Eye allergies (မျက်စိနာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
မျက်စိနာခြင်းကို ဓါတ်မတည့်ရောဂါစမ်းသပ်မှုနဲ့ ကုသမှုမှာတော်တဲ့ allergist တစ်ယောက်နဲ့ ပြသတာ အကောင်းဆုံးပါ။ သင့်မှာအခြား ဓါတ်မတည့်ပြသနာတွေ ဥပမာ asthma နဲ့ ezema တွေဖြစ်နေရင် allergist နဲ့ ပြသတာအရေးပါပါတယ်။
ဆရာဝန်က ရှေးဦးစွာ သင့် ရောဂါရာဇဝင်နဲ့ လက္ခဏာတွေကို မေးမြန်းပါလိမ့်မယ်။ ပြီးရင်အရေပြားစမ်းသပ်မှု (skin prick test) လုပ်ပြီး ဖြစ်နေတဲ့အကြောင်းရင်းကို ရှာွေပါလိမ့်မယ်။Skin prick test က အရေပြားကို ခြစ်ယူပြီး သံသယရှိတဲ့ allergem ကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ နီရဲဖောင်းကြွနေတာဟာ allergic reaction ဖြစ်တာကိုဖော်ပြပါတယ်။ ဒါဟာ allergist ကို သင်ဘယ်လိုကုသမှုနဲ့သင့်တော်လဲဆိုတာ သိအောင် ကူညီနိုင်ပါလိမ့်မယ်။
Eye allergies (မျက်စိနာခြင်း) ကို ဘယ်လိုကုသပါသလဲ
မျက်စိနာခြင်းကို ကုသမယ့်နည်းကတော့ ဖြစ်စေတဲ့allergen ကိုရှောင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့်သင့်မှာ ရာသီလိုက်ဓါတ်မတည့်တာရှိနေရင်တော့ ဒါဟာမလွယ်ကူပါဘူး။ ကံကောင်းတာက ကုသဖို့နည်းများစွာရှိနေတာပဲဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ ဆေးတွေက မျက်စိနာတာကို သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် အခြားလက္ခဏာတွေပါရှိနေချိန်မှာပါ။ ဒါတွေကတော့
antihistamines, such as loratadine (Claritin) or diphenhydramine (Benadryl)
decongestants, such as pseudoephedrine (Sudafed) or oxymetazoline (Afrin nasal spray)
steroids, such as prednisone (Deltasone)
ဆေးသောက်ပြီး မသက်သာရင် allergy shot ကိုသုံးတတ်ကြပါတယ်။ ဒါဟာ immunotherapy တစ်မျိုးဖြစ်ပြီး allergen အမျိုးအစားမျိုးစုံကို ဆက်တိုက်ထိုးတာဖြစ်ပါတယ်။allergen ပမာဏဟာ အချိန်ကြာတာနဲ့ တက်လာပါလိမ့်မယ်။ ဒီနည်းဟာ allergic reaction ဖြစ်တာကို လျော့စေနိုင်တဲ့ body ရဲ့ တုန့်ပြန်မှုကို ကောင်းမွန်စေပါတယ်။
မျက်စိနာတာကို ကုသနိုင်တဲ့ အလွယ်တကူဝယ်ယူလို့ရတဲ့ မျက်စဉ်းဆေးတွေ ရနိုင်ပါတယ်။
မျက်စိနာအတွက် ညွှန်တဲ့ဆေးတွေမှာ olopatadine hydrochloride လို့ခေါ်တဲ့ allergic ဖြစ်ပေါ်မှုကို ချပေးတဲ့ အရာပါဝင်ပါတယ်။ ဒီလိုဆေးတွေကိုတော့ Pataday နဲ့ Patanolဆိုတဲ့ နာမည်နဲ့ရနိုင်ပါတယ်။
အခြားမျက်ရည်တုလို့ခေါ်တဲ့ ဆေးလည်းရနိုင်ပါတယ်။ ဒီဆေးကတော့ allergen တွေကို မျက်စိကနေ ဆေးချပေးနိုင်ပါတယ်။
အခြားမျက်စဉ်းဆေးတွေကတော့ antihistamine or nonsteroidal anti-inflammatory (NSAID) တွေပါဝင်ပါတယ်။ အချို့ဆေးတွေကတော့ နေ့တိုင်းသုံးနေရပြီးအချို့ဟာတွေကတော့ ရောဂါပျောက်ရုံသာ သုံးရတာဖြစ်ပါတယ်။
မျက်စဉ်းဆေးတွေက စစချင်းတော့ လောင်သလိုစူးသလိုခံစားရပေမယ့် မိနစ်အနည်းငယိအတွင်း ပျောက်နိုင်ပါတယ်။ အချို့အရာတွေကတော့ဆိုးကျိုးတွေပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်နဲ့ သင့်တဲ့ဆေးကိုမသုံးစွဲခင်မှာ ဆရာဝန်ကို မေးဖို့ အရေးကြီးပါတယ်။
မျက်စိနာကို ကုသဖို့သဘာဝပစ္စည်းတွေကို သုံးတာဟာ ပျောကိကင်းမှု အတန်အသင့်ရှိပါတယ်။ဥပမာ ကြက်သွန်နီအခွံကနေထုတ်တဲ့ allium cepa , euphorbium, နဲ့ galphimia။ ဒီဆေးတွေကို အသုံးမပြုမီမှာ အန္တရာယ်ရှိမရျှိ ပျောက်ကင်းမှုရှိမရှိဆိုတာ ကို ဆရာဝန်နဲ့သေချာမေးမြန်းရမှာဖြစ်ပါတယ်။
အေးမြစိုစွတ်တဲ့ အဝတ်စကလည်း မျက်စိနာအတွက် သက်သာစေပါတယ်။ တစ်ရက်ကို နာနေတဲ့မျက်စိပေါ်ကို ရေအေးဝတ်အကြိမ်များစွာအုပ်ပေးနိုင်ပါတယ်။ ဒါဟာ မျက်စိခြောက်သွေ့တာနဲ့ ယားယံတာကို ကူညီပေးနိုင်ပါတယ်။ သိထားရမှာက ဒါဟာ မျက်စိနာစေတဲ့ပြသနာကို ပျောက်ကင်းအောင်တော့ လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။