backup og meta

Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း) ကဘာလဲ။

သင့်မျက်လုံးထဲမှာ ဖိအားမြင့်တက်လာစေတဲ့ ပြင်းထန်တဲ့အခြေအနေ ဖြစ်ပါတယ်။ နာရီပိုင်းအတွင်းတက်လာနိုင်ပါတယ်။ သင့်မျက်လုံးထဲက အရည်တွေစီးသင့်တဲ့အတိုင်း မစီးဆင်းတော့တဲ့အခါ ဒီလိုဖြစ်လာပါတယ်။ အခြား ဖိအားဖြည်းဖြည်းခြင်းတက်တတ်တဲ့ ရေတိမ်အမျိုးအစားတွေလို အဖြစ်မများပါ။ ရုတ်တရက်ရေတိမ်အပိတ်ဖြစ်ခြင်းဟာ မျက်လုံးထဲမှာ ဖိအားအလျင်အမြန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။

Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရုတ်တရက်ရေတိမ်အပိတ်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • မျက်စိနာခြင်း
  • ခေါင်းအလွန်ကိုက်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • အမြင်မှုန်ဝါးလာခြင်း
  • သက်တန့်များမြင်ခြင်း၊ အလင်းရောင်များပတ်လည်တွင် ကွင်းများမြင်နေခြင်း
  • ဖြစ်သည့်ဘက် မျက်သားအဖြူပေါ်တွင် နီနေခြင်း
  • သူငယ်အိမ်နှစ်ဘက် အရွယ်အစားမညီခြင်း
  • ရုတ်တရက် မျက်စိကွယ်ခြင်း တို့ဖြစ်ပါတယ်။

ဆရာဝန်က သင့်ကို စမ်းသပ်ချိန်မှာ သင့်သူငယ်အိမ်တွေဟာ အလင်းရောင်ထိုးတဲ့အခါ ကျဉ်းခြင်း၊ ကျယ်ခြင်းမရှိတော့တာကို သတိထားမိပါလိမ့်မယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်လုံးထဲက အရည်တွေဟာ လမ်းကြောင်းစနစ်တစ်ခုကနေ အပြင်ကို စီးဆင်းသွားပါတယ်။ ဒီလမ်းကြောင်းလေးတွေဟာ သင့်မျက်လုံးရဲ့ အရောင်ပါတဲ့အပိုင်း(မျက်နက်)နဲ့ မျက်ကြည်လွှာအတွင်းက တစ်သျှူးကွန်ယက်တွေထဲမှာ ရှိနေပါတယ်။ မျက်နက်နဲ့ မျက်ကြည်လွှာ ပိုပြီးပူးကပ်သွားတဲ့အခါ သူတို့ကြားက ထောင့်ဟာ ပိတ်သွားပါတယ်။ ဒီလိုဖြစ်တဲ့အခါ ရေတိမ်ရုတ်တရက်ဖြစ်လာပါတယ်။

ရေတိမ်အပိတ်ဖြစ်လျှင် သင့်မျက်လုံးရဲ့ အရည်လမ်းကြောင်းတွေဟာ လုံးဝပိတ်သွားပါတယ်။ ဘေစင်တစ်ခုရဲ့ ရေထွက်ပေါက်မှာ စက္ကူနဲ့ပိတ်ကာထား သလိုမျိုး ရေစီးဆင်းခြင်းကို ရပ်တန့်လိုက်ပါတယ်။ မြင့်တက်လာတဲ့ ဖိအားကြောင့် အမြင်အာရုံကြောကို ပျက်စီးစေပါတယ်။ ဒီရောဂါကို မြန်မြန်မကုလျှင် အမြင်အာရုံကို လုံးဝဆုံးရှူံးရနိုင်ပါတယ်။

  • မျက်စိသူငယ်အိမ် အလျင်အမြန်ကျယ်လာလျှင်/ အလွန်ကျယ်လာလျှင် ရုတ်တရက်ရေတိမ်အပိတ်ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်
  • အမှောင်ခန်းထဲဝင်လျှင်
  • သူငယ်အိမ်ကျယ်စေတဲ့ မျက်စဉ်းများခပ်လျှင်
  • အလွန်စိတ်လှုပ်ရှားလျှင်၊ စိတ်ဖိစီးလျှင်
  • စိတ်ကျရောဂါအတွက် ဆေးများ၊ အဖျားကျဆေး၊ antihistamine ဆေးများသောက်လျှင် သူငယ်အိမ်ကျယ်တတ်ပါတယ်။

အချို့ကျန်းမာရေးအခြေအနေများကြောင့်လည်း ရေတိမ်အပိတ် ဖြစ်နိုင်ပါတယ်။

  • အတွင်းတိမ်ရှိခြင်း
  • မျက်စိမှန်ဘီလူးနေရာလွဲခြင်း
  • ဆီးချိုကြောင့်ဖြစ်သော မျက်စိရောဂါ
  • မျက်လုံးကိုသွားသော သွေးကြောများ ကျဉ်းခြင်း
  • မျက်လုံးရောင်ခြင်း
  • အကျိတ်ဖြစ်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ရုတ်တရက်ရေတိမ်အပိတ်ဖြစ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အမျိုးသမီးများမှာ အမျိုးသားများထက် ၂ဆမှ ၄ဆ ပိုဖြစ်နိုင်ပါတယ်။
  • အာရှတိုက်သားများ Inuit လူမျိုးများ
  • အနီးမှုန်သူများ
  • အသက် ၅၅ နှင့် ၆၅ ကြားရှိသူများ
  • သူငယ်အိမ်ကျယ်စေသည့် ဆေးများသောက်နေသူများ
  • မျက်နက်နှင့် မျက်ကြည်လွှာ နီးကပ်စေနိုင်သော ဆေးများ ဥပမာ sulphonamides, topiramate, phenothiazines တို့ သောက်နေသူများ

သင့်မျက်လုံးတစ်ဘက်မှာ ရေတိမ်အပိတ်ဖြစ်လျှင် အခြားတစ်ဘက်မှာလည်း ဖြစ်နိုင်ခြေများပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ ရုတ်တရက်ရေတိမ်အပိတ်ဖြစ်ခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုတ်တရက်ရေတိမ်အပိတ်ဖြစ်သည်ဟု ထင်ပါက အရေးပေါ်အခြေအနေ ဖြစ်ပြီး မျက်စိဆရာဝန်နဲ့ ချက်ခြင်းပြရန် လိုပါတယ်။ ဆရာဝန်က သင့်ကို စမ်းသပ်ပြီး ရောဂါလက္ခဏာအကြောင်း မေးပါမယ်။ သင့်မျက်လုံးအတွင်းမှာ ဖြစ်နေတာတွေကိုသိဖို့ စမ်းသပ်မှုများ ပြုလုပ်ပါမယ်။

  • Gonioscopy ။ ဆရာဝန်က သင့်မျက်လုံးထဲကို ကြည့်ဖို့ ရိုးရိုးမိုက်ကရိုစကုပ်နဲ့ အလင်းရောင်ပါတဲ့ မှန်ဘီလူးကို သုံးပါမယ်။ ဒီအလင်းတန်းက မျက်နက်နဲ့ မျက်ကြည်လွှာကြားက ထောင့်နဲ့ အရည်ဘယ်လောက် စီးဆင်းနိုင်သလဲ ဆိုတာ စစ်ဆေးကြည့်နိုင်ပါတယ်။
  • Tonometry ။ သင့်မျက်လုံးထဲက ဖိအားကို တိုင်းတာဖို့ ဒီကိရိယာကို သုံးပါတယ်။
  • Ophthalmoscopy ။ ဆရာဝန်က အလင်းရောင်ပါတဲ့ ဒီကိရိယာလေးနဲ့ အမြင်အာရုံကြောပျက်စီးမှုကို စစ်ဆေးကြည့်နိုင်ပါတယ်။

Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဒီရောဂါကို ကုသဖို့အတွက် ဆရာဝန်က ပထမဆုံး သင့်မျက်လုံးထဲက ဖိအားကို လျှော့ချရပါမယ်။

  • သူငယ်အိမ်ကျဉ်းစေတဲ့ မျက်စဉ်း
  • မျက်လုံးထဲက အရည်များ ထုတ်လုပ်မှုကို လျှော့ချပေးတဲ့ဆေးများ ကို အသုံးပြုနိုင်ပါတယ်။

မျက်လုံးတွင်းက ဖိအားနည်းနည်းကျလာတာနဲ့ လေဆာကိုသုံးပြီး

  • မျက်နက်မှာ အပေါက်ကလေး ဖောက်ခြင်းဖြင့် အရည်များ မျက်လုံးထဲပြန်စီးဝင်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ပြင်ပလူနာအနေဖြင့် ကုသနိုင်ပြီး ဒီကုသမှုဟာ မိနစ်ပိုင်းသာ ကြာပါတယ်။
  • မျက်နက်ရဲ့အစွန်းများကို အရည်လမ်းကြောင်းများနဲ့ ဝေးရာကို ဆွဲယူနိုင်ပါတယ်။

သင့်မှာ အတွင်းတိမ်ရှိလျှင်တော့ ဆရာဝန်က သင့်မျက်စိမှန်ဘီလူးကို အစားထိုးဖို့ ခွဲစိတ်မှု ပြုလုပ်ရပါမယ်။ သင့်မှာ ရုတ်တရက် ရေတိမ် ဖြစ်လျှင်တော့ ဒီလိုခွဲစိတ်မှုမျိုး ပြုလုပ်ဖို့ ခက်ပါတယ်။

သင့်မျက်လုံးတစ်ဘက်တည်းမှာပဲ ရုတ်တရက်ရေတိမ်အပိတ် ဖြစ်ခဲ့လျှင်တောင် စိတ်ချရအောင် ဆရာဝန်က နှစ်ဘက်လုံးကို ကုသပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရုတ်တရက်ရေတိမ်အပိတ်ဖြစ်ခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ရုတ်တရက်အတွင်းတိမ်အပိတ်ဖြစ်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ရုတ်တရက်ရေတိမ်အပိတ်ဖြစ်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သင့်မျက်လုံးကို ပုံမှန်စစ်ဆေးဖို့ပါပဲ။ အထူးသဖြင့် သင့်မှာ ဖြစ်ပွားနိုင်ခြေ မြင့်မားနေလျှင် ပိုပြီးစစ်ဆေးသင့်ပါတယ်။ ဆရာဝန်က ဖိအားနဲ့ အရည်စီးဆင်းမှုအခြေအနေကို မှတ်တမ်းတင်ထားပါမယ်။ သင့်မှာ ဖြစ်ပွားနိုင်ခြေအလွန်များနေပြီဆိုလျှင် ရုတ်တရက်ရေတိမ်အပိတ်ဖြစ်ခြင်းမှ ကာကွယ်ဖို့ ဆရာဝန်က လေဆာနဲ့ကုသပေးပါလိမ့်မယ်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Acute angle closure glaucoma. https://www.webmd.com/eye-health/acute-angle-closure-glaucoma#3. Accessed October 31, 2017
Acute angle closure glaucoma. https://emedicine.medscape.com/article/798811-overview. Accessed October 31, 2017

ယခုပုံစံ

12/09/2022

Dr. May Myat Hnin Aung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဝေးမှုန်စေနိုင်တဲ့ အရာများ

မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!



Dr. May Myat Hnin Aung မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement