နှာခေါင်း ဆိုတာ အသက်ရှူဖို့ သက်သက်ပဲ မဟုတ်ပါဘူးနော်။ ဒါဆို အလှအပ အတွက်လား။ နှာခေါင်း၊ နှာတံ အစိတ်အပိုင်းတွေဟာ သွင်ပြင်ပုံသဏ္ဍာန်အတွက် အရေးပါသလို အောက်ဆီဂျင်ရရှိဖို့၊ ရောဂါပိုးတွေ ကာကွယ်ဖို့၊ အနံ့ခံနိုင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေ အများကြီးကို တာဝန်ယူထားပါတယ်။