Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ကဘာလဲ။

အဆုတ်လေအိတ်များပျက်စီးခြင်းဆိုတာ အသက်ရှူရခက်ခြင်းကို ဖြစ်စေတဲ့ အဆုတ်ရောဂါဖြစ်ပါတယ်။ နာတာရှည်အဆုတ်ရောဂါမှာ တွေ့ရများတဲ့ပုံစံတမျိုး ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။

Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဆေးလိပ်သောက်သူတွေမှာ ဖြစ်တာများပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အသက်ရှူရခက်ခြင်း
  • ချောင်ဆိုးခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • လုံးဝန်းပြီး စည်ပိုင်းသဏ္ဍာန် ရင်ဘတ်တည်ဆောက်ပုံ ရှိပါတယ်။
  • ပြာနှမ်းခြင်း (အရေပြား၊ လက်သည်းများနဲ့ လက်ချောင်းထိပ်များမှာ ပြာနှမ်းတတ်ပါတယ်)

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါလက္ခဏာတွေရှိရင် ဆရာဝန်ပြသင့်ပါတယ်။

  • လပေါင်းများစွာ အသက်ရှူရခက်ခြင်း ဖြစ်ပေါ်ပြီး နေ့စဉ်လှုပ်ရှားမှုတွေကို အကန့်အသတ် ဖြစ်စေတဲ့အခါ။
  • နှုတ်ခမ်း၊ လက်သည်းများတွင် အပြာရောင် အညိုရောင်များ ဖြစ်လာတဲ့အခါ။
  • အာရုံစူးစိုက်ရခက်ပြီး သတိဝီရိယနဲ့ မနေနိုင်တဲ့အခါ။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အောက်ပါအချက်တွေ ဖြစ်ပါတယ်။

  • ဆေးလိပ်၊ ဆေးခြောက်များ သုံးစွဲခြင်း
  • လေထုညစ်ညမ်းခြင်း
  • ရှားရှားပါးပါးတွေ့ရတတ်တာကတော့ alpha-1-antitrypsin လို့ခေါ်တဲ့ အဆုတ်ကိုကာကွယ်တဲ့ ပရိုတိန်းချို့ယွင်းခြင်းကြောင့် ဖြစ်တတ်တဲ့ အဆုတ်ရောဂါဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေက မြင့်တက်စေပါတယ်။

  • ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်များများသောက်လေ အဆုတ်လေအိတ်များ ပျက်စီးနိုင်ခြေ ဖြစ်ပါတယ်။
  • အသက်ကြီးခြင်း။ အသက် ၄၀ကျော်လာရင် အဆုတ်ပျက်စီးခြင်း ဖြစ်နိုငခြေ ပိုများလာပါတယ်။
  • စက်ရုံလုပ်ငန်းနဲ့ ဓါတုပစ္စည်းများ ထိတွေ့ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ ရောဂါရာဇဝင်နဲ့ ဆေးလိပ်သောက်တတ်ခြင်း ရှိမရှိ၊ လေထုညစ်ညမ်းတဲ့နေရာမှာ အလုပလုပ်ရခြင်း ရှိမရှိ မေးမြန်းပါလိမ့်မယ်။

တခြားစစ်ဆေးခြင်းတွေကတော့

  • အဆုတ်ကို CT scan နှင့် ဓါတ်မှန်ရိုက်ခြင်း
  • အဆုတ်အတွင်းက သွေးလည်ပတ်မှုကို သိနိုင်ရန် သွေးစစ်ဆေးခြင်း
  • သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုင်းတာခြင်း
  • အဆုတ်အလုပ်လုပ်နိုင်စွမ်းကို စစ်ဆေးခြင်း
  • သွေးလွှတ်ကြောတွင်ပါဝင်သော ဓါတ်ငွေ့များတိုင်းတာခြင်း (သွေးပမာဏနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ)
  • နှလုံးအခြေအနေသိရန် အီးစီဂျီစစ်ဆေးခြင်း

Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ကို ဘယ်လိုကုသပါသလဲ

ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် အောက်ပါကုသမှုတွေမှာ ရောဂါအခြေအနေ ပိုမဆိုးသွားရအောင် ကာကွယ်နိုင်ပါတယ်။

  • ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ချက်ချင်းဖြတ်ပါ။
  • ချေင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း၊ ဘက်တီးရီးယား ပိုးဝင်ခြင်း စတာတွေကို လျော့ကျစေဖို့ လေပြွန်ကျယ်စေသော ဆေးများ၊ စတီးရွိုက်များ၊ ပဋိဇီဝဆေးများ ပေးပါလိမ့်မယ်။
  • အဆုတ်ကိုပြန်လည် အားကောင်းလာစေဖို့ အာဟာရဓါတ်များနဲ့ အောက်ဆီဂျင်များပေးခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ ရောဂါကြောင့် ကိုယ်အလေးချိန်နည်းသွားခြင်းကို ဖြေရှင်းပေးနိုင်ပါတယ်။
  • အဆုတ်ပမာဏလျော့ကျစေရန် ခွဲစိတ်ခြင်းနည်းနဲ့ အဆုတ်ရဲ့ မကောင်းတော့တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားလိုက်ရင် အသက်ရှူပိုကောင်းလာစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးလာရင် အဆုတ်အစားထိုးခြင်း ပြုလုပ်နိုင်ပါတယ်။

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်နိုင်ဖို့ တုတ်ကွေးနဲ့ အဆုတ်ရောဂါ ကာကွယ်ဆေးများ ပေးနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အဆုတ်လေအိတ်များပျက်စီးခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း။ ဆေးလိပ်ဖြတ်ရင် အဆုတ်ပျက်စီးခြင်း အတွက်သာမက အလုံးစုသော ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။
  • ဓါတုစက်ရုံများမှ အခိုးအငွေ့နဲ့ လေထုညစ်ညမ်းမှုများကို ကာကွယ်ခြင်း
  • နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားသုံးခြင်း
  • ရောဂါပိုးမဝင်စေရန် ကာကွယ်ခြင်း။ ဆရာဝန်ညွှန်သော ဆေးများသောက်သုံးပြီး တုတ်ကွေးဖြစ်နေသူဆီမှ ပိုးမကူးအောင် အကာအကွယ်ဝတ်ဆင်ခြင်း

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ မတ် 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 13, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။