backup og meta

နာတာရှည် လေပြွန်ကျဉ်းရောဂါ ကို ထကြွစေသောအရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် လေပြွန်ကျဉ်းရောဂါ ကို ထကြွစေသောအရာများ

    သင့်တွင် နာတာရှည် လေပြွန်ကျဉ်းရောဂါ ရှိပါက သင့်ရောဂါကို ပိုဆိုးစေသောအရာများကို သတိပြုရမည်ဖြစ်သလို ပိုဆိုးစေနိုင်သော နည်းလမ်းများကိုလည်းသိထားသင့်ပါတယ်။ လူတစ်ဦးချင်းအပေါ်မူတည်ပြီး ကွဲပြားမှုတော့ရှိနိုင်ပါတယ်။

    ဘယ်အရာတွေက သင့်ရောဂါကိုပိုဆိုးစေသလဲ။

    ဒါတွေက သင့်အဆုတ်ကို ထိခိုက်စေပြီး အသက်ရှူပိုကြပ်စေသလို အခြားသောရောဂါလက္ခဏာများလည်း ထပ်ဖြစ်လာစေနိုင်ပါတယ်။ တကယ်လို့ သင့်ရောဂါအခြေအနေ ပိုဆိုးလာပါက ဆေးရုံတွင်အရေးပေါ်ကုသမှု ခံယူရမည်ဖြစ်သည်။

    သင့်ရောဂါကို ထကြွစေသော အကြောင်းရင်းများကိုသိပါက ၎င်းတို့ကိုရှောင်ကြဉ်နိုင်သလို ရောဂါမကြာခဏပြန်ဖြစ်ခြင်းမှလည်း လျှော့ချနိုင်ပါတယ်။ ဒါ့ပြင် ဆရာဝန်ညွှန်ကြားထားသောဆေးများကို မှန်မှန်သောက်ဖို့လည်းလိုအပ်ပါတယ်။

    ရောဂါထကြွစေသောအရာများကို ဘယ်လိုနည်းနဲ့ ရှောင်ကြဉ်မလဲ။

    အရင်ဆုံး ဘယ်အရာတွေက သင့်ရောဂါကိုပိုဆိုးစေလဲဆိုတာ သိရပါမယ်။ ရောဂါပိုဆိုးလာချိန်တွင် သင့်အနီးတွင်ရှိသော ဖြစ်နိုင်ချေရှိသော အရာများနဲ့ သင့်ရောဂါဖြပြင်းထန်ပုံကို သတိပြုပါ။ ဖြစ်နိုင်ချေရှိသည်တို့ကို ဆရာဝန်နဲ့တိုင်ပင်ကာ ရှောင်သင့်သောအရာများကို ရှောင်ကြဉ်ပါ။

    ရောဂါပိုဆိုးစေသော အကြောင်းရင်းများကို အောက်ဖော်ပြပါနည်းလမ်းများဖြင့် ရှောင်ကြဉ်နိုင်ပါတယ်။

    • ဆေးလိပ်မသောက်ပါနဲ့။ သင့်ပတ်ဝန်းကျင်ရှိသူများ ဆေးလိပ်သောက်ခြင်းကို တားမြစ်ပါ။ လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးလိပ်ဖြတ်ပါ။ ဒီနည်းလမ်းသည် သင့်အားဆေးလိပ်ပြတ်စေရန် အထောက်အကူပြုပါလိမ့်မယ်။
    • ပတ်ဝန်းကျင်တွင် ဖုန်ထူပြီး လေထုညစ်ညမ်းမှုများရှိပါက အိမ်ထဲတွင်သာနေပါ။ ပြတင်းပေါက်များကို ပိတ်ထားပြီး လေအေးပေးစက်၊ လေသန့်စင်စက်များကိုဖွင့်ထားပါ။
    • နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးပါ။ ကူးစက်ရောဂါရခြင်းမှ ကာကွယ်ရန် လက်ဆေးခြင်းကို ဂရုပြုဆောင်ရွက်ပါ။

    ရောဂါထကြွလာခြင်းကို ဘယ်လိုနည်းနဲ့ကုသမလဲ။

    သင့်ရောဂါပြန်လည်ထကြွလာသည်ဟု သတိပြုမိချိန်တွင် စိုးရိမ်စိတ်မလွန်ကဲဘဲ အောက်ပါနည်းလမ်းများအတိုင်းလုပ်ဆောင်ပါ။ အရင်ဆုံး

  • သင့်ဆရာဝန်ညွှန်ကြားထားသော ရှူဆေးကိုရှူပါ။ ဆေးသောက်ပါ။ မသက်သာလျှင် အရေးပေါ်ဌာနသို့အရောက်သွားပါ။
  • ဆရာဝန်က သင့်ကိုအခြားသောရှူဆေး သို့မဟုတ် စတီးရွိုက်ဆေးပြားများပေးလျှင် ညွှန်ကြားသည့်အတိုင်းသောက်သုံးပါ။
  • သင့်ကို ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေးများကို လိုအပ်သလိုပေးကောင်းပေးလိမ့်မည်။ တခြား လိုအပ်သောဆေးညွှန်းများကိုလည်း ထပ်ဖြည့်နိုင်ပါတယ်။
  • အချုပ်ဆိုရရင် သင်သည် သင့်ရောဂါအကြောင်းကို ကောင်းမွန်စွာသိထားသင့်ပါတယ်။ ဒါမှသာ သင့်ရောဂါကို ကုသရာတွင် ကိုယ်တိုင်အားဖြည့်ပါဝင်ရာရောက်သလို သင့်နည်းတူ အခြားသော နာတာရှင်လေပြွန်ကျဉ်းရောဂါရှိသူများကိုလည်း ကူညီပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement