Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 4, 2019 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း) ကဘာလဲ။

Cervical dysplasia လို့ခေါ်တဲ့ အခြေအနေဟာ သားအိမ်လမ်းကြောင်းမရောက်မီ သားအိပ်အဝဖြစ်တဲ့ သားအိမ်ခေါင်းကဆဲလ်တွေမူမမှန်ပုံစံပြောင်းခြင်းဖြစ်တယ်။ သားအိမ်ခေါင်းဟာ ကလေးမွေးချိန်မှာ ကလေးထွက်လို့ရအောင် ပြန့်ကျယ်ပေးရပါတယ်။

ထိုသားအိမ်ခေါင်းဆဲပြောင်းလဲခြင်းဟာ ကင်ဆာမရောက်ခင် အခြေအနေတစ်ခုဖြစ်တယ်။ ထိုရောဂါမှာ ဆဲလ်တွေဟာ ကင်ဆာဆဲလ်တွေဘဝမရောက်သေးပေမယ့် ပြောင်းလဲနေတာကို စောစီးစွာမသိဘဲ၊ မကုသဘဲထားလိုက်ပါက ကင်ဆာအဖြစ်ပြောင်းသွားနိုင်ပါတယ်။ ထိုသားအိမ်ခေါင်းဆဲလ်ပြောင်းလဲခြင်းဟာ အသက် ၃၀ အောက်အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်ပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ Human papillomavirus (HPV)လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးနဲ့ ဆက်နွယ်နေတတ်တယ်။

Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Johns Hopkins တက္ကသိုလ်ရဲ့ ကင်ဆာဌာနအရတော့ အမေရိကန်ပြည်ထောင်စုမှာတစ်နှစ်ကို ၂၅၀၀၀၀ နဲ့ ၁ မီလီယံကြား အမျိုးသမီးတွေမှာ ထိုရောဂါတွေ့နေရတယ်လို့ဆိုပါတယ်။ အသက် ၂၅ နဲ့ ၃၅ ကြားမှာပိုအဖြစ်များပါတယ်။

ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ် ရောဂါဖြစ်ခြင်းကိုအားပေးတဲ့အချက်တွေကို လျှော့ချခြင်းအားဖြင့် အခြေအနေကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်အလက်တွေအတွက်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပုံမှန်တော့လက္ခဏာပြခဲပါတယ်။ ဒါကြောင့် စောစောစီးစီးရောဂါရှာဖွေမှုနဲ့ ကုသမှုအတွက်က ပုံမှန်သားအိမ်ခေါင်းအချွဲစစ်နေခြင်းဖြင့်သာ ရှာတွေ့နိုင်တယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါရှာတွေ့ခြင်း၊ ကုသခြင်းတို့က ရောဂါပိုမဆိုးလာအောင်တားဆီးနိုင်ပါတယ်။ ဒါကြောင့်ထိုရောဂါကိုသိသိချင်းဆရာဝန်ကိုပြောပြပါ။

အထက်ပါလက္ခဏာများကြုံလာပါက သို့ သိလိုသည်များရှိပါက ဆရာဝန်ကိုမေးပါ။ လူတိုင်းခန္ဓါကိုယ်ကမတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရောဂါခံစားနေရတဲ့ အမျိုးသမီးအများစုရဲ့ သားအိမ်ခေါင်းဆဲလ်ထဲမှာ HPV ဗိုင်းရပ်စ်ပိုးတွေတွေ့ရတတ်ပါတယ်။ HPV ရောဂါဟာ အမျိုးသားရော၊ အမျိုးသမီးမှာပါ တွေ့ရလေ့ရှိပေမယ့် ကာမကိစ္စဆက်နွယ်မှုများတဲ့ အသက် ၂၀ အောက် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များလေ့ရှိပါတယ်။

များသောအားဖြင့်တော့ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကိုဖယ်ပစ်ကာ ရောဂါသက်သာနိုင်စေပေမယ့် တချို့သောအမျိုးသမီးတွေမှာတော့ ရောဂါမပျောက်ဘဲ ဆဲလ်များပုံမှန်မဟုတ်ပြောင်းလဲသည်ထိဖြစ်သွားနိုင်ပါတယ်။

HPV ဗိုင်းရပ်စ်ဟာ ပုံမှန်ကာမဆက်ဆံခြင်း သို့ ခံတွင်းဖြင့်ဆက်ဆံခြင်းတို့ဖြင့် လူတစ်ယောက်ဆီမှတစ်ယောက်သို့ကူးနိုင်ပါတယ်။ ရောဂါရှိသူနဲ့ ထိတွေ့ခြင်းကနေလည်းကူးနိုင်တယ်။ တစ်ကြိမ်ကူးစက်သွားပါက ခန္ဓါကိုယ်တစ်နေရာမှတစ်နေရာသို့ပျံ့နှံ့နိုင်တယ်။

HPV ရောဂါပိုးကူးစက်ခံထားရတဲ့အမျိုးသမီးတွေမှာ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် သားအိမ်ခေါင်းဆဲလ်ပြောင်းလဲသွားခြင်းရောဂါခံစားနိုင်ရချေ နှစ်ဆများပါတယ်။ ဆေးလိပ်ဟာကိုယ်ခံအားစနစ်ကိုအားနည်းစေတာကြောင့်ဖြစ်တယ်။

နာတာရှည် HPVရောဂါဖြစ်ခြင်း၊ သားအိမ်ခေါင်းဆဲလ်ပြောင်းလဲခြင်းတွေဟာ ကိုယ်ခံအားနည်းစေတဲ့ တခြားသောအချက်အလက်၊ အကြောင်းအရာတွေနဲ့လည်း ဆက်နွယ်နေတတ်တယ်။ ထိုအချက်တွေကတော့ ရောဂါတချို့ သို့ ကိုယ်တွင်းအင်္ဂါအစားထိုးခြင်းတို့မှာသောက်ရတဲ့ ကိုယ်ခံအားချသောဆေးများ၊ ဒါမှမဟုတ် HIV ပိုးဝင်သူ၊ AIDS ရောဂါရှိသူ စသည်တို့ဖြစ်တယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်များ

  • ကိုယ်ခံအားနည်းစေသောရောဂါရှိခြင်း
  • ကိုယ်ခံအားချသောဆေးများသောက်ရခြင်း
  • ကာမဆက်ဆံသောအဖော်များခြင်း
  • အသက် ၁၆ နှစ်မတိုင်ခင်ကလေးမွေးခြင်း
  • အသက် ၁၈ နှစ်မတိုင်ခင်ကာမဆက်ဆံခြင်း
  • ဆေးလိပ်သောက်ခြင်း တို့ဖြစ်တယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မှာထိုရောဂါရှိတယ်လို့ သံသယရှိနေပါက ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတချို့နဲ့ စစ်ဆေးမှုတချို့ပြုလုပ်ပါလိမ့်မယ်။ ရောဂါရှာဖွေသတ်မှတ်ဖို့ သားအိမ်ခေါင်းအချွဲစစ်ဆေးခြင်းပြုလုပ်ဖို့ လိုပါမယ်။ ထိုစစ်ဆေးမှုတစ်ခုထဲနဲ့ ရောဂါအခြေအနေအဆင့်ကိုပင် သတ်မှတ်နိုင်ပေမယ့် သင့်လျော်မယ့်ကုသမှုနဲ့ စောင့်ကြည့်ဖို့အတွက် တခြားသောစစ်ဆေးမှုတွေလည်းလိုပါသေးတယ်။

  • သားအိမ်ခေါင်းအချွဲစစ်ဆေးခြင်းများ ဆက်လက်လုပ်ဆောင်ခြင်း။
  • Colposcopy – ကင်ဆာဆဲလ်ရှာဖွေဖို့အသားစယူရန် သားအိမ်ခေါင်းကို ပုံရိပ်ချဲ့ကြည့်ရှုစစ်ဆေးခြင်း။
  • Endocervical curettage – သားအိမ်ခေါင်းမှ အသားစဖဲ့ယူစစ်ဆေးခြင်း။
  • Cone biopsy သို့ Loop Electrosurgical excision procedure (LEEP) – ကင်ဆာဆဲလ်ပျံ့ခြင်းရှိမရှိသိရန် ဆောင်ရွက်ပါတယ်။ Cone biopsy ဆိုသည်မှာ သားအိမ်ခေါင်းမှ ကတော့ချွန်ပုံအသားစဖြတ်တောက်စစ်ဆေးခြင်းဖြစ်ပြီး LEEP ကတော့ ပြင်းအားနည်းလျှစ်စီးဝါယာကြိုးနဲ့ အသားစဖြတ်ယူစစ်ဆေးခြင်းဖြစ်တယ်။

HPV DNA စစ်ဆေးခြင်း – သားအိမ်ခေါင်းကင်ဆာဖြစ်စေတယ်လို့သိထားသော HPV ဗိုင်းရပ်စ်ကိုရှာဖွေစစ်ဆေးခြင်းဖြစ်တယ်။

Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ရောဂါဆိုးရွားမှုပေါ်မူတည်ပြီး ကုသမှုကွဲပြားပါတယ်။ ရောဂါအဆင့်နုသေးပါက မကုသဘဲပျောက်နိုင်တာကြောင့် ချက်ခြင်းကုသမှုမခံယူလည်းရပါတယ်။ ဒါပေမယ့် ၃ လတစ်ခါ သို့ ၆ လတစ်ခါခန့် သားအိမ်ခေါင်းအချွဲစစ်ဆေးမှုပုံမှန်ပြုလပ်ရမှာဖြစ်တယ်။ တချို့ပြင်းထန်သောအခြေအနေများအတွက်တော့ –

  • ပုံမှန်မဟုတ်သောဆဲလ်များကိုခဲပစ်နည်း
  • လေဆာဖြင့်ကုသနည်း
  • LEEP – လျှပ်စစ်ဖြင့်ဖယ်သောနည်း
  • Cone Biopsy – ယိုယွင်းနေသောတစ်သျူးရှိရာအပိုင်းကို ကတော့ချွန်သဏ္ဍာန်အသားစအဖြစ်ဖယ်ပစ်ခြင်း။

ပုံမှန်သားအိမ်ခေါင်းချွဲစစ်ဆေးခြင်းဖြင့်ရောဂါရှာတွေ့နိုင်ပါတယ်။ ပုံမှန်အားဖြင့်ကုသပျောက်ကင်းနိုင်ပေမယ့် ပြန်ဖြစ်နိုင်တယ်။ ကုသမှုမရှိပါကရောဂါအခြေအနေပိုဆိုးလာကာ ကင်ဆာဖြစ်သွားနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးနည်းများ

  • ကွန်ဒုံးသုံးပြီးလုံခြုံစိတ်ချရသော ကာမဆက်ဆံမှုမျိုးသာ ပြုနိုင်အောင်ကြိုးစားပါ။ ကွန်ဒုံးဟာ HPV ဗိုင်းရပ်စ်ကူးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
  • အသက် ၉ နှစ်နဲ့ ၂၆ နှစ်ကြားဖြစ်ပါက HPV ကာကွယ်ဆေးထိုးရန်စဉ်းစားပါ။
  • ဆေးလိပ်မသောက်ပါနဲ့။
  • အနည်းဆုံး ၁၈ ပြည့်ပြီးမှ ကာမဆက်ဆံပါ။
  • ဆက်ဆံသူပါတနာမများပါနဲ့။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း)

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Hello Sayarwon

    Bowel obstruction (အူပိတ်ခြင်း)

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Sandy Kyaw

    Gaucher’s Disease (ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အဆီစုပုံခြင်း)

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Kaung Thar

    Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း)

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Aye Myat Myat Noe

    သင့်အတွက် ရွေးချယ်ထားသည်

    Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ)

    Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018 . 5 mins read
    diverticulosis

    diverticulosis

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018 . 3 mins read
    Dry eyes (မျက်လုံးခြောက်ခြင်း)

    Dry eyes (မျက်လုံးခြောက်ခြင်း)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Kaung Thar
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018 . 4 mins read
    diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ)

    diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018 . 3 mins read