ဒူးခွဲစိတ်မှု နောက်ပိုင်း မဖြစ်မနေ သတိထားသင့်တဲ့ (၁၄) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 31, 2020 . 2 mins read
Share now

ထိခိုက်မှုကြောင့် ၊ အရွတ်စုတ်ပြဲခြင်းကြောင့် စတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဒူးခွဲစိတ်မှု ခံယူပြီးတဲ့နောက်မှာ အမြန်သက်သာစေဖို့၊ နောက်ဆက်တွဲပြဿနာတွေ မဖြစ်စေဖို့နဲ့ အနာပိုးမဝင်ဖို့ ဂရုစိုက်ရပါမယ်။

ကုသမှုခံယူခဲ့တဲ့ ခွဲစိတ်မှုအမျိုးအစား၊ ဝေဒနာပြင်းထန်မှု အတိမ်အနက်၊ လူနာရဲ့ ကျန်းမာရေးအခြေအနေကို မူတည်ပြီး ၁ ရက်ကနေ ၃ ရက်လောက်တော့ ဆေးရုံတက်ရပါလိမ့်မယ်။

နာကျင်မှု ရှိနိုင်ပေမယ့် ကုသမှု အပြီး နောက်တစ်ရက်မှာ အထိန်းကိရိယာတစ်ခုခုနဲ့ဖြစ်ဖြစ် ထဖို့၊ လမ်းနည်းနည်း လျှောက်ကြည့်ဖို့ ကျန်းမာရေးစောင့်ရှောက်သူတွေက ဂရုစိုက်ပေးမှာပါ။

ကိုယ့်ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ၊ ပြန်လည်ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့တော့ အရေးကြီးပါတယ်။ ဒူးသန်မာစေဖို့ ရည်ရွယ်တဲ့ ပြန်လည်သန်စွမ်းရေး ကုထုံးတွေ၊ လေ့ကျင့်ခန်းတွေ ရှိမယ်၊ ဒါတွေက အနည်းငယ် နာကျင်ရနိုင်ပေမယ့် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ခြေ နည်းစေပါတယ်။

အများစုက ဒူးခွဲစိတ်မှု ကုသအပြီး ၆ ပတ်အကြာမှာ ပုံမှန်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ပါပြီ။ ဒါပေမယ့် ၃ လလောက်ထိတော့ နာကျင်မှုနဲ့ ရောင်ရမ်းမှုတချို့ ရှိနိုင်တယ်၊ တစ်ရှူးနဲ့ ကြွက်သားအမာရွတ်တွေ ပျောက်ကင်းဖို့ ၂ နှစ် ကြာနိုင်ပါတယ်။

(၁) အနာကျက်မြန်စေဖို့ နဲ့ ကြွက်သားသန်မာစေဖို့ အထောက်အကူဖြစ်မယ့် သံဓာတ်အားဆေး သောက်ပါ။

(၂) အနာ ပိုးမဝင်အောင် ဂရုစိုက်ပါ။ ပိုးဝင်တဲ့လက္ခဏာတွေ တွေ့တာနဲ့ ဆရာဝန်အမြန်ပြပါ။

(၃) ကိုယ်အလေးချိန်ကို ဒူးက သေချာထမ်းနိုင်လောက်တဲ့ အနေအထား မရောက်မချင်း လမ်းလျှောက်အကူကိရိယာ၊ ချိုင်းထောက်၊ တုတ်ကောက် တို့ကိုသုံးပါ။

(၄) ညွှန်ကြားချက်အတိုင်း ဆေးကို ပုံမှန်သောက်ပါ။

(၅) ဒူးကျန်းမာရေး အတွက် သင်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။

(၆) ထိုင်ခုံမှာ ထိုင်တဲ့အခါ ခွဲစိတ်ထားတဲ့ ခြေထောက်ကို ခွေးခြေခုံလေးနဲ့ မြှင့်ထားပါ။

(၇) နီမြန်း၊ ရောင်ရမ်း၊ သွေးထွက်၊ ပြည်တည်၊ အရည်ထွက်၊ ကိုယ်ပူတာတွေ အပါအဝင် အနာပိုးဝင်တဲ့ လက္ခဏာတွေ ရှိလာသလား သတိထား စောင့်ကြည့်ပါ။

(၈) ချော်လဲတာမျိုး ထပ်ပြီးထိခိုက်တာ မဖြစ်စေဖို့ ဂရုစိုက်ပါ။

(၉) ကုသမှု လုပ်ပြီးပြီးချင်း တစ်ပတ်၊ နှစ်ပတ်အတွင်း ဒူးကွေးမချဖို့၊ အလေးအပင် မ မ ဖို့ သတိထားပါ။

(၁၀) အနာ သေချာမကျက်သေးဘဲ ရေစိုမခံပါနဲ့။ အနာပိုးဝင်ဖို့ လွယ်စေနိုင်ပါတယ်။

(၁၁) အချိန်အကြာကြီး မတ်တတ်မရပ်ပါနဲ့။ ခြေကျင်းဝတ်တွေ ရောင်လာနိုင်တယ်။

(၁၂) ထိုင်တဲ့အခါ ခြေထောက်ချိတ်ပြီး မထိုင်ပါနဲ့။

(၁၃) ဒူးကို ဖိအားများစေမယ့် လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

(၁၄) နာကျင်မှုကို လျစ်လျူမရှုပါနဲ့။ လိုအပ်ရင် သောက်ဖို့ ပေးထားတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ပါ။ ပိုဆိုးလာရင်၊ ထူးခြားတဲ့လက္ခဏာရှိလာရင် ဆရာဝန် ပြန်ပြပြီး တိုင်ပင်ပါ။

တကယ်လို့ ဒူးဆစ် ခွဲစိတ်ကုသ ထားတဲ့နေရာက ပိုပြီး ရောင်ရမ်းလာတာ၊ နီမြန်းလာတာ၊ အရည်ထွက်လာတာ၊ ပြည်တည်လာတာ၊ အဖျားတက်လာတာ လိုမျိုး ပိုးဝင်တဲ့ လက္ခဏာတွေ ရှိလာရင် ချက်ချင်းကုသမှု ခံယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

အအေးမိတယ်။ တုပ်ကွေးဖြစ်တယ်။ သက်တော့ သက်သာလာပါရဲ့ စားလိုက်ရင် ခံတွင်းမတွေ့ဘူး။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အူအတက်ခွဲစိတ်ကုသခြင်း

အူအတက်ခွဲစိတ်ကုသခြင်း (Appendectomy) ဆိုတာဟာ ရောင်ရမ်းလာတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အရေးပေါ် ခွဲစိတ်ကုသမှုတမျိုး ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း

သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read