backup og meta

Sinusitis (ထိပ်ကပ်နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sinusitis (ထိပ်ကပ်နာရောဂါ) ကဘာလဲ။

ထိပ်ကပ်နာရောဂါဆိုသည်မှာ လူဦးခေါင်းခွံတွင် နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ လေလမ်းကြောင်း/နှာခေါင်းလှိုဏ် (Sinus) ပိတ်ဆို့ရာကနေ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုတဲ့ နှာခေါင်းလှိုဏ် တွေ ပိုးဝင်ရောင်ရမ်းခြင်းဖြစ်ပါတယ်။ ထိပ်ကပ်နာရောဂါသည် ရုတ်တရက်ဖြစ်နိုင်ပြီး အချိန်တို ၄ ပတ် လောက်ပဲဖြစ်ရင် ရုတ်တရက်လတ်တလော ထိပ်ကပ်နာလို့ခေါ်တယ်။ ၃ လ လောက်ကြာပြီး ထပ်ခါထပ်ခါ ဖြစ်နေရင်တော့ နာတာရှည်ထိပ်ကပ်နာလို့ခေါ်တယ်။

Sinusitis (ထိပ်ကပ်နာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံ သိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Sinusitis (ထိပ်ကပ်နာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ထိပ်ကပ်နာရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ –

  • ခေါင်းကိုက်ခြင်း
  • ချောင်းဆိုးခြင်း အထူးသဖြင့် ညဖက်တွင်ပိုဆိုးတယ်
  • ဖျားနာခြင်း
  • နဖူး (သို့မဟုတ်) မျက်နှာတစ်ဝိုက်လေးလံ နာကျင်ခြင်း
  • နှာပိတ်ခြင်း၊ နှာစေးခြင်း၊ အဝါ/အစိမ်း/အပြာရောင် အရည်များထွက်ခြင်း
  • လည်ချောင်းနာခြင်း

အထက်ပါလက္ခဏာများဟာ (၇)ရက်မှ (၂၁)ရက်အတွင်း သက်သာပါတယ်။ အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာများတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • မျက်ကွင်းညို၍ ရောင်ရမ်းနာကျင်ခြင်း
  • နဖူးရောင်နေခြင်း
  • အပြင်းအထန်ခေါင်းကိုက်ခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်း
  • လည်ပင်းတောင့်တင်းခြင်း
  • အသက်ရှူပုံမမှန်ဖြစ်ဖြင်း ပြတ်တောင်းပြတ်တောင်း အသက်ရှူရပ်ခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Sinusitis (ထိပ်ကပ်နာရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဘတ်တီးရီးယားပိုး၊ ဓါတ်မတည့်ပစ္စည်းများ၊ လေထုညစ်ညမ်းခြင်းနဲ့ နှာခေါင်းအသားပို Nasal Polyp (နှာခေါင်းတွင် အသားပိုကြောင့် နှာပိတ်ခြင်းကိုဖြစ်စေတယ်) များသည် ထိပ်ကပ်နာရောဂါကို ဖြစ်စေပါတယ်။ ထို့ပြင် ထိပ်ကပ်နာသည် တုပ်တွေးမိပြီးနောက်၊ ဓါတ်မတည့်ပစ္စည်းများနဲ့ ထိတွေ့ပြီး နောက်တွင် ဖြစ်လေ့ရှိတယ်။ မွေးရာပါ နှာခေါင်းလှိုဏ်ကျဉ်းခြင်း၊ နှာခေါင်းခြောက်သွေ့လွန်းခြင်း တို့ကလည်း နာတာရှည်ထိပ်ကပ်နာ ဖြစ်စေတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Sinusitis (ထိပ်ကပ်နာရောဂါ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ထိပ်ကပ်နာဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဓါတ်မတည့်ပစ္စည်းများနဲ့ အမြဲထိတွေ့ နေရခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း
  • HIV ၊ AIDS ၊Cystic fibrosis ကဲ့သို့သော ကိုယ်ခံအားစနစ် ချို့ယွင်းမှုရောဂါ
  • ပန်းနာရင်ကျပ်ရောဂါ
  • ဆေးလိပ်သောက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sinusitis (ထိပ်ကပ်နာရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ရောဂါအတည်ပြုဖို့ နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ ရင်ဘတ်တို့ကို နားကြပ်သုံးပြီး စမ်းသပ်စစ်ဆေးပါတယ်။ သင့်မှာ မှိုပိုးကြောင့်ဖြစ်သော ထိပ်ကပ်နာရောဂါ (Fungal sinusitis) သို့မဟုတ် အကျိတ်များရှိနေတယ်ဟု သံသယရှိလျှင် နှာခေါင်းမှန်ပြောင်းကြည့်ခြင်း၊ ကွန်ပျူတာ ဓါတ်မှန်(CT Scan)ရိုက်ခြင်း၊ သံလိုက်ဓါတ်မှန်(MRI)ရိုက်ခြင်း တို့ကို ပြုလုပ်ပါလိမ့်မယ်။

ရောဂါဖြစ်ရခြင်းအကြောင်းရင်းကို ဆန်းစစ်ဖို့ သင့်ဆရာဝန်က သင်တစ်နှစ်တွင် ထိပ်ကပ်နာ ဖြစ်သော အကြိမ်အရေအတွက်၊ ရောဂါလက္ခဏာ မပေါ်ခင်ပြုလုပ်ခဲ့သော လုပ်ဆောင်မှုများကို မေးပါလိမ့်မယ်။ ထို့နောက်လိုအပ်ရင် X-Ray ဓါတ်မှန်ရိုက်ခြင်း (သို့မဟုတ်) အခြားသော စစ်ဆေးမှု များကို ပြုလုပ်ရန် ညွှန်ကြားပါလိမ့်မယ်။

Sinusitis (ထိပ်ကပ်နာရောဂါ) ကို ဘယ်လိုကုသပါသလဲ

ရောဂါဝေဒနာသက်သာရန် နှာခေါင်းဖြန်းဆေးများ၊ နှာခေါင်းအစက်ချဆေးရည်များ အသုံးပြု နိုင်ပါတယ်။ သာမန်ခေါင်းကိုက်ခြင်းအတွက် Panadol (သို့မဟုတ်) Efferagan ကဲ့သို့သော ပါရာစီတ မောပါဝင်သော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်တယ်။

ဆရာဝန်က အရောင်ကျစေဖို့ Antihistamine (သို့မဟုတ်) Corticosteroid ပါသော နှာခေါင်းဖြန်းဆေးများကို ညွှန်ပါတယ်။ ဒီနည်းလမ်းဟာ အထူးသဖြင့် နှာခေါင်းအသားပို (Nasal Polyp) ကြောင့် ဝေဒနာခံစားနေရသောအခါ ထိရောက်ပါတယ်။ ပိုးဝင်၍ ရောင်ရမ်းနေသော ရောဂါ အတွက်မှု ဆရာဝန်က ပဋိဇီဝဆေးများ ညွှန်ကြားပါလိမ့်မယ်။

ထို့ပြင် မှိုပိုးကြောင့်ဖြစ်သော ထိပ်ကပ်နာ၊ နှာခေါင်းအသားပိုနဲ့ နှာခေါင်းနှစ်ပေါက်ကြားအလွှာ (Nasal Septum) တစ်ဖက်ဖက်ကိုယိုင်နေခြင်း ကြောင့်ဖြစ်သော ထိပ်ကပ်နာရောဂါများတွင် ဆရာဝန် က ခွဲစိတ်ကုသမှု ပြုလုပ်ပေးပါတယ်။

လူနေမှုပုံစုံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက ထိပ်ကပ်နာရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်သလဲ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက ထိပ်ကပ်နာရောဂါကို ကုသရာမှာ ဘယ်လို အထောက်အကူပြုနိုင်သလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ထိပ်ကပ်နာကို ကုသတဲ့ နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။

• ရေများများသောက်ခြင်းဖြင့် နှာခေါင်းတွင်းအချွဲများကို အရည်ကျဲစေပါတယ်။

• အရက်ရှောင်ပါ။

• ဆေးလိပ်မသောက်ရ။

• အဝတ်နွေးနွေးနဲ့ တစ်နေ့(၄)ကြိမ်အုပ်ပေးပါ။

• ဓါတ်မတည့်သော ပစ္စည်းများနဲ့ မထိတွေ့အောင်ရှောင်ပါ။

• မသေချာသော နှာခေါင်းဖြန်းဆေးများမသုံးပါနဲ့။ ထိုဆေးများတွင် သင်နဲ့မသင့်တော်သော ရောဂါပိုးဆိုးစေသော ပစ္စည်းများပါနိုင်ပါတယ်။

• အိပ်လျှင် ဦးခေါင်းကို အနည်းငယ်မြှင့်ပြီးအိပ်ပါ။

အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့အဖြေရှာဖွေနိုင်ဖို့ ဆရာဝန် နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Chronic sinusitis. http://www.mayoclinic.org/diseases-conditions/chronic-sinusitis/home/ovc-20211159 Accessed December 31, 2016

Sinusitis: Symptoms, Diagnosis, and Treatment.

http://www.medicalnewstoday.com/articles/149941.php Accessed December 31,2016

Sinus Infection Symptoms. http://www.healthline.com/health/cold-flu/sinus-infection-symptoms#Inchildren2 Accessed December 31, 2016

Sinusitis – Treatment.

http://www.nhs.uk/Conditions/Sinusitis/Pages/Treatment.aspx Accessed

December 31, 2016

ယခုပုံစံ

29/06/2022

Dr. Sandar Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement