နှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 5, 2020 . 2 mins read
Share now

လူသားတို့ရဲ့နှလုံးမှာ အခန်းလေးခန်းပါဝင်ပြီး အဆို့ရှင်လည်း လေးခုပါဝင်ပါတယ်။ အဆို့ရှင်များရဲ့ တာဝန်ကတော့ သွေးလည်ပတ်မှုလမ်းကြောင်းကို ဖြောင့်ဖြူးစွာ ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။

သွားလိုရာနေရာကို ညှစ်ထုတ်ပေးပြီးသွားရင် သွေးများကို နောက်ပြန်စီးလာခြင်း မဖြစ်အောင် ဖွင့်တလှည့် ပိတ်တလှည့်နဲ့ တံခါးရွက်တွေလိုမျိုး လုပ်ဆောင်ပေးပါတယ်။ အဆိုပါ အဆို့များဟာ သူတို့ရဲ့ပုံမှန်လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခြင်းမရှိတော့ရင် နှလုံးအဆို့ရှင်ရောဂါ (valvular heart disease) ဖြစ်ပွားပါတယ်။

နှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ခြင်း ဘာကြောင့်လုပ်ဆောင်ဖို့လိုသလဲ

နှလုံးကနေ သွေးများကို ညှစ်ပို့ခြင်း၊ ပြန်လည်လက်ခံခြင်း စတာတွေကို လုပ်ဆောင်ချိန်မှာ အဆို့ရှင်များဟာ အရေးပါပါတယ်။ တွန်းပို့လိုက်တဲ့ သွေးတွေကို နောက်ကြောင်းပြန်မလာအောင် တားဆီးပေးခြင်းအားဖြင့် အရပ်မျက်နှာတဖက်တည်းကိုပဲ စီးစေပါတယ်။

အကယ်၍ အဆို့ရှင်ပျက်စီးရင်တော့ သွေးလည်ပတ်မှုမှာ ထိခိုက်လာနိုင်ပါတယ်။ သွေးကြောများမာကြော ကျဉ်းမြောင်းလာချိန်မှာ ကြွက်သားတွေဟာ ပိုမိုလုပ်ဆောင်လာရပါတယ်။ အဆို့ရှင်ရဲ့ ကြွက်သားတွေ အားနည်းလာတဲ့အခါ အဆို့ရှင်တံခါးရွက်များဟာ တောင့်တင်းစွာ ပိတ်ထားရမယ့်အချိန်မှာပါ မလုံဘဲ ပွင့်နေစေပါတယ်။ သွေးများကို နောက်ပြန်စီးစေပါတယ်။ အဆိုပါ အခြေအနေမှာ

မောပန်းနွမ်းနယ်ခြင်း

– မူးဝေခြင်း

– သတိလစ်ချင်သလိုဖြစ်ခြင်း

– အသက်ရှူမဝခြင်း

ရင်ဘတ်အောင့်ခြင်း

– အရည်များစုပြီး ဖောရောင်ခြင်း (အထူးသဖြင့် ခြေထောက်ပိုင်း)

ဒီထက်ပိုမိုဆိုးရွားစွာ ပျက်စီးလာရင် နှလုံးဟာ ပုံမှန်အလုပ်တွေ မလုပ်ဆောင်နိုင်တော့ဘဲ ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားလာနိုင်တဲ့အတွက် နှလုံးအဆို့ရှင်ကို အစားထိုးခွဲစိတ်ဖို့ လိုအပ်ပါတယ်။

အဆို့ရှင်အမျိုးအစားများ

ဓာတုနည်းပညာနဲ့ ဖန်တီးတဲ့ အဆို့ရှင်နဲ့ ဇီဝနည်းပညာနဲ့ ဖန်တီးတဲ့ အဆို့ရှင်ဆိုပြီး ရှိပါတယ်။ ဓာတုနည်းပညာအနေနဲ့ ကာဘွန်၊ ပေါ်လီအီစတာ စတာတွေကနေ ပြုလုပ်ထားပြီး သဘာဝအဆို့ရှင်နဲ့ အနီးစပ်ဆုံးတူအောင် ဖန်တီးထားပါတယ်။ mechanical valve လို့ ခေါ်ပါတယ်။ ဆယ်နှစ်နဲ့ အနှစ်နှစ်ဆယ်ကြား ခံပါတယ်။

သူ့ရဲ့အားနည်းချက်ကတော့ သွေးခဲနိုင်ခြေပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါအဆို့ရှင် အမျိုးအစားကို အစားထိုးမယ်ဆိုရင် နောက်ပိုင်းမှာ သွေးကျဲဆေးတမျိုးမျိုး စွဲသောက်ရတတ်ပါတယ်။

ဇီဝနည်းနဲ့ ဖန်တီးတဲ့အဆို့ရှင်ကိုတော့ လူ ဒါမှမဟုတ် တိရစ္ဆာန်ရဲ့ တစ်ရှူးကနေ ပြုလုပ်ပါတယ်။ တိရစ္ဆာန်တစ်သျှူးဆိုရင် ဝက်၊ နွား စတဲ့ တိရစ္ဆာန်များရဲ့ တစ်ရှူးကနေ ပြုလုပ်ထားပါတယ်။ ဓာတုနည်းနဲ့ ပြုလုပ်တဲ့ အဆို့ရှင်လောက်တော့ သက်တမ်းကြာကြာ မခံနိုင်ပါဘူး။

ဘယ်အမျိုးအစားကို အစားထိုးမယ်ဆိုတာ လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ သွေးကျဲဆေးများ သောက်နိုင်မသောက်နိုင်၊ နှလုံးရောဂါ အခြေအနေ စတာတွေပေါ်မူတည်ပြီး ဆရာဝန်က ရွေးချယ်ပါလိမ့်မယ်။

အဆို့ရှင်အစားထိုးခြင်း အမျိုးအစားများ

အဆို့ရှင်အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ခွဲစိတ်ခြင်းအမျိုးအစားတွေကတော့

– Mitral အဆို့ရှင်အစားထိုးခြင်း

– Aortic အဆို့ရှင်အစားထိုးခြင်း

– Mitral နှင့် Aortic အဆို့ရှင်နှစ်ခုစလုံး အစားထိုးခြင်း

အဆုတ်သွေးကြောအဆို့ရှင် အစားထိုးခြင်း စတာတွေ ဖြစ်ပါတယ်။

ခွဲစိတ်မှုအစီအစဉ်

မေ့ဆေးပေးပြီး လုပ်ဆောင်ပါတယ်။ သမားရိုးကျ (Conventioanl) ခွဲစိတ်မှုနည်းလမ်း၊ ခွဲစိတ်ဧရိယာ အနည်းဆုံးဖြစ်မယ့် (Minimally invasive) နည်းလမ်း စသဖြင့် နည်းလမ်းနှစ်မျိုး ရှိပါတယ်။ သမားရိုးကျ ခွဲစိတ်တဲ့နည်းလမ်းကတော့ လည်ပင်းကနေ ဝမ်းဗိုက်လောက်ထိ ခွဲစိတ်ရာ ပေးရတတ်ပါတယ်။ ခွဲစိတ်တဲ့ဧရိယာအနည်းဆုံးနည်းလမ်းကတော့ ခွဲစိတ်တဲ့လမ်းကြောင်းပိုတိုပြီး ရောဂါပိုးဝင်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

ခွဲစိတ်စဉ် သွေးလည်ပတ်မှုအတွက်ရော၊ အဆုတ်အသက်ရှူဖို့အတွက်ပါ စက်ကိရိယာနဲ့ ချိတ်ဆက်ပေးထားပါတယ်။ ဆရာဝန်ဟာ သင့်ရင်ဘတ်အရိုးများကိုပါ ဖယ်ပြီး နှလုံးကနေ မကောင်းတဲ့ အဆို့ရှင်ကို ဖယ်ထုတ်ပါလိမ့်မယ်။ ပြီးရင် အဆို့ရှင်အသစ်နဲ့ အစားထိုးပေးပါလိမ့်မယ်။ ဒီခွဲစိတ်မုှဟာ အနည်းဆုံး နှစ်နာရီခန့် ကြာနိုင်ပါတယ်။

ခွဲစိတ်ပြီးအခြေအနေ

ခွဲစိတ်ပြိးချိန်မှာ လူနာကို အထူးစောင့်ကြည့်ရတဲ့အခန်းကို ရွှေ့ပြောင်းထားပြီး အခြေအနေကို စောင့်ကြည့်ပါလိမ့်မယ်။ အခြေအနေကောင်းမွန်မှ ပုံမှန် ဆေးရုံအခန်းကို ရွှေ့ပြောင်းပေးပါလိမ့်မယ်။ ဆေးရုံမှာ တပတ်ခန့် နေရနိုင်ပါတယ်။

ခွဲစိတ်ပြီးချိန် ပုံမှန်လူကောင်းတယောက်လို ပြန်ဖြစ်ဖို့ ရက်သတ္တပတ်အနည်းငယ်ကနေ လနဲ့ချီပြီး ကြာနိုင်ပါတယ်။ အနာကျက်နှုန်း၊ လူနာရဲ့အခြေအနေ၊ ခွဲစိတ်ပုံ စတာတွေပေါ် မူတည်ပါတယ်။ နှလုံးအဆို့ရှင်ခွဲစိတ်မျဟာ တခြားခွဲစိတ်မှုတွေလိုပဲ နောက်ဆက်တွဲပြဿနာတွေ ရှိနိုင်ပါတယ်။

နောက်ပိုင်းမှာ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ခွဲစိတ်ရာတဝိုက် နာကျင်ရောင်ရမ်းခြင်း၊ ခွဲစိတ်ရာမှ သွေး၊ အရည် စတာတွေ ပိုမိုစီးထွက်လာခြင်း စတာတွေကြုံလာရရင် ဆရာဝန်နဲ့ ပြန်လည်ပြသဖို့ လိုပါတယ်။

ဆရာဝန်ချိန်းဆိုတဲ့ အချိန်တိုင်း သွားရောက်ပြသပါ။ ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်တာပါ။ လုံးလုံးလျားလျား နေပြန်မကောင်းခင်စပ်ကြားမှာ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ဘဲ သက်သက်သာသာနေပါ။ အာဟာရပြည့်ဝစွာ စားသောက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေ သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

ကိုယ့်ခန္ဓာကိုယ်ပေမဲ့ ကိုယ့်ရဲ့ အရေပြားအကြောင်း၊ အသားအရေအကြောင်း သင်ဒါတွေ သိပြီးသွားပြီလား။ အသားအရေ အကြောင်း ဒါတွေ သိပြီးရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

Placebo ဆေးတွေအကြောင်း

Placebo ဆိုတာ တကယ့်ဆေးနဲ့ပုံစံတူထုတ်လုပ်ထားပေမဲ့ အာနိသင်မပါဝင်တဲ့ဆေးတွေ ဖြစ်ပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

နှလုံးခုန်စည်းချက်မမှန်ခြင်းအကြောင်း

နှလုံးခုန်တယ်ဆိုတာ နှလုံးရဲ့ကြွက်သားတွေ ကျုံ့လိုက်ဆန့်လိုက်ပြုလုပ်နေတဲ့ လှုပ်ရှားမှုပါပဲ။ ဒီလှုပ်ရှားမှု (နှလုံးခုန်ခြင်း) ဟာ သူ့စည်းချက်နဲ့သူ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 10, 2020 . 3 mins read
အစာအိမ်အူလမ်းကြောင်းတွင် E Coli ရောဂါပိုးကူးစက်ခြင်း

အစာအိမ်အူလမ်းကြောင်းတွင် E Coli ရောဂါပိုးကူးစက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read
ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 3 mins read