backup og meta

Corneal flash burns (မျက်ကြည်လွှာအလင်းစူးဒဏ်ရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Corneal flash burns (မျက်ကြည်လွှာအလင်းစူးဒဏ်ရာ) ကဘာလဲ။

မျက်ကြည်လွှာအလင်းစူးဒဏ်ရာဆိုတာ

မျက်လုံး၏အရှေ့ဘက်ရှိ အကြည်ရောင်အပိုင်းဖြစ်သော မျက်ကြည်လွှာသည် နေမှလာသော ခရမ်းလွန်ရောင်ခြည်နှင့် အခြားအလင်းရင်းမြစ်များဖြစ်သော ဂဟေဆော်ခြင်း၊ ကင်မရာ ူ်ျေ့ မီးတို့နှင့် အလွန်အမင်းထိတွေ့ခြင်းတို့ကြောင့် ပျက်စီးနိုင်သည်။

ထိုဒဏ်ရာကို မျက်ကြည်လွှာအလင်းစူးဒဏ်ရာ သို့မဟုတ် ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာရောင်ခြင်းဟုခေါ်ပြီး မျက်လုံး၏ မျက်နှာပြင်သို့ နေလောင်ခြင်းတမျိုးပင်ဖြစ်သည်။

မျက်ကြည်လွှာအလင်းစူးဒဏ်ရာကြောင့် နာကျင်ခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း ၊အမြင်အာရုံပျက်စီးခြင်းတို့ဖြစ်နိုင်သည်။

လက္ခဏာများ

Corneal flash burns (မျက်ကြည်လွှာအလင်းစူးဒဏ်ရာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

မျက်ကြည်လွှာအလင်းစူးဒဏ်ရာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

အဖြစ်များသော ရောဂါလက္ခဏာများမှာ

  • အနည်းငယ်မှ ပြင်းထန်စွာနာကျင်ခြင်း
  • မျက်လုံးနီရဲလာခြင်း
  • အလင်းရောင်မကြည့်နိုင်ခြင်း
  • မျက်ရည်အလွန်အကျွံထွက်ခြင်း
  • အမြင်မှုန်ဝါးခြင်း
  • မျက်လုံးထဲ တစုံတခုဝင်နေသကဲ့သို့ ခံစားရခြင်းတို့ဖြစ်သည်။

အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Corneal flash burns (မျက်ကြည်လွှာအလင်းစူးဒဏ်ရာ) ကိုဘာတွေကဖြစ်စေသလဲ

မျက်ကြည်လွှာအလင်းစူးဒဏ်ရာဖြစ်စေသော အကြောင်းအရင်းများ

မျက်ကြည်လွှာကို လောင်စေပြီးထိခိုက်စေသော ရောင်ခြည်များမှာ အောက်ပါ အရင်းအမြစ်အမျိုးမျိုးမှလာသော ခရမ်းလွန်ရောင်ခြည်များဖြစ်သည်။

  • နေရောင်ခံရန်ပြုလုပ်ထားသော မီးအိမ်
  • အမြင့်ပိုင်းနေရာများရှိ နှင်းမှပြန်ဟပ်သောနေရောင်
  • ဓါတ်ပုံဆရာထံမှ ဆလိုက်မီး
  • အနီးကပ်လျှပ်စီးလက်ခြင်း
  • ဟေလိုဂျင်မီးရောင်
  • ဂဟေဆော်သောမီးရောင်
  • နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်း
  • နေကြတ်ခြင်း

• ရေတွင် ပြန်ဟပ်သောနေရောင်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Corneal flash burns (မျက်ကြည်လွှာအလင်းစူးဒဏ်ရာ) ကို ဘယ်လိုအတည်ပြုပါသလဲ

မျက်စိအထူးကုဆရာဝန် သို့မဟုတ် အရေးပေါ်ဌာနရှိဆရာဝန်သည် မျက်ကြည်လွှာအလင်းစူးဒဏ်ရာဖြစ်ကြောင်းသိရန် သင့်ကို ရောဂါရာဇဝင်မေးမြန်းခြင်း၊ မျက်စိစမ်းသပ်စစ်ဆေးခြင်း၊ သင်နှင့်ခရမ်းလွန်ရောင်ခြည် ထိတွေ့နိုင်ခြေရှိသောအကြောင်းများကို ဆွေးနွေးမေးမြန်းခြင်းတို့ ပြုလုပ်မည်။

  • မျက်ခွံ၊ သူငယ်အိမ်၊ မျက်လုံးအနောက်ဘက်နှင့် အမြင်အာရုံတို့ကို စစ်ဆေးမည်။
  • မျက်စိအထူးကုဆရာဝန်သည် မျက်လုံးမျက်နှာပြင်ကို စစ်ဆေးရန်အထူးပြုလုပ်ထားသော မီးသီးကဲ့သို့ကိရိယာဖြင့် သင့်မျက်လုံးကိုစစ်ဆေးမည်။

• မျက်လုံးကို စစ်ဆေးရန် ထုံဆေးမျက်စဉ်းနှင့် မနာမကျင်သော ူ်ကသမနျခနငညဆိုးဆေးတမျိုးကို သုံးသည်။ ထိုဆိုးဆေးသည် သင့်မျက်လုံးကို ယာယီအားဖြင့် အဝါရောင်ပြောင်းစေပြီး မိနစ်အနည်းငယ်အကြာတွင် ပုံမှန်ပြန်ဖြစ်သွားလိမ့်မည်။ အထူးပြုလုပ်ထားသော အပြာရောင်မီးရောင်ဖြင့် ဆေးဆိုးထားသောမျက်လုံးကို ကြည့်ပြီး မျက်ကြည်လွှာပျက်စီးမှုရှိမရှိ စစ်ဆေးမည်။ ပျက်စီးနေသောမျက်ကြည်လွှာနှင့် ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုရာဇဝင်ယှဉ်တွဲတည်ရှိနေပါက မျက်ကြည်လွှာအလင်းစူးဒဏ်ရာဖြစ်ကြောင်း အတည်ပြုနိုင်သည်။

Corneal flash burns (မျက်ကြည်လွှာအလင်းစူးဒဏ်ရာ) ကို ဘယ်လိုကုသပါသလဲ

ဆေးဝါးများ

အကိုက်အခဲပျောက်ဆေးများ၊ ပဋိဇီဝဆေးများ သို့မဟုတ် မျက်စိသူငယ်အိမ်ကို ကျယ်စေသောဆေးများ ပါဝင်နိုင်သည်။ သင့်အခြေအနေပေါ်မူတည်၍ ထိုဆေးများပေးခြင်းဖြစ်စေ မပေးခြင်းဖြစ်စေ ဖြစ်နိုင်သည်။

  • ပဋိဇီဝမျက်စဉ်းဆေးများကို ပျက်စီးသွားသော မျက်ကြည်လွှာတွင် ရောဂါပိုးမဝင်စေရန် သုံးသည်။ အချို့မျက်စိအထူးကုများသည် အရောင်ကျစေရန်နှင့် အမာရွတ်ဖြစ်ခြင်းမှ ကာကွယ်ရန် စတီးရွိုက်မျက်စဉ်းဆေးများပေးနိုင်သည်။
  • မျက်စိသူငယ်အိမ်ကြွက်သားများ ငြိမ်သက်စေရန် ယာယီဆေးတစ်မျိုးကိုသုံးပြီး မျက်စိသူငယ်အိမ်ကျယ်အောင် ပြုလုပ်သည်။ ထိုဆေးသည် မျက်လုံးကြွက်သားများကို ပြေလျော့စေပြီး နာကျင်မှုကိုလည်း သက်သာစေမည်။
  • အနာသက်သာရန် သောက်ဆေးကိုလည်း အသုံးပြုနိုင်သည်။ ှုဘကစမသ်နညယ စမေခေနအောသူ တို့ကဲ့သို့ ဆေးများကိုသုံးနိုင်သည်။ ထို့ထက်ပြင်းသော ဆေးများကို ညွှန်းခဲသည်။
  • မျက်လုံးအတွက် ထုံဆေးမျက်စဉ်းများကို လုံးဝမသုံးသင့်ပါ။ ထိုဆေးများသည် မျက်ကြည်လွှာပြန်လည်ကောင်းမွန်မှုကိုနှောင့်နှေးစေပြီး မျက်ကြည်လွှာတွင် အနာဖြစ်စေသည်၊

ဆရာဝန်နှင့်ဆက်ပြရန်

မျက်ကြည်လွှာအခြေအနေသက်သာကြောင်း သေချာရန်နှင့် သင့်မျက်လုံးကိုပြန်လည်စစ်ဆေးရန် ၂၄နာရီမှ ၄၈နာရီအတွင်း မျက်စိအထူးကုနှင့် ပြန်လည်ပြသရန်လိုသည်။

နေထိုင်မှုပုံ့စံနှင့် အိမ်တွင်းကုထုံးများ

မျက်ကပ်မှန်တပ်ထားစဉ် မျက်စိနာလျှင် မျက်ကပ်မှန်ကို ချက်ခြင်းချွတ်ပါ။

  • သင့်မျက်လုံးများက အလင်းရောင်ဒဏ်ကို မခံနိုင်လျှင် နေကာမျက်မှန်တပ်ပါ။
  • မျက်လုံးအတွင်း ခိုးလိုးခုလုဖြစ်လျှင် ဆေးဆိုင်များတွင်ဝယ်နိုင်သော မျက်ရည်တုမျက်စဉ်းများသုံးခြင်းဖြင့် သက်သာနိုင်သည်။

မျက်ကြည်လွှာပျက်စီးခြင်းမှကာကွယ်ရန် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်သည့် အလွှာတစ်ထပ်ပါသော မျက်မှန်များကို အသုံးပြုပါ။ နေကာမျက်မှန်၏ တံဆိပ်များတွင် ခရမ်းလွန်ရောင်ခြည် အေ နှင့် ဘီကိုကာကွယ်နိုင်စွမ်း မည်မျှရှိကြောင်းဖေါ်ပြထားသည်။

ကာကွယ်မှုပေးသောမျက်မှန် အမျိုးအစားများမှာ

  • ခရမ်းလွန်ရောင်ခြည် အေ နှင့် ဘီကိုကာကွယ်သော နေကာမျက်မှန်
  • တောင်အမြင့်ပိုင်းများကိုတက်သော နှင်းလျှောစီးသမားများအတွက် အထူးပြုလုပ်ထားသော မျက်မှန်
  • နေရောင်အောက် သို့မဟုတ် မီးအိမ်မှတဆင့် နေပူဆာလှုံလျှင်သုံးသော အမှောင်ချမျက်မှန်၊ (ထိုသို့နေပူဆာလှုံခြင်းသည် အရေပြားကင်ဆာဖြစ်ပွားနှုန်းမြင့်တက်နိုင်သဖြင့် မပြုလုပ်သင့်ပါ။)
  • ဂဟေဆော်ရာတွင်သုံးသော အထူးမျက်နှာဖုံး တို့ဖြစ်သည်။

သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Corneal flash burns https://www.webmd.boots.com/eye-health/guide/corneal-flash-burns?page=2 Accessed October 27, 2017
Corneal Flash Burns https://www.emedicinehealth.com/corneal_flash_burns/page3_em.htm Accessed October 27, 2017
Corneal Flash Burns https://www.webmd.com/eye-health/corneal-flash-burns#3 Accessed October 27, 2017

ယခုပုံစံ

12/09/2022

Dr. May Myat Hnin Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဝေးမှုန်စေနိုင်တဲ့ အရာများ

မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement