့၊အေးခဲထားတဲ့ အစားအစာတွေကိုရှောင်ပါ။
  • အပူအစပ်တွေရှောင်ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစားအသောက် တွေကို အလွန်အကျွံစားမယ်ဆိုရင်

အစားအသောက် အလွန်အကျွံစား စိတ်ဖိစီးမှု စိတ်ညစ်တိုင်းစား buffet ဘူဖေး ရင်ပြည့်ရင်ကယ် ပျို့အန် ကယ်လိုရီတက် အဆီစု ဆာလောင် ဗိုက်ပြည့် စားချင်စိတ် အဝလွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အစားရွေးတဲ့ ကလေးတွေအတွက် မိဘများ ဘယ်လိုပြင်ဆင်ကြမလဲ

အစားရွေး ကလေး အာဟာရ မိဘ မိခင်နို့ ဖိအားပေး အသား အရွက် နွားနို့ ကြီးထွားဖွံ့ဖြိုးမှု ရောဂါ ဖျားနာ မုန့်ပဲသရေစာ အချို အားဆေး ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

မိုးရာသီ မိုးတွင်း မိုးအေးချိန် ကလေး ကျန်းမာရေး မိဘများအတွက်လမ်းညွှန် အဖြစ်များဆုံးရောဂါများ ကူးစက်ပြန့်ပွားမှု ကလေးပြုစုစောင့်ရှောက်ခြင်း ရောဂါပိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

အအေးဒဏ် အအေး အအေးမိ ချမ်းတုန်ခြင်း ကိုယ်အပူချိန် အကြောင်းရင်း အားနည်းခြင်း ကိုယ်ခံအားစနစ် ဗီတာမင် ချို့တဲ့ခြင်း အာဟာရ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့။

အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020
ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020

ပိန်ပြီးညှက်လွန်းနေတဲ့ ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020