ဒါဆို လည်ချောင်းမနာရအောင် ဘယ်လိုကာကွယ်လို့ ရမလဲ။
လည်ချောင်းနာတာကို ရာနှုန်းပြည့် ကာကွယ်လို့မရပေမယ့် တတ်နိုင်သလောက် ဖျားနာခြင်းနည်းစေဖို့အတွက် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်ကြည့်လို့ရပါတယ်။ ဘာတွေပြုပြင်ဖို့ လိုအပ်သလဲဆိုရင်
၁။ အပြင်ကနေ ပြန်လာရင်၊ အိမ်သာတက်ပြီးတိုင်း၊ အစာမစားခင်၊ အစာစားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့ လိုပါတယ်။
၂။ အပြင်မှာ လက်ဆေးဖို့ နေရာမရှိရင် လက်သန့်စင်ဆေးရည် ဆောင်ထားပါ။ လိုသလောက် ပမာဏကို လက်ဖဝါးပေါ်ထည့်ပြီး လက်နေရာအနှံ့ကို လိမ်းပေးပါ။
၃။ လက်မဆေးဘဲ မျက်နှာ၊ ပါးစပ်၊ နှာခေါင်းကို မပွတ်ပါနဲ့။
၄။ ချောင်းဆိုး၊ နှာချေတော့မယ်ဆိုရင် ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်ပါ။ တခြားသူတွေ စည်းမဲ့ကမ်းမဲ့ နှာချေချောင်းဆိုးနေရင်လည်း ကိုယ့်နှာခေါင်းကို တစ်ခုခုနဲ့ လုံအောင်အုပ်ထားပါ။
၅။ ရေများများသောက်ပါ။ အေးနေတဲ့အချိန်ဆိုရင် ရေသောက်ဖို့ တော်တော်များများ ပျင်းတတ်ကြပါတယ်။ ဒီလိုအချိန်တွေဆိုရင် ကိုယ်ခန္ဓာက ရေဓာတ်ခမ်းခြောက်လွယ်တဲ့အတွက် လွယ်လွယ်နဲ့ ဖျားနာနိုင်ပါတယ်။ ဒါကြောင့် ရေကို အနည်းဆုံး ၃လီတာထက်မနည်း သောက်ပေးဖို့လိုပါတယ်။
၆။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ များများစားပေးပါ။
၇။ မနက်ပိုင်းမှာ ဗီတာမင် စီ အားဆေးတစ်လုံး သောက်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။