မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော မျက်စိပြသနာ တခုဖြစ်ပါသည်။ ထိုသို့ဖြစ်ပါက မကုသဘဲထားလျှင် ရောဂါဖြစ်သောမျက်စိတဖက်တွင် အမြင်အာရုံချို့တဲ့ခြင်းဖြစ်နိုင်ပါသည်။
ပုံမှန်အားဖြင့် လူတယောက်၏မျက်လုံးပုံစံသည် လုံးဝန်းပြီး မှန်ဘီလူးခုံးသည်လည်း အလိုက်သင့်ညီညာစွာ ခုံးနေသည်။ ထိုမှန်ဘီလူးခုံးသည် မျက်လုံးအနောက်တွင်ရှိသော အာရုံခံလွှာပေါ်သို့ အလင်းတန်းများစုဆုံလာစေရန်လုပ်ဆောင်ပေးခြင်း အမြင်အာရုံကိုကြည်လင်စေသည်။ မှန်ဘီလူးခုံးမညီညာသောရောဂါတွင် အထက်ပါဖြစ်စဉ်အတိုင်းမဖြစ်တော့ဘဲ အလင်းတန်းများ မစုဆုံတော့သောကြောင့် အလင်းပြန်မှုများ မူမမှန်ဖြစ်စေနိုင်သည်။ ထို့ပြင် မျက်လုံးသည် ဇွန်း၏ကျောဘက်ကဲ့သို့ဖြစ်သွားသောအခါ အလင်းတန်းများသည် တဖက်သို့ဦးတည်သွားပြီး အရာဝတ္ထု၏ အစိတ်အပိုင်း တချို့ကိုသာဖမ်းယူပေးသည်။
၎င်းသည် အနီးအဝေးရှိ ဝတ္ထုများကို ဝါးသွားစေခြင်း၊ ပြန်သားစွာမမြင်ခြင်းတို့ဖြစ်စေသည်။
မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း တွင် မျက်ကြည်လွှာခုံးခြင်းနှင့် မှန်ဘီလူးခုံးခြင်းဟူ၍၂ မျိုးရှိပါသည်။ မျက်ကြည်လွှာခုံးခြင်း ည် မျက်ကြည်လွှာ ပုံမကျခြင်းကြောင့်ဖြစ်ပြီး မှန်ဘီလူးခုံးခြင်းသည် မှန်ဘီလူး ပုံမကျခြင်းကြောင့်ဖြစ်သည်။
ပုံမှန်အားဖြင့် လူတယောက်၏မျက်လုံးပုံစံသည် လုံးဝန်းပြီး မှန်ဘီလူးခုံးသည်လည်း အလိုက်သင့်ညီညာစွာ ခုံးနေသည်။ ထိုမှန်ဘီလူးခုံးသည် မျက်လုံးအနောက်တွင်ရှိသော အာရုံခံလွှာပေါ်သို့ အလင်းတန်းများစုဆုံလာစေရန်လုပ်ဆောင်ပေးခြင်း အမြင်အာရုံကိုကြည်လင်စေသည်။ မှန်ဘီလူးခုံးမညီညာသောရောဂါတွင် အထက်ပါဖြစ်စဉ်အတိုင်းမဖြစ်တော့ဘဲ အလင်းတန်းများ မစုဆုံတော့သောကြောင့် အလင်းပြန်မှုများ မူမမှန်ဖြစ်စေနိုင်သည်။ ထို့ပြင် မျက်လုံးသည် ဇွန်း၏ကျောဘက်ကဲ့သို့ဖြစ်သွားသောအခါ အလင်းတန်းများသည် တဖက်သို့ဦးတည်သွားပြီး အရာဝတ္ထု၏ အစိတ်အပိုင်း တချို့ကိုသာဖမ်းယူပေးသည်။
၎င်းသည် အနီးအဝေးရှိ ဝတ္ထုများကို ဝါးသွားစေခြင်း၊ ပြန်သားစွာမမြင်ခြင်းတို့ဖြစ်စေသည်။
မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်းကိုဖြစ်စေသော အကြာင်းများကို တိကျစွာမသိသေးသော်လည်း မျိုးရိုးလိုက်ခြင်းသည် ကြီးမားသော အချက်ဖြစ်နိုင်သည်။ မွေးရာပါလည်းဖြစ်နိုင်သလို မျက်လုံးကို ထိခိုက်မိခြင်းနှင့် မျက်စိခွဲစိတ်မှုခံ့ယူထားသောသူများတွင်လည်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် အနီးမှုန်ခြင်း နှင့် အဝေးမှုန်ခြင်းဟူ၍ ၂ မျိုးခံစားရနိုင်ပါသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
မည်သည့်အကွာအဝေးတွင်မဆို ပုံရိပ်များ မပြတ်သားခြင်း၊ ဝါးခြင်းသည် ရောဂါ၏အဓိကလက္ခဏာဖြစ်ပါသည်။ မျက်စိညောင်းခြင်း၊ စွေခြင်း၊ ကျိန်းစပ်ခြင်း၊ခေါင်းကိုက်ခြင်း တို့လည်းဖြစ်နိုင်ပါသည်။
ထိုသို့ဖြစ်ပါက ဆရာဝန်ထံသွားပြပြီး ရောဂါရှာဖွေသင့်သည်။ မျက်လုံးအမြင်အာရုံကို စစ်ဆေးသော စမ်းသပ်မှုများကိုလည်း ပြုလုပ်သင့်ပါသည်။
အသုံးပြုလေ့ရှိသော ကုသမှုပုံစံ ၂ မျိုးရှိပါသည်။
ထိုကုသမှုသည် အတွေ့ရအများဆုံးနှင့် ထိုးဖောက်မှုအနည်းဆုံးကုသမှုဖြစ်ပါသည်။ အများအားဖြင့် မှန်ဘီလူးခုံးမညီညာမှုများကို မျက်မှန် များ၊ မျက်ကပ်မှန်များဖြင့် ပြုပြင်နိုင်သည်။
ဆရာဝန်သည် သင့်အတွက် အလင်းရောင်များကို ဦးတည်ရာတည့်စေသော အထူးစီမံထားသည် မျက်ကပ်မှန်အပျော့စားကို တပ်ခိုင်းစေသည်။ ပိုဆိုးသော လူနာများတွင် လေအဝင်အထွက်ရှိသော တောင့်တင်းသည့်မျက်ကပ်မှန်များကို တပ်ရန်ညွှန်ကြားပါလိမ့်မည်။
လူနာ၏မျက်လုံးအခြေအနေ ပိုဆိုးပါက ခွဲစိတ်မှုပြုလုပ်သင့်ပါသည်။ ထိုခွဲစိတ်မှုသည် လေဆာရောင်ခြည် နှင့် အသေးစားဓါးများကို အသုံးပြုကာ မျက်ကြည်လွှာပုံစံကို ပြုပြင်ခြင်းဖြင့် သင့်အတွက်တသက်သာ ကောင်းမွန်သွားမည်ဖြစ်သည်။ အသုံးများသော ခွဲစိတ်မှု ၃ မျိုးမှာ
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။