လျှပ်စီးဓာတ်ဆိုတော့ သိတဲ့အတိုင်းပဲ သူတို့လည်း တစ်ခါတလေ circuitလွဲပြီး လုပ်ချင်ရာ လုပ်တတ်ပါတယ်။ ဘာမှန်းမသိ မျက်ကြောဆွဲ တာ၊ အသားလှုပ်တာ၊ ဟိုနား ဒီနား ဆတ်ခနဲတုန်တာတွေက ဒါကြောင့်ပါ။ များသောအားဖြင့်တော့ အန္တရာယ်မရှိတတ်ပါဘူး။ ဖြစ်ဖြစ် ပျောက်ပျောက်တွေပါပဲ။ ဒါပေမယ့် ဘယ်လိုအခါမှာ စိုးရိမ်ရမလဲ။ ဆရာဝန်နဲ့ ပြရမလဲ စသဖြင့် သတိထားရမယ့် အခြေအနေတွေလည်း ရှိပါတယ်။ ဒါတွေကို ဆက်ကြည့်ရအောင်။
မျက်ကြောဆွဲ တယ်ဆိုတာ
မျက်ကြောဆွဲတယ်ဆိုတာ မျက်ခွံကြွက်သားတွေက ကိုယ်လည်း ဘာမှ မလုပ်ရပါဘဲနဲ့ သူ့အလိုလို အကြောဆွဲနေတာပါ။ အပေါ်မျက်ခွံမှာ အဖြစ်များပေမယ့် အပေါ်ရော အောက်မျက်ခွံရော အကြောဆွဲတဲ့သူတွေလည်း ရှိပါတယ်။ တော်တော်များများအတွက်တော့ ဒါဟာ အန္တရာယ်မရှိတဲ့ ကိစ္စပါ။ တချို့တွေမှာတော့ အကြောဆွဲတာ သိပ်ပြင်းထန်လွန်းရင် မျက်လုံးပိတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကိုတော့ ဆေးပညာအရ blepharospasmလို့ ခေါ်ပါတယ်။
မျက်ကြောဆွဲတာက စက္ကန့်ပိုင်းလောက်ကနေ တစ်မိနစ် နှစ်မိနစ်အထိ ကြာတတ်ပါတယ်။ ဘယ်အချိန်မှာ အကြောဆွဲမှာလဲလည်း မသိနိုင်ပါဘူး။ များသောအားဖြင့်တော့ တစ်နေ့ကို စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလောက်နဲ့ ၃-၄ရက်လောက် အကြောဆွဲမယ်။ ပြီးတော့ မေ့မေ့ပျောက်ပျောက်နဲ့ အပတ်ပေါင်းများစွာ လပေါင်းများစွာ ပြန်မဖြစ်ဘဲ ပျောက်သွားတာမျိုးလည်း ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။