အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
Share now

ဆေးဝါးတွေကို ရောဂါကုသဖို့ သုံးတယ်ဆိုပေမယ့် တစ်ခါတလေမှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီထဲမှာ Ototoxicityလို့ ခေါ်တဲ့ နားထိခိုက်တာလည်း ပါဝင်ပါတယ်။ Ototoxicity မှာ အကြားအာရုံ ထိခိုက်တာ၊ နားအူတာ၊ ဟန်ချက်မထိန်းနိုင်ဘဲ မူးနေတာ  စတာတွေ ပါဝင်ပါတယ်။ လေ့လာချက်တွေအရ ဆေးအမျိုးပေါင်း ၂၀၀ လောက်က အကြားအာရုံ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ တချို့ဆေးတွေက ယာယီပဲ ထိခိုက်ပြီး တချို့ဆေးတွေကတော့ တစ်သက်လုံး ပြန်မကောင်းနိုင်လောက်အောင် ထိခိုက်နိုင်ပါတယ်။

သင့်ရဲ့ အကြားအာရုံကို ထိခိုက်စေတဲ့ ဆေးဝါးများ

အကြားအာရုံထိခိုက်စေတဲ့ ဆေးအမျိုးအစား အများကြီးထဲမှာ အသုံးများတဲ့ ဆေးတွေကတော့

  • Aminoglycoside 

ဒီဆေးတွေထဲမှာ streptomycin, gentamicin, amikacin စသဖြင့် “mycin” or “cin” တို့နဲ့ ဆုံးတဲ့ ဆေးတွေ ပါပါတယ်။ ပိုးသတ်ဆေး အမျိုးအစားပါ။ ပြင်းထန်တဲ့ ပိုးဝင် ကူးစက်ခြင်းတွေမှာ သုံးပါတယ်။ အကြားအာရုံကို တစ်သက်လုံး ဆုံးရှုံးစေတဲ့ ဆေးတွေပါ။ ဒီထဲက တချို့က ဆေးယဉ်ပါးတီဘီကုသတဲ့ နေရာမှာ သုံးပါတယ်။

မြန်မာနိုင်ငံမှာ အတွေ့ရများတာတော့ တီဘီဆေးထိုးပြီး နားလေးလာတယ်ဆိုတဲ့ ပြဿနာပါ။ ဒီအကြောင်းကို နည်းနည်းရှင်းပြပေးချင်ပါတယ်။ ရှေ့ကကုခဲ့တဲ့ သူတွေက တီဘီဆေးတွေက နားလေးတယ်ဆိုပြီး မပြည့်မစုံပြောကြတဲ့အတွက် နောက်ကုမယ့်သူတွေက နားလေးရင် မကုတော့ဘူးဆိုပြိး ထားလိုက်ရင် ဆေးယဉ်ပါးတီဘီတွေ ပိုများလာမှာပါ။

တီဘီဆေးတိုင်းက အကြားအာရုံထိခိုက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးယဉ်ပါးတီဘီမှာ သုံးတဲ့ Aminoglycoside အုပ်စုဝင် ပိုးသတ်ဆေးတွေကို ပမာဏ များများပေးရရင် အကြားအာရုံ ထိခိုက်နိုင်ပါတယ်။ ဆေးရပ်လိုက်ရင်တောင် ပြန်မကောင်းပါ။ ဒါဟုတ်ပါတယ်။ ဒီလိုဆို ဘာလို့ပေးသေးလဲဆိုတော့ ဆေးယဉ်ပါးတီဘီက ပိုကြောက်ဖို့ ကောင်းပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်လို့ပါပဲ။

ဒီဆေးတွေ သုံးတိုင်း အကြားအာရုံထိခိုက်သလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ဒီအချက်တွေရှိရင်တော့ ပိုပြိး ထိခိုက်နိုင်တာကို တွေ့ရပါတယ်.

-ပမာဏ အများကြီး သုံးပြီး ကုရရင်

ဆီးဆေး (furosemide)တွေ သောက်နေရပြီး ကျောက်ကပ်လည်း သိပ်မကောင်းဘူးဆိုရင်

-နဂိုတည်းက အကြားအာရုံချို့ယွင်းနေတဲ့သူဆိုရင် ပိုပြီး ဖြစ်နိုင်ပါတယ်။

ဒီလိုဆို ဒီဆေးတွေ မသုံးလို့ မရဘူးလား။ အကြားအာရုံမထိခိုက်အောင် ဘာလုပ်ကြမလဲ။ ဆေးယဉ်ပါးတီဘီဖြစ်တဲ့အတွက် သာမန်တီဘီထက်တော့ ဆေးတွေ ပိုများပြီး ကုတဲ့အချိန်လည်း ပိုကြာပါတယ်။ အစွမ်းထက်ဆေး ဖြစ်တာကြောင့် သုံးတဲ့နေရာမှာ ချိန်ဆပြီး လူနာကို မထိခိုက်အောင် သုံးရပါတယ်။ ဒါကြောင့်

-ဆေးစမပေးခင်နဲ့ ရက်ချိန်းတွေ ပြန်ပြန်လာတိုင်းမှာ အကြားအာရုံစစ်ပါတယ်။

သင့်ရဲ့ အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

-လိုအပ်ရင် တခြားဆေးတစ်မျိုးကို ကြားဖောက်အနေနဲ့ တစ်ပတ်ကို ၃ကြိမ်လောက် မစားထိုးပေးပါတယ်။ မဟုတ်ရင် Aminoglycosideတွေ ကိုယ်ထဲမှာ အများကြီး စုနေနိုင်လို့ပါ။

-ဒါနဲ့ မရဘူးဆိုရင် တီဘီသောက်ဆေးထဲက တခြားဆေးတစ်မျိုးကို အစားထိုးပေးပါတယ်။

-ဒီလိုအစားထိုးဖို့ အဆင်မပြေဘူးဆိုရင် ဆေးကို ပမာဏ လျှော့တာဖြစ်ဖြစ် လုပ်ရပါတယ်။

ဆေးရပ်လိုက်မယ်ဆိုရင်တော့ အကြားအာရုံထိခိုက်တာကို ပိုမဆိုးလာအောင် တားနိုင်ပါတယ်။ မသိဘဲ ဆက်ထိုးနေမယ်ဆိုရင်တော့ အကြားအာရုံ လုံးဝဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် တီဘီဆေးသောက်နေတဲ့သူတွေ (အထူးသဖြင့် ဆေးယဉ်ပါးတီဘီ) အနေနဲ့ ရက်ချိန်းမှန်မှန် သွားပြဖို့၊ ကိုယ်ခံစားနေရတာကို ပြောပြဖို့၊ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မရပ်ဖို့ အရေးကြီးပါတယ်။

သူကလည်း ပိုးသတ်ဆေး အမျိုးအစားဖြစ်ပြီး နားပိုးဝင်တာ၊ လေပြွန်ရောင်တာ၊ အဆုတ်ပွတဲ့ ရောဂါတွေမှာ အသုံးများပါတယ်။ သူက သူများပြောတဲ့ စကားတွေကို ကောင်းကောင်းမကြားတဲ့ လက္ခဏာကနေ စပြတဲ့အတွက် နားလေးနေပြီဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။ နောက်ထပ်ကောင်းတဲ့အချက်ကတော့ နားလေးတာကို သတိထားမိလို့ ဆေးရပ်လိုက်ရင် အကြားအာရုံပြန်ကောင်းလာနိုင်တာပါပဲ။

  • Salicylate ပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ

ဥပမာပြောရရင် အက်စပရင် အကိုက်အခဲပျောက်ဆေးပါ။ (သွေးကျဲဆေး မဟုတ်ပါ။ သွေးကျဲဆေးက အကိုက်အခဲပျောက်ဆေးထက် ဆေးပမာဏ အင်မတန်နည်းပါတယ်။) အက်စပရင် အကိုက်အခဲပျောက်ဆေးကို ပမာဏ အများကြီး (တစ်နေ့ကို ၈လုံးကနေ ၁၂လုံးလောက်ထိ) သောက်တဲ့အခါ အကြားအာရုံ ယာယီဆုံးရှုံးတတ်ပါတယ်။

Ibuprofenတို့ Naproxenတို့လို ဆေးတွေ ပါဝင်ပြီး ပမာဏအများကြီး သောက်မယ်ဆိုရင် အကြားအာရုံ ယာယီဆုံးရှုံးတတ်ပါတယ်။

ငှက်ဖျားဆေးအနေနဲ့ရော ညဘက်မှာ ကြွက်တက်တာ သက်သာစေဖို့အတွက်ရော သုံးကြပါတယ်။ အကြားအာရုံယာယီဆုံးရှုံးတတ်တယ်ဆိုပေမယ့် ဆေးရပ်လိုက်တဲ့အခါ ပြန်ကောင်းသွားနိုင်ပါတယ်။

  • ဆီးဆေး

နှလုံးမကောင်းတာ၊ ကျောက်ကပ်မကောင်းတာ၊ အသည်းခြောက်တာနဲ့ သွေးတိုးရောဂါရှိတဲ့သူတွေမှာ သုံးလေ့ရှိပါတယ်။ Loop diuretics အမျိုးအစား ဥပမာ Lasixက ယာယီရော၊ နာတာရှည် အကြားအာရုံ ဆုံးရှုံးတာရော ဖြစ်စေနိုင်ပါတယ်။

  • ကင်ဆာဆေးများ

ကင်ဆာဆေးတွေထဲမှာ cisplatin နဲ့ carboplatin တို့က အကြားအာရုံ ထိခိုက်တတ်ပါတယ်။ Cisplatin ဆိုရင် ဆေးကုပြီး တစ်နှစ်လောက်ကြာတဲ့အထိ နားအတွင်းရည်ထဲမှာ ဆေးအကြွင်းအကျန်တွေ အောင်းနေနိုင်ပါသေးတယ်။ အစာရေမျိုပြွန်၊ သားအိမ်ခေါင်း၊ သားဥအိမ်၊ ဝှေးစေ့၊ ဆီးအိမ်၊ အဆုတ်နဲ့ ဦးနှောက်ကင်ဆာတွေမှာ သုံးလေ့ရှိပါတယ်။ ကင်ဆာဆေးတွေကြောင့် အကြားအာရုံဆုံးရှုံးတာက တစ်သက်လုံးလည်း ဖြစ်သွားနိုင်ပါတယ်။ ဆေးကုသမှု မစခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။

ဒီဆေးတွေ သုံးတာနဲ့ အကြားအာရုံ ဆုံးရှုံးရမှာလား။

အကြားအာရုံ ဆုံးရှုံးသွားမလား ဆိုတာကတော့ သုံးတဲ့ ပမာဏ၊ ကြာချိန်၊ ဆေးတွေ ကိုယ်ထဲမှာ ဘယ်လောက်ထိ စုနေမလဲ၊ အသက်အရွယ်၊ မျိုးဗီဇ၊ ရေဓာတ်အခြေအနေ၊ ကျောက်ကပ်နဲ့ အသည်းလုပ်ဆောင်ချက်တွေအပေါ် မူတည်ပါတယ်။

သင့်ရဲ့ အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဒါ့ပြင် ဒီဆေးတွေ သုံးတဲ့အချိန်မှာ တခြားအကြားအာရုံ ထိခိုက်နိုင်တဲ့ အချက်တွေ လုပ်နေမိရင်လည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဥပမာ ဆူဆူညံညံ အသံတွေ နားထောင်တာ၊ အာဆင်းနစ်၊ မာကျူရီ စတာတွေကို ကိုင်တွယ်ရတာ၊ ကာဗွန်မိုနောက်ဆိုဒ် ရှူမိတာမျိုးပါ။ ဒါ့ပြင် ဖိနပ်စက်ရုံ၊ ဘက်ထရီစက်ရုံ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အိမ်သုတ်ဆေး စတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်နေရရင်လည်း ဓာတုပစ္စည်းနဲ့ ထိတွေ့မှု များတာကြောင့် ပိုဖြစ်နိုင်ပါတယ်။

ခုပြောခဲ့တဲ့ ဆေးတွေက အကြားအာရုံ ထိခိုက်နိုင်တယ်ဆိုပေမယ့် တစ်ဖက်ကကြည့်ရင် အစွမ်းထက်တဲ့ ဆေးတွေ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်လည်း ခုချိန်ထိ သုံးနေရတာပါ။ ကောင်းကျိုး ဆိုးကျိုး ချိန်ပြီး သုံးရတာဖြစ်တဲ့အတွက် ဒီဆေးတွေ သုံးနေတုန်းမှာ အကြားအာရုံမှာ အပြောင်းအလဲဖြစ်လာတယ်ဆိုရင် ဆရာဝန်ကို  အသိပေးဖို့ အကြံပြုလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဖြစ်များတဲ့ နားပြဿနာ များ

နားပြဿနာ တွေက အဖြစ်များပေမယ့် အများစုက သိပ်တော့ မစိုးရိမ်ရပါဘူး။ လက္ခဏာတွေကို သိထားမယ်ဆိုရင် စောစောစီးစီး ကုသဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တင်ပဆုံရိုးနဲ့ လက်မောင်းရိုးနဲ့ ခြေထောက်ရိုးတွေမှာ အဖြစ်များပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ear-drum-perforation-and-deafness နားစည်ပေါက်

နားစည်ပေါက် တိုင်း နားကန်းသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ။

ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
Covishield ကာကွယ်ဆေး မထိုးခင် ကြိုသိထားသင့်တဲ့အချက်များ

Covishield ကာကွယ်ဆေး မထိုးခင် ကြိုသိထားသင့်တဲ့အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 3 mins read