ကျောက်ကပ်ဆေးတယ်ဆိုတာ ကျောက်ကပ်ရောဂါတွေကို ကုတဲ့ နည်းမဟုတ်ပါဘူး။ မြင်သာအောင် ပြောရရင် ကျောက်ကပ်ရဲ့ ပုံမှန်လုပ်ငန်းတွေကို အပြင်ကနေ ဝင်ပြီးကူညီပေးတဲ့ သဘောပါ။ ကျောက်ကပ်အစားထိုး ကုသမှု မခံယူမချင်း စွန့်ထုတ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကျောက်ကပ်ဆေးခြင်းကို ပုံမှန် လုပ်နေရမှာ ဖြစ်ပါတယ်။
ကျောက်ကပ်ထိခိုက်တာ နောက်ဆုံးအဆင့်ဖြစ်နေပြီ။ ကျောက်ကပ်အစားမထိုးချင်ဘူး။ ကျောက်ကပ်ပဲ ဆေးမယ်ဆိုရင် သက်တမ်းဘယ်လောက်ခံမှာလဲ။
ကျောက်ကပ်မကောင်းရင် ကြာကြာခံမှာ မဟုတ်ဘူးဆိုတာကို ကြားဖူးကြမှာပါ။ ဒါပေမယ့် နောက်ဆုံအဆင့်ထိ ပျက်စီးနေတဲ့ကျောက်ကပ်ကို အစားမထိုးဘဲ ကျောက်ကပ်ဆေးပြီးပဲ ဆက်ထိန်းထားမယ်ဆိုရင် နောက် ၅ နှစ်ကနေ ၁၀ အထိ ဆက်ပြီး သက်တမ်းဆွဲထားနိုင်မှာ ဖြစ်ပြီး တစ်ချို့ဆို နောက် အနှစ် ၂၀ ၊ ၃၀ လောက်တောင် ဆက်ပြီး နေထိုင်သွားနိုင်ကြပါတယ်။ ရှောင်ရန် ဆောင်ရန်လေးတွေသိချင်ရင်တော့ ဆရာဝန်တွေနဲ့တိုင်ပင်ဖို့ လိုတာပေါ့။
နောက်ထပ်သိထားသင့်တာတွေကတော့
- ကိုယ်ခံယူတဲ့ ကုသမှု ပေါ်မူတည်ပြီး ကျောက်ကပ်ဆေးထားတဲ့သူတစ်ယောက်ဟာ အစားရှောင်ဖို့လိုသလို သောက်တဲ့ ရေပမာဏကိုလည်း ထိန်းသောက်ဖို့လိုပါလိမ့်မယ်။
- ကျောက်ကပ်ဆေးထားတဲ့သူတစ်ယောက်ဟာ ပုံမှန်လူကောင်းတွေလိုပဲ လှုပ်ရှားသွားလာ၊ ခရီးထွက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကျောက်ကပ်အခြေအနေကို ဆရာဝန်တွေမှာ ပုံမှန်စစ်ဆေးနေဖို့တော့ လိုတာပေါ့ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။