ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 20, 2020 . 2 mins read
Share now

ခရီးသွားတာက ဘဝအမောတွေကိုပြေစေပြီး အသစ်အဆန်းတွေကို ထိတွေ့ခံစားခွင့်ရနိုင်ပါတယ်။ ဒီအသစ်အဆန်းတွေကိုခံစားချင်ပေမယ့် ကားမူးမှာကြောက်လို့ ခရီးဝေးတွေ မပြောနဲ့၊မြို့ပြင်ကို နည်းနည်းလောက်ပဲသွားလိုက်ရင်ကို မူးလို့ ဘယ်မှမသွားရဲဘဲဖြစ်နေတဲ့သူတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင်စိတ်ရှုပ်နေရတဲ့ အခက်အခဲကို အကောင်းဆုံးဖြေရှင်းပေးနိုင်မှာပါ။

ကားမူးတယ်ဆိုတာ ဘာလဲ…….

ကားမူးတယ်ဆိုတာက မျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကို ဦးနှောက်ကကောင်းကောင်းမချိတ်ဆက်မိတဲ့အခြေအနေတစ်ရပ်ပါ။ အကြားအာရုံကရရှိနေတဲ့ အချက်အလက်တွေနဲ့ အမြင်အာရုံကနေရရှိနေတဲ့ အချက်အလက်တွေကဟန်ချက်မညီဘဲ ဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေစလာတဲ့ ခံစားချက်တစ်ခုပေါ့။

ကားမူးတာကို အဓိကခံစားတဲ့ခန္ဓါကိုယ် အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓါကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်ကရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနာကခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက ဟန်ချက်ပျက်သွားပြီဆိုရင်တော့ ရင်ထဲမကောင်းဘူး၊ခေါင်းထဲကမူးတယ်၊ အန်ချင်တယ်ဆိုတဲ့ ကားမူးတဲ့ လက္ခဏာတွေကို စခံစားရတော့ပါပဲ။

ကားမူးနေပြီလား…….

ကားမူးတဲ့အခါ အခုလက္ခဏာတွေခံစားရနိုင်ပါတယ်။

ကားမူးတာက ကာကွယ်လို့ရလား………

ကားမူးတာက မဖြစ်အောင်ကာကွယ်လို့ရပါတယ်။ ကားနဲ့ပဲဖြစ်ဖြစ်၊ ရထားနဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောနဲ့ပဲဖြစ်ဖြစ်၊လေယာဉ်နဲ့ပဲဖြစ်ဖြစ် ခရီးသွားရင် ကားမူးတယ်၊လို့ အလွယ်ခေါ်တတ်တဲ့ မအီမသာဖြစ်တဲ့ အခြေအနေမျိုးကို ခံစားရနိုင်ပါတယ်။ ဒီခံစားချက်က ခံစားရအတော်ခက်သလိုပျော်ချင်လို့ ခရီးသွားပါတယ်ဆိုမှ ကားကမူးနေတော့ ပတ်ဝန်းကျင် အလှအပတွေကို ခံစားဖို့တော်တော်လေးခက်ပြီပေါ့။ ဒီတော့ပျော်ရွှင်စရာခရီးစဉ်ဖြစ်ဖို့က ခက်ပြီလေ။ ဒီပြဿနာကို အခုပြောပြမယ့်နည်းလေးတွေသုံးပြီး ကာကွယ်လို့ရပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

ခရီးမသွားခင်မှာ အိပ်ရေးဝအောင်အိပ်တာကလည်း ကားမူးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခရီးမသွားခင်မှာ အိပ်ရေးလေးဝဝအိပ်ပေးပါ။

အများကြီးမစားပါနဲ့

ခရီးမသွားခင်မှာ အစာအများကြီးစားတာက ကားမူးစေနိုင်တဲ့အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့် ခရီးမသွားခင်မှာ အများကြီးစားတာ၊ အဆီများတာတွေစားတာ၊ အပူအစပ်တွေစားတာမျိုးမလုပ်သင့်ပါဘူး။

ရေသောက်ပါ

ခရီးသွားတဲ့အခါ ဆီးသွားချင်မှာကို စိုးပြီးရေမသောက်ဘဲနေတာမျိုးမလုပ်ပါနဲ့။ရေကို လိုအပ်သလောက်တော့သောက်ပါ။ ခရီးသွားရင်လည်း အလွယ်တကူရေသောက်ဖို့ရေဗူးလေးအဆင်သင့်ယူသွားပါ။ ကားမူးလာပြီဆိုရင်ရေနည်းနည်းသောက်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

ချင်း (ဂျင်း) စားပါ

ကားမူးတတ်တယ်ဆိုရင် ကားစမစီးခင် ၁၅ မိနစ် အလိုလောက်မှာ လက်တစ်ဆစ်စာ ချင်း (ဂျင်း)ပြားလေးကို ဝါးစားပေးပါ။ ဒီလိုလုပ်တာက ခရီးစဉ်တလျှောက်ကားမူးတာကို သက်သာစေမှာပါ။

လေရှုပါ

ပြင်ပလေကို ရှုရှိုက်တာကလည်း ကားမူးသက်သာစေနိုင်ပါတယ်။ ကားစီးရင်း ကားမူးတဲ့ လက္ခဏာတွေခံစားလာရပြီဆိုရင်ပြတင်းပေါက်ကို ဖွင့်ပြီးလေရှုတာမျိုးလုပ်ပေးပါ။

ပီကေဝါးပါ

ခရီးသွားရင် ကားမူးမှာကြောက်တတ်သူတွေဆောင်သွားသင့်တဲ့ စားစရာတစ်ခုကတော့ ပီကေပါ။ ကားစီးနေချိန်မှာ ပီကေဝါးပေးတာက ကားမူးတာကို မဖြစ်အောင်ကာကွယ်ပေးသလို ကားမူးနေရင်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကားမူးတတ်ရင် ပီကေဝါးပါ။

တရားမှတ်ပါ

ဝင်လေထွက်လေမှတ်တာကလည်း ကားမူးတာကို သက်သာစေမယ့် နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့် ကားစီးနေရင်းတရားမှတ်တာကလည်း ကားမူးမှာကြောက်သူတွေအတွက် အသုံးတည့်မယ့်နည်းလမ်းတစ်ခုပါ။

သီချင်းနားထောင်ပါ

ခရီးသွားရင်း နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရတာက ခံစားချက်ကောင်းသလိုကားမူးတာကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကားမူးတတ်တယ်ဆိုရင် ခရီးသွားတဲ့အခါ ဖုန်းလေးနဲ့ နားကြပ်လေးပါအောင်ယူလို့ သီချင်းနားထောင်ပါ။

ကားမူးလို့ စိတ်ညစ်မနေပါနဲ့။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေသုံးပြီး ကားမူးတာကို ကာကွယ်လို့ ပျော်ရွှင်စရာခရီးစဉ်လေးတွေကို ဖန်တီးလိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ……………………

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အမြင်မကြည် ရသည့် အကြောင်းတရားများ

ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခြင်းမရှိတာကို အမြင်မကြည် ဘူး၊ မြင်ကွင်းတွေဝေဝါးနေတယ်လို့ ဆိုတတ်ကြတယ်မဟုတ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read