အဓိပ္ပါယ်ဖွင့်ဆိုချက်
eye floaters (မျက်လုံးတွင်းရေမြှုပ်များ) ကဘာလဲ။
မျက်လုံးတွင်းရေမြှုပ်များဆိုသည်မှာ တစ်ခါတစ်ရံ မြင်ကွင်းအတွင်း ပေါ်လာတတ်သော အပြောက်လေးများဖြစ်ပါသည်။ သူတို့ကို စက္ကူစ သို့ ကောင်းကင်လို တောက်ပသည့်အရာများကို ကြည့်သည့်အခါတွင် မြင်ရနိုင်သည်။ သူတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အမြင်အာရုံကိုတော့ မထိခိုက်တတ်ပါ။
သင့်တွင် မျက်လုံးတွင်းရေမြှုပ်မှာအတော်ကြီးပါက အမြင်အာရုံပေါ်တွင် အနည်းငယ်တော့ အရိပ်ထိုးကျနိုင်ပါသည်။ သို့သော်လည်း အလင်းရောင် တစ်ချို့တွင်သာဖြစ်တတ်ခြင်းဖြစ်ပါသည်။
မျက်လုံးတွင်းရေမြှုပ်များကိုလျစ်လျူရှုပြီး ကျင့်သားရအောင်လည်း လုပ်နိုင်ပါသည်။ အချိန်ကြာလာသည်နှင့် သူတို့ကို သတိထားမိတော့မည်မဟုတ်ပါ။ သူတို့ကြောင့် ကုသမှုလိုအပ်သည်မှာ အတော်လေးကိုရှားပါးပါသည်။
eye floaters (မျက်လုံးတွင်းရေမြှုပ်များ) က ဘယ်လောက်အဖြစ်များသလဲ
မျက်လုံးတွင်းရေမြှုပ်များနှင့် အစက်အပြောက်များမှာ အလွန်အဖြစ်များပြီး ပြဿနာမရှိပဲ စိတ်ရှုပ်ရုံလောက်သာ ဖြစ်နိုင်ပါသည်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လက္ခဏာများ
eye floaters (မျက်လုံးတွင်းရေမြှုပ်များ) ရဲ့လက္ခဏာတွေကဘာတွေလဲ
မျက်လုံးတွင်းရေမြှုပ်များ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ
- သင့်မြင်ကွင်း၌ အမည်းရောင်အစက်လေးများ သို့မဟုတ် ထိုးဖောက်မြင်ရသည့် ကြိုးလိုအရာလေးများ မြင်ရခြင်း
- မျက်လုံးလှုပ်သည့်နှင့် ရွေ့လျားသွားသည့် အစက်လေးများ။ ထို့ကြောင့် သူတို့ကိုကြည့်ဖို့ ကြိုးစားလိုက်တိုင်း မြင်ကွင်းမှ မြန်မြန်ပျောက်သွားမည်ဖြစ်သည်။
- တောက်ပသည့် အခံတစ်ခုခု ဥပမာ အပြာရောင်ကောင်းကင် သို့မဟုတ် အဖြူရောင်နံရံတို့ကို ကြည့်လိုက်သည့် ပိုထင်ရှားသည်။
- နောက်ဆုံးတွင် မြင်ကွင်းမှ ပျောက်ကွယ်သွားသော အစက်အပြောက်များ
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။