backup og meta

ကလေးတွေမှာ ဖြစ်ပွားတတ်တဲ့ ကြက်မျက်သင့်ရောဂါ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ဖြစ်ပွားတတ်တဲ့ ကြက်မျက်သင့်ရောဂါ

    ညအချိန်ဟာ ကလေးငယ်လေးတွေအတွက် ကြောက်စရာဖြစ်ပါတယ်(အထူးသဖြင့် သူတို့လေးတွေမှာ ညဖက်ရောက်ရင် ဘာကိုမှ ကောင်းကောင်းမမြင်ရတော့တဲ့ အမြင်ဆိုင်ရာ ပြဿနာတွေပါ ရှိနေရင်ပေါ့)။

    ညဖက်ရောက်ရင် ဘာကိုမှ ကောင်းကောင်းမမြင်ရတော့တဲ့ အဆိုပါ ပြဿနာကို ကြက်မျက်သင့်ရောဂါလို့ခေါ်ပြီး ကလေးငယ်ရဲ့ မျက်ကြည်လွှာမှာရှိတဲ့ ဆဲလ်တွေကောင်းစွာ အလုပ်မလုပ်နိုင်တော့ရင် ဒါမျိုးဖြစ်လာနိုင်ပါတယ်။

    ကြက်မျက်သင့်ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းတွေ အမျိုးမျိုးရှိပေမယ့် ဗီတာမင် C ချို့တဲ့ခြင်းကတော့ အဓိက တရားခံပဲ ဖြစ်ပါတယ်။

    ကြက်မျက်သင့်ရောဂါ ဘာလို့ဖြစ်တာလဲ။

    ကြက်မျက်သင့်ရောဂါဖြစ်နေတဲ့ ကလေးရဲ့မျက်လုံးဟာ ညအမှောင် ဒါမှမဟုတ် အလင်းရောင်ခပ်မှိန်မှိန်ပဲ ရှိတဲ့အချိန်တွေမှာဆိုရင် သေချာမမြင်ရတော့တဲ့အတွက် လုံးဝလင်းထိန်နေတဲ့ အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ သူတို့လေးတွေဟာ မျက်စိမမြင်သူနဲ့ ဘာမှမခြားဖူး ဖြစ်နေပါလိမ့်မယ်။

    ကြက်မျက်သင့်ရောဂါဟာ ကလေးငယ်တွေမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။ အမှောင်ကို အရမ်းကြောက်တာ၊အလင်းမှိန်မှိန်ပဲရှိတဲ့ အခန်းထဲမှာ လမ်းလျှောက်တဲ့အခါ ပစ္စည်းတွေကို ဟိုတိုးဒီတိုး ဝင်တိုက်မိတာ၊ညဖက်အိပ်မပျော်တာမျိုးတွေဟာ ကြက်မျက်သင့်ရောဂါရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

    ကြက်မျက်သင့်ရောဂါ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် မျက်ကြည်လွှာမှာရှိတဲ့ ဆဲလ်တွေကောင်းစွာ အလုပ်မလုပ်နိုင်တော့တာကြောင့် ဖြစ်ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းဟာ အကြောင်းရင်းခံ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ကလေးတွေမှာ အများဆုံးဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့

    • အဝေးမှုန်ခြင်း။
    • ဗီတာမင် A ချို့တဲ့ခြင်းကြောင့် Keratomalacia လို့ခေါ်တဲ့ မျက်သားခြောက်သော ရောဂါဖြစ်ပွားခြင်း။
    • မျိုးရိုးလိုက်တဲ့ ရောဂါတစ်မျိုးဖြစ်သော Retinitis pigmentosa ရောဂါရှိခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ကြက်မျက်သင့်ရောဂါဖြစ်နေကြောင်း ဘယ်လိုသိမလဲ။

    တကယ်လို့ သင့်ကလေးဟာ အမှောင်ကြောက်နေတယ်ဆိုရင် ကလေးကို သေချာဂရုစိုက်ပြီး လေ့လာပါ။ ညအိပ်မီးလေးထွန်းပေးထားရင်ရော ကြောက်နေတုန်းပဲလား၊မကြောက်တော့ဖူးလားဆိုတာကို တချက်ကြည့်ပါ။

    နောက်တစ်ချက်အနေနဲ့ သင့်မိသားစုဝင်တွေထဲမှာ ညဖက်အမြင်အာရုံချို့တဲ့သူတွေ ရှိသလားဆိုတာကို စဉ်းစားပါ။ သင့်ကလေးရဲ့ အမူအကျင့်တွေကို သေချာ စောင့်ကြည့်ပြီး ညအမှောင်နဲ့ ကလေးရဲ့ အကြောက်တရားတို့အကြားမှာ သေချာပေါက်ဆက်စပ်မှုရှိမရှိ ကလေးဆရာဝန်ကို ပြောပြပါ။

    ကြက်မျက်သင့်ရောဂါကို မျက်စိအထူးကုဆရာဝန်က ဖော်ထုတ်ကုသပေးနိုင်ပါတယ်။ ကြက်မျက်သင့်ရောဂါဖြစ်ပွားပြီဆိုရင် မျက်မှန်ဆိုင်သွားပြီး မျက်မှန်အသစ်လုပ်ပေးရုံနဲ့တော့ ပြေလည်မှာမဟုတ်တဲ့အတွက် မျက်စိအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်ရပါမယ်။

    ညဖက်အမြင်အာရုံချို့တဲ့ခြင်းနဲ့ ဆက်စပ်ပြီး ရောဂါရာဇဝင်အသေးစိတ်ကို ဆရာဝန်က မေးမြန်းပါလိမ့်မယ် (ညဖက်မှာ အမြင်အာရုံချို့တဲ့တာ ဘယ်လောက်အထိ ဆိုးသလဲ၊ဖြစ်နေတာကြာပြီလား၊ဖြည်းဖြည်းချင်း ပိုဆိုးလာတာလား ဒါမှမဟုတ် ရုတ်တရက်ထဖြစ်တာလား စသဖြင့်ပေါ့)။

    ပြီးရင် မျက်စိကို စမ်းသပ်ပါမယ်။slit lamp examination လို့ခေါ်တဲ့ အလင်းစူးစူးသေးသေးလေးကို သုံးပြီး မျက်လုံးတွင်းရှိအင်္ဂါတွေကို စစ်ဆေးတာမျိုးလည်း ပြုလုပ်ကောင်းပြုလုပ်ပါလိမ့်မယ်။ ပုံမှန်ပြုလုပ်နေကျ အဆိုပါ စစ်ဆေးမှုတွေကနေ ရရှိလာတဲ့ အဖြေရလာဒ်တွေအပေါ်မူတည်ပြီး နောက်ထပ်စမ်းသပ်မှုတွေကို လိုအပ်သလို ဆက်လက်ပြုလုပ်ပါလိမ့်မယ်။

    ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ။

    သင့်ကလေး ကြက်မျက်သင့်ရောဂါ ဖြစ်ပွားနေပြီဆိုရင် ကုသရမယ့် နည်းလမ်းပုံစံက ရောဂါဖြစ်ပွားရခြင်းရဲ့ နောက်ခံအကြောင်းရင်းပေါ် မူတည်ပါတယ်။ သင့်ကလေး အဝေးမှုန်နေတာဆိုရင် မျက်မှန်တပ်ဖို့လိုမှာဖြစ်ပြီး retinitis pigmentosa ဝေဒနာခံစားနေရတဲ့ ကလေးတွေကတော့ docosahexaenoic acid, ဒါမှမဟုတ် DHA နဲ့ ဗီတာမင် A တို့ သုံးစွဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    သင့်ကလေးရဲ့ ဗီတာမင် A ပမာဏ နည်းပါးနေရင် ဗီတာမင် ဖြည့်စွက်အားဆေးတွေ သုံးစွဲဖို့ သင့်ဆရာဝန်က အကြံပြုမှာဖြစ်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာသုံးစွဲရမှာပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာနေထိုင်သူအများစုကတော့ အာဟာရပြည့်ဝမှန်ကန်စွာ စားသုံးလေ့ရှိကြတဲ့အတွက် ဗီတာမင် A ချို့တဲ့လေ့မရှိပါဘူး။

    ဗီတာမင် A ချို့တဲ့ခြင်းအတွက် ဗီတာမင် A ဖြည့်စွက်အားဆေးအပြင် ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကိုပါ စားသောက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။retinitis pigmentosa လိုမျိုး မျိုးရိုးဗီဇကြောင့် ကြက်မျက်သင့်ရောဂါဖြစ်ပွားရင်တော့ ကုသလို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မျိုးရိုးဗီဇဖောက်ပြန်ခြင်းကြောင့် မျက်ကြည်လွှာထဲမှာ အရောင်ခြယ်ပစ္စည်းတွေစုပုံလာတာကို ခွဲစိတ်ကုသလည်း အကျိုးမရှိလို့ဘဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement