Hairy Cell Leukemia (အမွေးထူဆဲလ် သွေးကင်ဆာ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hairy Cell Leukemia (အမွေးထူဆဲလ် သွေးကင်ဆာ) ကဘာလဲ။

အမွေးထူဆဲလ် သွေးကင်ဆာသည် ရှားပါးသော သွေး ကင်ဆာ အမျိုးအစားတစ်ခု ဖြစ်သည်။ B cells သို့မဟုတ် lymphocyte ဟူသော သွေးဖြူဥ အမျိုးအစား၏ ရောဂါတစ်ခု ဖြစ်သည်။ ဆဲလ်များသည် အဏုကြည့်မှန်ပြောင်း အောက် တွင် အမွေးထူပုံပေါက်သောကြောင့် နာမည်ပေးထားခြင်း ဖြစ် သည်။ ဤသွေးကင်ဆာ အမျိုးအစားသည် အမျိုးသမီးများ ထက် အမျိုးသားများတွင် ပို၍ အဖြစ်များသည်။ များသော အားဖြင့် သက်လတ်ပိုင်းတွင်ဖြစ်သည်။ သွေးကင်ဆာ အား လုံး၏ ၂ရာခိုင်နှုန်းသည် အမွေးထူဆဲလ် သွေးကင်ဆာ ဖြစ် သည်။

Hairy Cell Leukemia (အမွေးထူဆဲလ် သွေးကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

အမွေးထူဆဲလ် သွေးကင်ဆာသည် နာတာရှည် ရောဂါ တစ်မျိုး ဖြစ်သည်။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုဖြစ်သည်။ သက်လတ်ပိုင်းနှင့် အသက်ကြီးသူများတွင် အ များဆုံး ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များ ကို လျော့ချခြင်းဖြင့် ရောဂါဖြစ်မှုကို နည်းပါးစေနိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Hairy Cell Leukemia (အမွေးထူဆဲလ် သွေးကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်။
• လွယ်ကူစွာ အညိုမဲစွဲခြင်း၊ သွေးထွက်ခြင်း
• ချွေးအလွန်ထွက်ခြင်း(အထူးသဖြင့် ညဘက်)
• မောပန်းနွမ်းနယ်ခြင်း
• ပမာဏနည်းနည်း စားပြီးနောက် ဗိုက်ပြည့်သလို ခံစားရခြင်း
• ရောဂါပိုးကူးစက်မှုများ၊ အဖျားတက်ခြင်းများ မကြာ ခဏပြန်ဖြစ်ခြင်း
• ဝမ်းဗိုက် အပေါ်ပိုင်းဘယ်ဘက်တွင် နာကျင်ခြင်း၊ ပြည့်တင်းခြင်း
• ပြန်ရည်ကြောအဖုများ ဖောရောင်ခြင်း
• အားနည်းခြင်း
• ကိုယ်အလေးချိန်ကျခြင်း
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာများ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Hairy Cell Leukemia (အမွေးထူဆဲလ် သွေးကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ဆဲလ်များသည် DNA တွင် အမှားများ ဖြစ်ပေါ်ပြီး B cells များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာသောအခါ အမွေးထူဆဲလ် သွေးကင်ဆာ ဖြစ်ပွားပါသည်။ ထိုအခြေအနေသည် သွေးဖြူ ဥများစွာကို ဖြစ်စေပြီး ပုံမှန်သွေးဆဲလ် အရေအတွက်ကို နည်းစေသည်။ ထိုသန္ဓေပြောင်းမှုများ ဘာကြောင့်ဖြစ်ပွားရ သည်ကို မသိရှိပါ။ သုတေသနပြုလုပ်နေဆဲ ဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာအမွေးထူဆဲလ် သွေးကင်ဆာဖြစ်နိုင်ချေကို ဘာတွေကမြင့်စေ သလဲ။

အမွေးထူဆဲလ် သွေးကင်ဆာဖြစ်နိုင်ချေကို မြင့်စေသော အချို့အချက်များမှာ-
• ဓါတ်ရောင်ခြည်ဖြင့် ထိတွေ့ခြင်း
• ဓါတုပစ္စည်းများဖြင့် ထိတွေ့ခြင်း
• လွှစာမှုန့်များဖြင့် ထိတွေ့ခြင်း
ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား ရောဂါမဖြစ်နိုင်ဟုမဆိုလိုပါ။ ဤအချက်များသည် ကိုးကား ချက်သာလျင် ဖြစ်သည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါ သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hairy Cell Leukemia (အမွေးထူဆဲလ် သွေးကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ကျန်းမာရေး စောင့်ရှောက်မှုပေးသူသည် ဆေးမှတ်တမ်း၊ သွေးစစ်ခြင်း၊ ခန္ဓါကိုယ်စစ်ဆေးခြင်းတို့မှ ဦးစွာ ရောဂါအဖြေ ရှာမှုကို ပြုလုပ်သည်။ နောက်ဆုံး ရောဂါအဖြေရှာ အတည်ပြု မှုသည် သွေးတွင်း အမွေးထူ သွေးဖြူဥများ တွေ့ရှိမှုအပေါ် မူတည်သည်။ သွေး အထူးကု ဆရာဝန်ထံ လွှဲပြောင်းမှု လုပ် ပါမည်။ ရိုးတွင်းခြင်ဆီ တစ်ရှူးစယူခြင်းကို ပြုလုပ်သည်။ တစ် ရှူးစယူရာတွင် သွေးအထူးကု ဆရာဝန်သည် ရိုးတွင်းခြင်ဆီ နမူနာကိုယူကာ အဏုကြည့်မှန်ပြောင်းဖြင့် လေ့လာပါသည်။ ရိုးတွင်းခြင်ဆီ နမူနာအပေါ် ထပ်ပေါင်းစစ်ဆေးမှုများလည်း ပြုလုပ်ပါသည်။

Hairy Cell Leukemia (အမွေးထူဆဲလ် သွေးကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ဤရောဂါ၏ အစောပိုင်းအဆင့်များတွင် ကုသမှု မလိုပါ။ အချို့လူနာများသည် တစ်ခါတစ်ရံ သွေးသွင်းမှုများ လိုအပ် နိုင်သည်။
သွေးဆဲလ် အရေအတွက် အလွန်နည်းပြီး ကုသရန် လို အပ်ပါက ဓါတုကုထုံးဆေးများ အသုံးပြုနိုင်သည်။ ဖြစ်ပွားမှု အများစုတွင် ဓါတုကုထုံးသည် ရောဂါလက္ခဏာများကို နှစ် အတန်ကြာ သက်သာစေနိုင်သည်။ ထို့အပြင် ဆရာဝန်သည် cladribine (2-CDA) နှင့် 2 deoxycoformycin (DCF၊ pentostatin) စသော ဆေးအသစ်များကို အသုံးပြုနိုင်သည်။ လေးပုံ သုံးပုံသော လူများတွင် အပြည့် အ၀ တုံ့ပြန်မှုရှိသည်။ ဘေးထွက် ဆိုးကျိုးများမှာ သွေးဆဲလ်အရေအတွက် ယာယီကျခြင်း၊ ထုံကျဉ်ခြင်း၊ လက်ချောင်း ခြေချောင်းများတွင် စပ်ဖျဉ်းဖျဉ်း ခံစား ရခြင်း တို့ဖြစ်သည်။ ဓါတုကုထုံးဖြင့် မပျောက်ပါက သို့မဟုတ် ဓါတုကုထုံးလုပ်ရန် မဖြစ်နိုင်ပါက interferon သို့မဟုတ် rituximab ကိုသုံးနိုင်သည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အမွေးထူဆဲလ် သွေးကင်ဆာ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အမွေးထူဆဲလ် သွေးကင်ဆာ ကို ထိန်းချုပ်နိုင်ပါသည်။
• ရောဂါတိုးတက်မှု နှင့် ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ရန် ပုံမှန်ပြန်လည်စစ်ဆေးမှု ပြုလုပ်ပါ။
• ဆရာဝန် ညွှန်ကြားချက်များကို လိုက်နာပါ။ ဆရာဝန် အကြုံပြုသည့်အတိုင်း ဆေးသောက်ပါ။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဂျိုးခနဲ ဂျွတ်ခနဲမြည်တဲ့ အရိုးအဆစ် ပြဿနာ အဖြေရှာ

    အရိုးအဆစ် တွေ ၊ အကြောအခြင်တွေ လှုပ်ရှားလို့ မကောင်းဘဲ၊ တောင့်တင်းနေတာ၊ အသံတွေ မြည်နေတာ၊ မပေါ့ပါးဘဲ လေးလံနေတာ၊ နာကျင်ကိုက်ခဲနေတာ ဘာကြောင့်လဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Yun Sandi Nan Mon

    ကဖိန်းဓာတ်အကြောင်း ယုံတမ်းစကားတွေဟာ တကယ်မှန်ကန်ရဲ့လား

    ကဖိန်းဓာတ်၊ ကော်ဖီ၊ ချောကလက်၊ အာရုံကြောစနစ်၊ မူးယစ်ဆေးဝါး၊ ခေါင်းကိုက်၊ မောပန်း၊ စိတ်ဖိစီး၊ ကျောက်ကပ်၊ နှလုံးရောဂါ၊ ကင်ဆာ၊ ရေဓာတ်ဆုံးရှုံး၊ အသည်းရောဂါ၊

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    နှမ်းစေ့လေးကပေးတဲ့ ကျန်းမာရေး

    လက်ဖက်သုပ် နှမ်းစေ့ ကျန်းမာရေး အာဟာရ ကယ်လ်လိုရီ Copper Selenium ကျန်းမာရေး နှလုံး အသည်းရောဂါ သွေးတွင်းကိုလက်စထရော အမျှင်ဓာတ် အစာခြေစနစ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    အနီရောင် ဂေါ်ဖီထုပ်ကပေးတဲ့ ကျန်းမာရေး

    အနီရောင်ဂေါ်ဖီထုပ် ကျန်းမာရေး အာဟာရတန်ဖိုး ကျန်းမာရေး ကယ်လ်လိုရီ ပရိုတင်း ကယ်လ်ဆီယမ် ပိုတက်ဆီယမ် သံဓာတ် ကိုယ်ခံအား ဗီတာမင် C သွေးဖြူဥဆဲလ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

    ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read

    ခံတွင်းကျန်းမာရေးအတွက် ဒိန်ချဉ်တစ်ခွက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 2 mins read
    အရိုးပွရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ကြမလဲ

    အရိုးပွရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ကြမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 30, 2020 . 2 mins read
    ဘိုးဘိုး ဘွားဘွား အရွယ် အရိုးအဆစ် နာကျင်လွယ်တာ ဒါတွေကြောင့်ပါ

    ဘိုးဘိုး ဘွားဘွား အရွယ် အရိုးအဆစ် နာကျင်လွယ်တာ ဒါတွေကြောင့်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read