သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ

မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ

မျက်ခမ်းမှာအနီရောင်အဖုလေးပေါက်ပြီး ကြည့်ရခက်နေပြီဆိုရင်တော့ မျက်စိစွံနေတာပါ။ ဒါက ပြဿနာကြီးကြီးမားမားမဟုတ်ဘူးဆိုပေမယ့် မျက်လုံးကြည့်ရခက်သလို တစ်နေ့တာလုပ်ဆောင်မှုတွေကို ထိခိုက်စေတာ အမှန်ပါ။ ဒီတော့ ကြည့်ရခက်စေတဲ့ မျက်စိစွံတဲ့ ပြဿနာကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးမယ်နော်။

မျက်စိစွံတယ်ဆိုတာ ဘာလဲ….

မျက်စိစွံတယ်ဆိုတာက မျက်ခမ်းသားမှာ နီရဲနေတဲ့ အဖုလေးဖြစ်တာပါ။ မျက်တောင်နားမှာဖြစ်တာဖြစ်ပြီး မျက်ခွံအောက်နားနဲ့ မျက်ခွံအတွင်းထဲမှာလည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာက ကြီးကြီးမားမားမဟုတ်ပေမယ့် ခံစားရသူအရေအတွက်က မနည်းလှပါဘူး။ မျက်စိစွံတာက ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် နေရခက်စေပြီး နာကျင်မှုကို ခံစားရစေပါတယ်။

မျက်စိစွံတဲ့ အမျိုးအစားဘယ်နှစ်မျိုးရှိလဲ…………

မျက်စိစွံတာက ဖြစ်တဲ့နေရာကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။

ပြင်ပမှာဖြစ်တဲ့ မျက်စိစွံခြင်း – မျက်ခွံအောက်ဘက်မျက်ခမ်းသားနားက မျက်တောင်မွေး မွေးညှင်းအိတ်လေးတွေနားမှာဖြစ်တာပါ။

အတွင်းမှာဖြစ်တဲ့ မျက်စိစွံခြင်း – မျက်ခွံအောက်ဘက်ခြမ်းနဲ့ အတွင်းဘက်က အဆီဂလင်းတွေမှာဖြစ်တတ်တဲ့ မျက်စိစွံခြင်းတစ်မျိုးပါ။

ဘာကြောင့် မျက်စိစွံတာလဲ……..

မျက်စိစွံတာက လူတိုင်းမှာဖြစ်နိုင်သလို အိမ်မှာပဲ အလွယ်တကူကုသလို့ရပါတယ်။ မျက်စိစွံတယ်ဆိုတာက မျက်ခွံမှာရှိတဲ့ မျက်တောင်မွေး မွေးညှင်းအိတ်ကလေးတွေထဲကို ပိုးဝင်ကူးစက်မှုတွေကြောင့်ဖြစ်ရတာပါ။ အဆီဂလင်းလေးတွေကို ဖုန်မှုန့်တွေပိတ်ဆို့တာကြောင့်လည်း မျက်စိစွံနိုင်ပါတယ်။

မျက်စိစွံတာက လူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမယ့် ဒီလိုလူတွေမှာတော့ မျက်စိစွံနိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။

  • မျက်စိစွံဖူးတဲ့သူ
  • အရေပြားပြဿနာ ခံစားနေရသူ
  • ဆီးချိုရောဂါရှိသူ
  • မျက်ခွံရောင်ရမ်းမှုဝေဒနာ ခံစားရလေ့ရှိသူ
  • အဆီထွက်နှုန်းများတဲ့သူတွေ
  • မိတ်ကပ်ကို သေချာမဖြတ်သူတွေ
  • ဒိတ်လွန်နေတဲ့ မိတ်ကပ်ကို လိမ်းနေသူတွေမှာ မျက်စိစွံနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။

မျက်စိစွံနေပြီလား ….

မျက်စိစွံနေတဲ့အခါ အခုလို လက္ခဏာတွေတွေ့ရနိုင်ပါတယ်။

  • မျက်ခမ်းသားမှာ အနီရောင်ဖုလေးဖြစ်နေမယ်။
  • အဖုလေးရဲ့ အလယ်မှာ အဝါရောင်ပြည်လိုအဖုလေးရှိနေမယ်
  • မျက်လုံးထဲမှာ တစ်ခုခုရှိနေသလို ခံစားရမယ်
  • မျက်လုံးက ကျိန်းစပ်စပ်ဖြစ်နေမယ်
  • မျက်လုံးက အလင်းဒဏ်မခံနိုင်ဘဲဖြစ်နေမယ်
  • မျက်ဝတ်တွေ ထွက်နေမယ်
  • မျက်ရည်ပူတွေကျနေမယ် ဆိုရင်တော့ မျက်စိစွံတော့မှာပါ။

မျက်စိမစွံအောင် ကာကွယ်လို့ရလား……….

  • မျက်စိစွံနေတဲ့သူတွေအသုံးပြုထားတဲ့ အရာတွေကိုကိုင်တွယ်တာကနေတဆင့် ဘက်တီးရီးယားတွေကူးစက်ပြီး မျက်စိစွံတာ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အသုံးအဆောင်တွေကို အခြားသူတွေနဲ့မျှဝေအသုံးပြုတာမျိုးရှောင်ပါ။
  • လက်တွေကို သန့်စင်အောင်ထားပါ။
  • မျက်လုံးတဝိုက်ကို ရေနွေးနွေးလေးနဲ့သန့်စင်ပေးပါ။
  • အိပ်ရာမဝင်ခင် မိတ်ကပ်တွေဖျက်ပါ။

မျက်စိစွံတာက ဘယ်လောက်ကြာနိုင်လဲ……….

မျက်စိစွံတာက ပုံမှန်အားဖြင့်တော့ ၃ ရက်လောက်ကြာတတ်ပါတယ်။ ပြီးရင် မျက်စိစွံတဲ့အဖုလေးက တဖြည်းဖြည်းချင်း ပေါက်ထွက်သွားပြီး ပြည်တွေထွက်လာပါလိမ့်မယ်။ ပြည်တွေပေါက်ထွက်သွားပြီးရင်တော့ အနာကျက်ဖို့က ၇ ရက်ကနေ ၁၀ ရက်လောက်အထကြာမြင့်နိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ပြသမလဲ……

မျက်စိစွံတာက

  • မျက်ခွံအတွင်းပိုင်းမှဖြစ်မယ်
  • အရမ်းကြီးနေမယ်
  • အထိမခံနိုင်အောင် နာနေမယ်
  • ရက်တော်တော်ကြာတဲ့အထိ မသက်သာဘူးဖြစ်နေမယ်
  • အမြင်အာရုံတွေဝေဝါးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြဖို့ပြောပါရစေ။

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

What can I do about a stye? https://www.medicalnewstoday.com/articles/313668.php Accessed Date 29 October 2019

The 8 Best Stye Remedies https://www.healthline.com/health/beauty-skin-care/best-stye-remedies Accessed Date 29 October 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 20/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။