အရေပြားပေါ်မှာရေကြည်ဖုလေးတွေဖြစ်နေတယ်ဆိုရင် ကုတ်ဖဲ့တာ၊ဖောက်ထုတ်တာ ဆိတ်ဆွတာမျိုးမလုပ်သင့်ပါဘူး။ အနာကအပေါက်ဖြစ်သွားတဲ့အခါ အနာကျက်နှေးသွားနိုင်သလို အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေလည်းများသွားပါတယ်။ အပေါ်ယံအရေပြားလွှာကရောဂါပိုးတွေကို ကာကွယ်ပေးထားတဲ့ အရံအတားတစ်ခုပါ။
ရေကြည်ဖုက မပေါက်တတ်တဲ့အရာတော့ မဟုတ်ပါဘူး။ရေကြည်ဖုက သူ့အလိုလိုပေါက်ထွက်တတ်ပါတယ်။ရေကြည်ဖုပေါက်သွားတဲ့အခါ အနာထဲကိုရောဂါပိုးတွေ မဝင်ရောက်အောင်မတားဆီးနိုင်တော့ပါဘူး။သေးငယ်တဲ့ အရေပြားပေါက်ပြဲရာကနေတဆင့်ရောဂါပိုးတွေက အလွယ်တကူဝင်ရောက်လာပြီး အနာကျက်နှေးတာနဲ့ မလိုလားအပ်တဲ့ အနာပိုးဝင်မှုပြဿနာတွေဖြစ်လာနိုင်ပါတယ်။
တကယ်လို့ရေကြည်ဖုကပေါက်သွားပြီဆိုရင်တော့အပေါ်ယံအရေပြားကို ပိုးသတ်ထားတဲ့ ကတ်ကြေး၊ လက်သည်းညှပ် ဒါမှမဟုတ် အပ်တစ်ခုခုကို အသုံးပြုပြီးအနာပေါက်ကိုဖောက်ပေးပါ။ အရည်တွေကုတ်သွားအောင်ထုတ်လိုက်ပါ။ပြီးရင် သန့်ရှင်းရေးလုပ်ပြီး အဆီတစ်မျိုးမျိုးလူးပေးပါ။ အနာပေါ်ကို ပတ်တီးစသန့်သန့်လေးအုပ်ပေးပြီး စက္ကူတိတ်နဲ့ကပ်ပေးပါ။
အနာပေါက်ဖြစ်အောင်ရေကြည်ဖုကိုဖယ်ရှားတဲ့အခါမှာလည်း အရေပြားအားလုံးကိုဖယ်ထုတ်ပစ်ဖို့တော့မလိုပါဘူး။ရေကြည်ဖုရဲ့ အရေပြားက အရေပြားအောက်ဘက်ကအလွှာတွေကို ကာကွယ်ပေးနေဆဲဖြစ်တာကြောင့် အလုံးစုံကို မဖဖယ်ထုတ်ဖို့ပြောပါရစေ။ သတထားရမှာတစ်ခုကရေကြည်ဖုကိုဖယ်ရှားတဲ့အခါ အသုံးပြုမယ့် အပ်၊ ကပ်ကြေး၊ လက်သည်းညှပ်တွေကို အရက်ပြန်ထဲမှာ မိနစ် ၂၀ ကြာစိမ်ထားပြီး ပိုးသတ်တာမျိုးလုပ်ပေးဖို့ပါ။ အရက်ပြန်အလွယ်တကူမရှိဘူးဆိုရင်Betadineဆေးရည်နဲ့ပိုးသတ်ပေးလို့လည်းရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။