backup og meta

မျက်လုံးထိခိုက်ခြင်းကို ဘယ်လို ကုသမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်လုံးထိခိုက်ခြင်းကို ဘယ်လို ကုသမလဲ

    မျက်လုံးဟာ ထိခိုက်လွယ်သော ခန္ဓါကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရိုးရှင်းသော အကြောင်းရင်း ဖြစ်စေကာမူ မျက်လုံးကို ထိခိုက်သွားစေနိုင်ပါတယ်။ ဥပမာ၊ မျက်လုံးထဲသို့ သေးငယ်သော အမှုန်ဝင်ခြင်း၊ ခေါင်းလျှော်ရည် ဝင်သွားခြင်း၊ တစ်စုံတစ်ခုက ရုတ်တရက် ဝင်သွားခြင်း။ ထိုအခြေအနေများမှာ အိမ်မှာနေစဉ်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ၊ အားကစားလုပ်နေစဉ်ဖြစ်စေ ကြုံတွေ့ရနိုင်ပါတယ်။ ထို့ကြောင့် ဖြစ်ခဲ့ပါက မည်သို့ ကုသရမည်ကို သိထားသင့်ပါတယ်။

    မျက်လုံးထိခိုက်ခြင်း ဆိုတာဘာလဲ။

    မျက်လုံးနားဝန်းကျင်တွင် ဖြစ်ပေါ်သော နာကျင်မှုများ ကို မျက်လုံးထိခိုက်ခြင်းဟု ခေါ်ပါတယ်။ မျက်လုံးကို ထိခိုက်နာကျင်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အောက်ဖေါ်ပြပါအချက်များဟာ ပိုပြီး အဖြစ်များသော အကြောင်းရင်းများ ဖြစ်ပါတယ်။

    -မျက်လုံးနားဝန်းကျင် အဖုများပေါက်ခြင်း

    မျက်လုံးနားဝန်းကျင် အဖုများပေါက်ခြင်း ကို အားကစားသမားများ၊ လက်ဝှေ့သမားများ တွင် တွေ့ရတတ်ပါတယ်။

    ဘောလုံးကစားသမားများ၊ ဘေစ့်ဘော၊ စကွက်ရှ်၊ရေကူး၊ အားစားရုံတွင်စော့သော ကစားသမားများ တွင်တော့ အဖြစ်နည်းပါတယ်။

    -မျက်လုံးများကို ကုတ်ခြစ်မိခြင်း

    ကလေးများတွင် အဖြစ်များပါတယ်။ ကလေးများဟာ အရမ်းစော့ကစားလွန်းပြီး ထိန်းရခက်တတ်ပါတယ်။ ထိုသို့စော့ကစားရင်း တစ်စုံတစ်ခုနှင့် သို့မဟုတ် မိမိဘာသာမိမိ လက်ဖြင့် ကုတ်ခြစ်မိတတ်ပါတယ်။

    -ဓါတုပစ္စည်းများ မျက်လုံးကို ထိမိခြင်း

    ခေါင်းလျှော်ရည်၊ အခြားသော သန့်စင်ရည်များ မျက်လုံးထဲသို့ ဝင်တတ်ပါတယ်။ ချက်ချင်းဆေးကြောသင့်ပါတယ်။

    ဓတ်ရောင်ခြည်များကြောင့် ထိခိုက်ခြင်း

    -နေပူထဲသွားသော အခါ နေကာမျက်မှန်ဝတ်ဆင်ခြင်းမရှိပါက မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ ဝဒိန်စော်သော အလုပ်သမားများတွင်လည်း အလုပ်လုပ်စဉ် လုပ်ငန်းသုံးမျက်မှန် မတပ်ဆင်ပါက မျက်လုံးများ ကို ထိခိုက်စေနိုင်ပါတယ်။

    အသားညိုစေရန်အသုံးပြုသော စက်မှ အလင်းများ၊ အချို့သော မီးအိမ်များမှ အလင်းများ ဟာလည်း မျက်လုံးကို ထိခိုက်စေပါတယ်။

    အခြားသော ထိခိုက်စေသော အရာများ

    သေးငယ်သော သစ်သားစ သို့မဟုတ် သတ္တုစလေးများ မျက်လုံးထဲဝင်လျှင်လည်း ထိခိုက်စေနိုင်ပါတယ်။

    ထိုသို့ မျက်လုံးထိခိုက်လျှင် ဘာလုပ်မလဲ။

    မျက်လုံးထိခိုက်မှုသည် အသေးစားဖြစ်ပါက ဆေးမလိုပါ၊ ၂၄ နာရီအတွင်း သူ့အလိုလို သက်သာသွားနိုင်ပါတယ်။ သို့သော် မခံနိုင်သော နာကျင်မှုမျိုးဖြစ်ပါက အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။

    မျက်ကပ်မှန် အသုံးပြုပါက သန့်ရှင်းစွာ ဂရုတစိုက်အသုံးပြုသင့်ပါတယ်။ မျက်လုံးကို လက်ဖြင့်ပွတ်သပ်ခြင်းများ မပြုလုပ်သင့်ပါ။ မျက်လုံးထိခိုက်ပြီးသား ဖြစ်ပါက မျက်ကပ်မှန် အသုံးမပြုသင့်တော့ပါ။

    ဓါတုပစ္စည်းများကြောင့် ထိခိုက်ခြင်း ဖြစ်ပါက ချက်ချင်း ရေနှင့် ဆေးကြောဖို့ အလွန်အရေးကြီးပါတယ်။ ထိုသို့မှ မသက်သာပါက ဆရာဝန်နှင့် သွားပြသင့်ပါတယ်။

    မျက်လုံးထဲသို့ ပြင်ပ ပစ္စည်းတစ်ခုခု ဝင်သွားပါက မိမိဘာသာ မိမိ မဖယ်ထုတ်သင့်ပါ။ ပိုးဝင်ခြင်း၊ နောက်ထပ် ထိခိုက်ခြင်းများ ဖြစ်နိုင်သောကြောင့် ဖြစ်ပါတယ်။ ဆရာဝန်ထံ သွားပြသင့်ပါတယ်။

    ပြင်းထန်သော ထိခိုက်မှုများတွင် မျက်လုံးအထူးကု ဆရာဝန်နှင့် သွားပြသင့်ပါတယ်။

    ရှေးဦးစွာ ဆရာဝန်က ထိခိုက်မှု မည်သို့ဖြစ်ခဲ့ပုံကို မေးခြင်းဖြင့် ပြင်းထန်မှုကို အဆင့်သတ်မှတ်ပေးပါလိမ့်မယ်။ ထို့နောက် ပိုးသတ်ဆေးလိမ်းဆေး သို့မဟုတ် မျက်စင်းခတ်ဆေးရည်ကို အသုံးပြုရန် ညွှန်ကြားပါလိမ့်မယ်။ ပိုးဝင်ခြင်းဟာ ရှားပါးသော်လည်း ဖြစ်ခဲ့ပါက အလွန် အန္တရာယ်ရှိပါတယ်။

    မျက်လုံးထိခိုက်ခြင်းကို မည်သို့ကာကွယ်ရမည်၊ မည်သို့မှန်ကန်စွာ ကုသရမည်ကို သိထားပါက ဖြစ်ခဲ့ပါက မပြင်းထန်နိုင်တော့ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement