backup og meta

ခံတွင်းအနံ့ဆိုး စေသော အစားအစာ ၁၀မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းအနံ့ဆိုး စေသော အစားအစာ ၁၀မျိုး

    တစ်နေ့တစ်နေ့ သွားလာလှုပ်ရှား အလုပ်လုပ်နေသူတွေအတွက် ခံတွင်းအနံ့ဆိုး တာက စိတ်ရှုပ်စရာပါ။ ကိုယ်တိုင်လည်း စိတ်ညစ်ရသလို သူများကိုလည်း အားနာရပါတယ်။ ခံတွင်းအနံ့ဆိုး တာက ခံတွင်းထဲမှာရှိတဲ့ စားကြွင်းစားကျန်တွေကို ဘက်တီးရီးယားတွေက ဖြိုခွဲလိုက်တဲ့အခါ အနံ့ဆိုးတွေ ထွက်လာလို့ပါ။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ တချို့သောအစားအစာတွေကတော့ ခံတွင်းနံ့ကို ပိုဆိုးစေပါတယ်။ သူတို့ကို ချေဖျက်ပြီးတဲ့အခါ ဓာတ်တွေက သွေးထဲကိုရောက်သွားပါတယ်။ အဲဒီကနေတဆင့် အဆုတ်ကိုရောက်ပြီး အသက်ရှူထုတ်လိုက်တဲ့အခါ အနံ့ပြန်ထွက်လာပါတယ်။ ဒါဆို ခံတွင်းနံ့ဆိုးထွက်စေတဲ့ ထိပ်တန်းအစားအစာ ၁၀ မျိုးကို ပြောပြပေးပါမယ်။

    () ကြက်သွန်ဖြူ

    ပါးစပ်နံစေတဲ့ အစားအစာကို ပြောပါဆိုရင် ပရိတ်သတ်အယောက် ၁၀၀ရဲ့အဖြေက ကြက်သွန်ဖြူပါပဲ။ ကြက်သွန်ဖြူ မှာပါတဲ့ ဆာလ်ဖာဓာတ်က ခံတွင်းအနံ့ဆိုးကို ဖြစ်စေပါတယ်။

    () ကြက်သွန်နီ

    နောက်တစ်ခုကတော့ ကြက်သွန်နီပါ။ ကြက်သွန်နီကလည်း ကြက်သွန်ဖြူလိုပဲ ဆာလ်ဖာပါတဲ့အတွက် ခံတွင်းအနံ့ကို ဆိုးစေပါတယ်။ ဒီဓာတ်တွေက သွေးထဲကနေတဆင့် အဆုတ်ကိုရောက်ပြီး ရှူထုတ်လိုက်တဲ့ လေမှာပြန်ပါလာလို့ အနံ့ထွက်စေပါတယ်။

    () ကော်ဖီ

    ကော်ဖီမှာပါတဲ့ အမိုင်နိုအက်စစ်က ဘက်တီးရီးယားနဲ့တွေ့တဲ့အခါ ဆာလ်ဖာဓာတ်ကို ထုတ်ပေးပါတယ်။ ဒါ့ပြင် ကဖင်းက ခံတွင်းကို ခြောက်စေတဲ့အတွက် တံတွေး အထွက်နည်းပြီး အနံ့က တော်တော်နဲ့ မပျောက်ပါဘူး။

    (၄) အယ်လ်ကိုဟော

    အရက် က ခံတွင်းထဲမှာရှိတဲ့ ကောင်းတဲ့ဘက်တီးရီးယားနဲ့ မကောင်းတဲ့ ဘက်တီးရီးယားပမာဏကို ပျက်စေပါတယ်။ ဒါ့ပြင် ကော်ဖီလိုပဲ တံတွေးအထွက်နည်းစေတဲ့အတွက် အကြာကြီးအနံ့စွဲနေမှာပါ။

    () အသားဓာတ်

    အသားစားများတဲ့အခါ သွားကြားမှာ စားကြွင်းစားကျန်ညှပ်တတ်ပါတယ်။ ဒါတွေကို ဘက်တီးရီးယားက ဖြိုခွဲလိုက်တဲ့အခါမှာ အနံ့ဆိုးတဲ့ ဂတ်စ်တွေထွက်လာပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးရတာပါ။

    () ချိစ်

    ချိစ်အပါအဝင် နို့ထွက်ပစ္စည်းတွေ(ဒိန်ချဉ်မပါ)မှာ ပါတဲ့အမိုင်နိုအက်စစ်က ခံတွင်းထဲက ဘက်တီးရီးယားနဲ့ ဓာတ်ပြုပြီး ဆာလ်ဖာထွက်လာတဲ့အတွက် ခံတွင်းအနံ့ဆိုးစေပါတယ်။

    () စည်သွပ်ဘူးငါး

    လတ်လတ်ဆတ်ဆတ်ငါးတွေနဲ့ မတူတာက စည်သွပ်ဘူးငါး (တူနာ၊ ဆယ်လ်မွန်)တွေ ဘူးထဲမှာ အလုံပိတ်ထားတဲ့အတွက် ဓာတ်တိုးပြီး တခြားပစ္စည်းတွေနဲ့ ဓာတ်ပြုထားတာကြောင့် စားပြီးရင် အနံ့ဆိုးထွက်ရတာပါ။

    () မြေပဲထောပတ်

    မြေပဲမှာ ပရိုတင်း (အသားဓာတ်)ပါပြီး ထောပတ်ဆိုတာ နို့ထွက်ပစ္စည်းပါ။ နှစ်ခုလုံးက ဘက်တီးရီးယားတွေအကြိုက်ပါပဲ။ ပြီးတော့ စေးကပ်ကပ်ဖြစ်တာကြောင့် စားပြီးရင် ချောင်ကြိုချောင်ကြားမှာကပ်နေမှာပါ။ ဒါကြောင့် ဘက်တီးရီးယားတွေနဲ့ ကြာကြာထိတွေ့ပြီး ကြာကြာဓာတ်ပြုနိုင်မှာပါ။ ဒါတွေကို မဖယ်ပစ်ဘူးဆိုရင်  အနံ့ဆိုးတွေက ဆက်ထွက်နေဦးမှာပဲ။

    () စစ်ထရပ်ဓာတ်များသော အသီးများ

    စစ်ထရပ်ဓာတ်ဆိုတာ အလွယ်ပြောရင် ဗီတာမင်စီပါ။ ချဉ်တဲ့အသီးတွေမှာ တွေ့ရပါတယ်။ အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေက အချဉ်ဓာတ်ကို ကြိုက်ပါတယ်။ ဒါကြောင့် အနံ့ဆိုးတွေထွက်ရတာပါ။ ဒါပြင့် လေချဉ်တက်တဲ့အခါမှာလည်း ဒီအနံ့တွေက အပေါ်ကို ပြန်ဆန်တက်လာမှာပါ။

    (၁၀) သင်္ဘောဒန့်သလွန်ရွက်

    ဒီအရွက်မှာပါတဲ့ isothiocyanateဓာတ်က ခံတွင်းအနံ့ဆိုးကို ထွက်စေပါတယ်။

    ကဲဒါဆိုရင် ဒါတွေကလည်း စားမိသွားပြီ။ ခံတွင်းအနံ့လည်း မနံချင်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အောက်မှာနည်းလမ်းလေးတွေပေးထားပါတယ်။

    • စားပြီးရင် သွားတိုက်ပါ။ အထူးသဖြင့် အလုပ်မှာဆို ပိုဆိုးပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရဦးမှာမို့လို့ အနံ့ဆိုးထွက်နေလို့ မဖြစ်ပါဘူး။ ဒါကြောင့် အလုပ်မှာ သွားပွတ်တံတစ်ချောင်းဆောင်ထားပြီး စားပြီးတိုင်း သွားတိုက်ပါ။
    • သွားပွတ်ကြိုးသုံးပါ။ သွားပွတ်ကြိုးက ချောင်ကြိုချောင်ကြားမှာရှိတဲ့ အစားကြွင်းစားကျန်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။
    • သွားတိုက်ရင် လျှာကိုပါ တိုက်ပါ။ လျှာမှာဘက်တီးရီးယားတွေ အများကြီးစုဝေးနေတဲ့အတွက် လျှာကိုသန့်ရှင်းရေးလုပ်ပေးတာက အနံ့ဆိုးတွေကို လျှော့ချပေးမှာပါ။
    • ခံတွင်းမခြောက်ပါစေနဲ့။ ခံတွင်းမခြောက်စေဖို့ ကော်ဖီတွေ၊ အရက်တွေကို လျှော့သောက်ပါ။ သောက်မိပြီးရင်လည်း ခံတွင်းမခြောက်အောင် ရေများများသောက်ပါ။
    • ငုံဆေးငုံပါ။ ခုခေတ်မှာ ဆေးသကြားလုံးပုံစံငုံဆေးတွေ၊ ဂျယ်လီပုံစံငုံဆေးတွေ အများကြီးရှိနေပါပြီ။ လတ်တလောမှာ သွားလည်းမတိုက်နိုင်သေးဘူး။ မြန်မြန်လည်း အနံ့ဆိုးပျောက်ချင်တယ်ဆိုရင် ငုံဆေးငုံပါ။ သံပရာ၊ သံပရို၊ ပျားသံပရာအပြင် ယူကလစ်အနံ့၊ ပရုတ်အေးအစရှိတဲ့ အနံ့သင်းသင်းလေးနဲ့ ခံတွင်းရှင်းစေတဲ့ ငုံဆေးတွေ၊ ဂျယ်လီတွေရှိနေတဲ့အတွက် လတ်တလော အခက်အခဲကို အမြန်ဆုံးဖြေရှင်းပေးနိုင်မှာပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement