backup og meta

Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။

    အဆုတ်တစ်ခုကောင်းကောင်း အလုပ်လုပ်ဖို့အတွက်ဆို လေပြွန်၊ အဆုတ်ကြွက်သားနဲ့ အဆုတ်လေအိတ်တွေ ကောင်းကောင်းအလုပ်လုက်ဖို့လိုပါတယ်။ လေပြွန်တွေကျဉ်းနေမယ်၊ အဆုတ်ပိုးဝင်ြပီး အဆုတ်ရောင်နေမယ် လေအိတ်လေးတွေ ပြားကပ်နေမယ်ဆိုရင် အသက်ရှူရကြပ်တဲ့ ပြဿနာတွေ ခံစားရတတ်ပါတယ်။ လေပြွန်တွေ ကျဉ်းနိုင်တဲ့ ( bronchiolitis) အဆုတ်ပိုးဝင်တဲ့ ( pneumonia ) အကြောင်းတွေ တော်တော်များများသိပြီးကြပြီးဖြစ်တော့ ခု အဆုတ်လေအိတ်လေးတွေ ပျက်စီးတဲ့ ပြဿနာ( emphysema) ကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ အကြောင်းပြောပြပေးချင်ပါတယ

    ဖြစ်စေတဲ့ အကြောင်းလေးတွေ မပြောခင် emphysema အကြောင်း အရင်ပြောပြချင်ပါတယ်။

  • နာတာရှည် အဆုတ်ရောဂါတစ်ခုဖြစ်ပြီး လေပြွန်ပိတ်ဆို့ အဆုတ်ရောဂါ ၂ မျိုးထဲက တစ်ခုပါ။
  • အဆုတ်နဲ့ ပက်သက်တဲ့ ရောဂါတွေထဲမှာဆို တတိယမြောက် လူသေမှု အများဆုံးဖြစ်စေတဲ့ နာတာရှည်အဆုတ်ရောဂါတစ်ခုပါ။
  • အဆုတ်လေအိတ်တွေကြားထဲက တစ်ရှူးစတွေ လုံးဝ ပြင်မရအောင် ပျက်စီးသွားပြီး လေအိတ်တွေကို သွားပိတ်နေတတ်ပါတယ်။ လေအိတ်တွေပိတ်သွားတာကြောင့် အတွင်းက လေတွေလည်းပိတ်မိနေ အသက်ရှူရခက်လေ ပိုရှူလေ လေတွေပိုဝင်လေနဲ့ အဆုတ်ကြီးလည်း ဖောင်းလာပါလိမ့်မယ်။ ဒီလိုနဲ့ ပိုပြီး အသက်ရှူကြပ်လာပါလိမ့်မယ်။
  • ကဲဒါလေးတွေ သိပြီးပြီဆိုတော့ ဘာ့ကြောင့် emphysema( အဆုတ်လေအိတ်တွေ ပျက်စီး)ရတာလဲဆိုတဲ့ အကြောင်းလေးလာပါပြီ။

    အဓိက အဖြစ်အများဆုံးနဲ့ လူသိအများဆုံး ၂ ခုကို အရင်ဆုံးပြောပြချင်ပါတယ်။

    ( ၁ ) ေဆးလိပ်သောက်ြခင်း-

    သိတဲ့အတိုင်း အဆုတ်နဲ့ ပက်သက်တဲံ ရောဂါတွေ အားလုံး ဆေးလိပ်ကနေပြေးလွတ်တယ်ဆိုတာ မရှိပါဘူး။ ဒီအထဲကမှ အဆိုးဆုံကတော့ emphysema ပေါ့။ ဆေးလိပ်မှာပါတဲ့ဓါတုပစ္စည်းတွေက လေအိတ်လေးတွေကို ဖျက်ဆီးလိုက်တာကြောင့် ဆေးလိပ်သောက်တဲ့သူတွေက မသောက်တဲ့သူတွေထက်စာရင် emphysema ဖြစ်နေချိန် ၆ ဆပိုများပါတယ်။ emphysema ဆိုတဲ့ ပြဿနာဟာ ဖြစ်ပြီးရင် အပြီးတိုင်ပျောက်အောင် ကုသလို့ မရတော့တာကြောင့် ဆေးလိပ်ဖြတ်နိုင်ဖို့လိုပါတယ်။

    ( ၂ ) AAT deficiencyAlpha-1 antitrypsin ပရိုတင်း ဓါတ်ချို့တဲ့ခြင်း။

    ရောဂါပိုးတွေကို တိုက်ထုတ်တဲ့ သွေးဖြူဥေတွ ပုံမှန်အတိုင်းဖြစ်အောင် ထိန်းသိမ်းနေရတဲ့ Alpha-1 antitrypsin ဓါတ်ချို့တဲ့သွားတဲ့အခါ ပြင်ပကရောဂါပိုးတွေကို မတိုက်ထုတ်နိုင်တော့တဲ့အပြင် သွေးဖြူဥတွေလည်း ပုံမှန် မဟုတ်တော့ဘဲ လေအိတ်လေးတွေကို ပြန်တိုက်တာကြောင့် လေအိတ်တွေ ပျက်စီးသွားတတ်ပါတယ်။ Alpha-1 antitrypsin ဓါတ်ချို့တဲ့နေတဲ့သူတွေဟာ emphysema အဆုတ်ပြဿနာတင်မဟုတ် နောက်ပိုင်းမှာ အသည်းြပဿနာတွေလည်း ဆက်ဖြစ်နိုင်ပါသေးတယ်။

    ( ၃ ) တဆင့်ခံဆေးလိပ်ငွေ့ရှူခြင်း –

    ဆေးလိပ်သောက်တာနဲ့ တန်းတူ ထိခိုက်တဲ့နောက်တစ်ခုကတော့တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူ ( တဆင့်ခံ ဆေးလိပ်သောက်ခြင်း) ပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဆေးလိပ်မသောက်တောင် ဘေးကနေ ဆေးလိပ်ရှူရဖန် များလာတဲ့အခါ ဆေးလိပ်သောက်တဲ့သူတွေနဲ့ တန်းတူ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီ အထဲမှာ emphysema လည်းပါတာပေါ့။

    ( ၄ ) လေထုညစ်ညမ်းခြင်း

    လေထုညစ်ညမ်းနှုန်းများလာလေလေ အဆုတ်လေအိတ်လေးတွေ ပျက်စီးတဲ့ ပြဿနာ ( emphysema) ဖြစ်လေလေလို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။ ဒါ့ကြောင့် အိမ်ပတ်ဝန်းကျင်မှာ သစ်ပင်လေးတွေများများစိုက်ပါ။ လေကောင်းလေသန့်ရအောင် ပြတင်းပေါက်တွေ များများဖွင့်ထားပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement