၃။ နေကာမျက်မှန်တပ်ပါ။
နေအရမ်းပူနေတဲ့အချိန် အပြင်ထွက်ရင် အသားအရေအတွက် နေလောင်ကာခရင်မ် လိမ်းပေးရသလို မျက်လုံးကို ကာကွယ်ဖို့အတွက်လည်း နေကာမျက်မှန်တပ်ပေးဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ UV လို့ ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ေတွဟာ အသားအရေကို ပျက်စီးစေတဲ့အပြင် မျက်လုံးကိုပါ ထိခိုက်စေနိုင်ပြီး အမြင်အာရုံချို့ယွင်းတာ၊ မျက်စိမှုန်တာ အစရှိတဲ့ ပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အပြင်သွားတဲ့အချိန် နေအရမ်းပူနေပြီဆိုရင် နေကာမျက်မှန် တပ်ခြင်းဖြင့် မျက်စိမထိခိုက်အောင် ကာကွယ်ပါ။
၄။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီမျက်နှာပြင်ကို အကြာကြီး မကြည့်ပါနဲ့။
လျှပ်စစ်ပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေ ထွက်လာတဲ့ အလင်းတန်းဟာ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းကို အကြာကြီးကြည့်တဲ့အခါမှာ မျက်စိအားစိုက်ရတဲ့အတွက် အမြင်အာရုံေဝဝါးလာတာ၊ အဝေးမှုန်လာတာ၊ မျက်လုံးခြောက်သွေ့လာတာ၊ ခေါင်းမူးခေါင်းကိုက်တာတွေ ဖြစ်နိုင်ပြီး မျက်စိအမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် အချိန်အကြာကြီး တီဗီကြည့်တာမျိုး၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတာမျိုး ရှောင်သင့်ပါတယ်။ ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေဆိုရင်လည်း နာရီဝက်ခြား တစ်ခါ အဝေးတစ်နေရာကို ကြည့်တာမျိုး၊ မျက်စိမှိတ်တာမျိုး ပြုလုပ်ပေးခြင်းဖြင့် မျက်စိအနားပေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။