backup og meta

အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ ဘယ်လိုကွာလဲသင်သိပါသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 21/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ ဘယ်လိုကွာလဲသင်သိပါသလား

    ရာသီ အကူးအပြောင်းမှာ ဖျားကြနာကြတယ်နော်။ ဖျားတာက အကြောင်းအရင်းမရှိဘဲ ဖျားတာမျိုးတော့မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ကိုယ်ခံအားစနစ် အားနည်းသွားတာကြောင့် ပြင်ပကဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တွေကို မတိုက်ထုတ်နိုင်တဲ့အခါ ဖျားတာနာတာ ဖြစ်လာတာပါ။ ဖျားတဲ့အခါ စကားတိုတိုတုတ်တုတ်နဲ့ နေထိုင်မကောင်းဘူးလို့ အလွယ်တကူသုံးလိုက်ကြပေမယ့် ဖျားတဲ့အခါ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ ဆိုပြီး ကွဲပြားပါတယ်။ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ချင်း မတူသလို ကုသရတဲ့ ပုံစံချင်းလည်း ကွာခြားပါတယ်။

    အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ လက္ခဏာတွေ ဘယ်လိုကွာ

    အအေးမိတာဆိုရင်

    တုပ်ကွေးဖြစ်တာဆိုရင်

    • ချောင်းခြောက်ဆိုးမယ်
    • အဖျားနည်းနည်းရှိနေမယ်
    • လည်ချောင်းနာမယ်
    • ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးမှာ နာကျင် ကိုက်ခဲတာတွေဖြစ်မယ်
    • ခေါင်းကိုက်မယ်
    • နှာရည်ယိုမယ်
    • သီတင်းပတ် (၂) ပတ်လောက်အထိ နေလို့မကောင်းဖြစ်နေမယ်
    • မအီမသာဖြစ်မယ်၊ အော့အန်မယ်။

    အအေးမိတာလား တုပ်ကွေးဖြစ်တာလားဆိုတာကို ဘယ်လိုခွဲခြားမလဲ

    တစ်ခါတလေ တုပ်ကွေးနဲ့ အအေးမိတာရဲ့ ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်တူနေတတ်တာကြောင့် ရောဂါအခြေအနေကို သေသေချာချာပြောပြဖို့အခက်အခဲလေးတွေရှိပါတယ်။ ဆေးစစ်ကြည့်တာက အကောင်းဆုံးသော အဖြေထုတ်နည်းတစ်မျိုးပါ။ ဒီလို ကွာခြားချက်လေးတွေတော့ ရှိပါတယ်။

    အအေးမိတာက ရက်အနည်းငယ်အကြာမှာ ပျောက်ကင်းသက်သာသွားပေမယ့် တုပ်ကွေးကတော့ ဒီလိုမဟုတ်ပါဘူး။ အအေးမိတာက (၇) ရက်ကနေ (၁၀) ရက်အတွင်းမှာ သက်သာသွားနိုင်ပေမယ့် တုပ်ကွေးဖြစ်ရင်တော့ သီတင်းပတ် (၂) ပတ်လောက်အထိ ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

    အအေးမိတဲ့အခါ ရောဂါလက္ခဏာတွေ ခံစားရတာက မြန်မြန်ဆန်ဆန်ကြီးမဟုတ်ပေမယ့် တုပ်ကွေးဖြစ်တဲ့အခါမှာတော့ ရောဂါပြင်းထန်တဲ့နှုန်းက တော်တော်လေးမြန်ပြီး ပြင်းလည်းပြင်းထန်ပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာရဲ့ ကြားထဲက အကြီးမားဆုံးသော ကွာခြားချက်က ရောဂါလက္ခဏာက ဘယ်လောက်မြန်မြန်ဖြစ်လာသလဲ ဆိုတာပါ။

    သိသိသာသာဖြစ်အောင် ပြောပြရမယ်ဆိုရင်တော့ အအေးမိတာရဲ့ ပထမနေ့မှာ ဖျားချင်သလိုလိုဖြစ်တယ်ဆိုတာလောက်ပဲ ခံစားရပြီးနောက်နေ့မှာတော့ ရောဂါလက္ခဏာက နည်းနည်းလေးပိုပြင်းထန်လာပါမယ်။ ၃ ရက်လောက်ဆိုရင်တော့ နေမကောင်းတဲ့ဒဏ်ကို အပြင်းထန်ဆုံးခံစားနေရပါပြီ။

    တုပ်ကွေးကကျတော့ ဒီနေ့မှာ ဖျားမယ်လို့တောင် အရိပ်အယောင်သိပ်မမြင်ရဘဲ နောက်တစ်နေ့မှာ ဘယ်လိုမှ နေသာထိုင်သာမရှိအောင် ဖျားနာသွားတဲ့အခြေအနေပါ။ အရမ်းမြန်တဲ့ ဖျားနာမှုတစ်မျိုးပေါ့။

    အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ က ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာဆိုပေမယ့် ဗိုင်းရပ်စ်အမျိုးအစားချင်းတော့မတူပါဘူး။ တုပ်ကွေးဗိုင်းရပ်စ်က အအေးမိဖျားနာဖြစ်စေတဲ့ ဗိုင်းရပ်စ်ထက် ပိုပြင်းထန်ပါတယ်။

    အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာက အသက်ရှူလမ်းကြောင်းမှာ ရောဂါပိုးကူးစက်တာကြောင့်ဖြစ်တဲ့ အဖျားရောဂါဆိုပေမယ့် တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်က ပိုပြင်းထန်ပြီး အသက်ရှူလမ်းကြောင်းကို သိသိသာသာထိခိုက်စေနိုင်ပါတယ်။

    အအေးမိတယ်ဆိုတာ

    အအေးမိတာက အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ရောဂါပိုးဝင်ကူးစက်တာကြောင့်ဖြစ်တဲ့ အဖျားရောဂါတစ်မျိုးပါ။ အဖျားရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်က အမျိုးအစား (၂၀၀) ကျော်ရှိပေမယ့် အအေးမိတာကို အများဆုံးဖြစ်စေတာက rhinoviruses ဗိုင်းရပ်စ်ပါ။

    အဖျားရောဂါက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ အအေးမိတာက ရောဂါကူးစက်ခံရပြီး (၁) ရက်ကနေ (၇) ရက်အတွင်းမှာရောဂါလက္ခဏာပြတတ်ပါတယ်။ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး ဖျားနာမှုကို ခံစားရချိန်က (၇) ရက်၊ (၁၀) ရက်၊ (၂ )ပတ်လောက်အထိကြာမြင့်နိုင်ပါတယ်။

    အအေးမိဖျားနာတာက အပျော့စား အသက်ရှူလမ်းကြောင်းဆိုင်ရာ အဖျားရောဂါတစ်မျိုးပါ။

    တုပ်ကွေးဖြစ်တယ်ဆိုတာ

    တုပ်ကွေးက အသက်ရှူလမ်းကြောင်း အထက်ပိုင်းအပြင် အောက်ပိုင်းကိုပါ ပိုးဝင်ကူးစက်ရာကနေဖြစ်လာတဲ့ အဖျားရောဂါပါ။ တုပ်ကွေး ဗိုင်းရပ်စ်က အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ထက် ရောဂါလက္ခဏာပိုပြင်းထန်ပါတယ်။

    တုပ်ကွေးက လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်နိုင်ပြီး ရောဂါအစပျိုးချိန်က (၁) ရက်ကနေ (၄) ရက်အထိကြာမြင့်နိုင်ပါတယ်။ အဖျားပျောက်ကင်းချိန်ကတော့ ကူးစက်ခံရတဲ့ရောဂါပိုးရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး (၅) ရက်ကနေ သီတင်းပတ် (၂) ပတ်အထိကြာမြင့်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 21/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement