ဘယ်လိုကုသမလဲ
ဖိအားကိုလျှော့ခြင်း
ဖိအားကြောင့်ဖြစ်သောအနာ ကိုကုသရာမှာ ပထမဆုံးအဆင့်ကတော့ ထိုအနာကိုဖြစ်စေတဲ့ ဖိအားကို ဖယ်ရှား လျှော့ချလိုက်ခြင်း ဖြစ်တယ်။ ထိုသို့လျှော့ချခြင်းမှာ ပုံစံအနေအထားပြောင်းခြင်း၊ အခုအခံများ ခံထားခြင်းတို့ ပါဝင်တယ်။ ထိုကဲ့သို့ အနာများဖြစ်နေရင် မကြာခဏ အနေအထားပြောင်းပေးဖို့၊ နေရာမှန် အနေအထားတွေမှာ နေဖို့က အရေးကြီးပါတယ်။ သက်တောင့်သက်သာ ရှိစေမယ့် မွေ့ရာ၊ အိပ်ရာနဲ့ ကူရှင်တွေလည်း သုံးနိုင်တယ်။
အနာကိုသန့်စင်ခြင်း၊ ဆေးထည့်ခြင်း
ဖိအားကြောင့်ဖြစ်သော အနာတွေကိုသန့်စင်ပေးပြီး ရောဂါပိုးတွေ မဝင်အောင် ဂရုစိုက်နေဖို့ကလည်း အရေးကြီးပါသေးတယ်။ အဆင့် (၁) အနာတွေ ( အရေပြားပေါက်ပြဲခြင်းမရှိသေးတဲ့အနာ) အတွက် ဆပ်ပြာပျော့ပျော့နဲ့ အသာအယာ ဆေးကြောပြီး ခြောက်သွေ့အောင် ပြန်သုတ်ပါ။ ဒါပေမယ့် ပေါက်ပြဲနေပြီဆိုတော့ ဆေးမထည့်ခင်မှာ ဆားရည်နဲ့ ဆေးကြော သန့်စင်ပေးပါ။
ဆေးထည့်ပြီးပတ်တီးစည်းထားခြင်းတွေဟာ အနာဘေးပတ်ဝန်းကိုခြောက်သွေ့စေကာ အနာကိုစိုစွတ်နေအောင် ထိန်းထားနိုင်ပြီး ရောဂါပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးထားနိုင်ပါတယ်။ လိမ်းဆေးဂျယ်လ်၊ ပတ်တီး၊ ပလာစတာ၊ ဆေးပတ်တီး ကြိုက်ရာသုံးနိုင်ပါတယ်။
ထိခိုက်ထားသောအရေပြားကိုဖယ်ပစ်ခြင်း
ထိခိုက်ထားသော အရေပြား၊ တစ်သျှူးတွေကို အနာအခြေအနေ၊ လူအခြေအနေ၊ ကုသမှုဦးတည်ချက်တွေပေါ်မူတည်ပြီး နည်းအမျိုးမျိုးနဲ့ဖယ်ပစ်နိုင်တယ်။ ခွဲစိတ်ဖယ်ရှားခြင်၊ အထူးပြုစက်ပစ္စည်းများသုံးခြင်း၊ အင်ဇိုင်းများဖြင့် အနားကိုစား
စေခြင်း စသည်ဖြင့်နည်းအမျိုးမျိုးရှိပါတယ်။
နာကျင်မှုကိုသက်သာစေခြင်း၊ ပဋိဇီဝဆေးများ သောက်ခြင်း၊ လိမ်းခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်းနှင့် ပတ်သက်ပြီး အကောင်းမွန်ဆုံးသော နည်းလမ်းကို စဉ်းစားစီစဉ်ခြင်း၊ အကြောဆွဲခြင်း ကြွက်သားတောင့်ခြင်းကို သက်သာစေခြင်း၊ ဖိအားဖြေလျှော့ခြင်း စသည့်နည်းအမျိုးမျိုးကိုလည်း သုံးနိုင်ပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။