Earwax blockage (နားဖာချေးပိတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
နားဖာချေးပိတ်မပတ်ကို ဆရာဝန်က နားအတွင်းသို့ အလင်းထိုးပြီး ပုံကြီးချဲ့ပေးသော အထူးပစ္စည်းကိရိယာတစ်မျိုး(အော်တိုစကုပ်)ဖြင့် ကြည့်ပြီး ဆုံးဖြတ်ပေးပါလိမ့်မယ်။
Earwax blockage (နားဖာချေးပိတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ဆရာဝန်က ပိုလျံနေတဲ့ နားဖာချေးတွေကို ကိရိယာအကွေးလေးဖြင့် ခြစ်ထုတ်ပေးနိုင်သလို နားကိုစစ်ဆေးနေရင်းနဲ့ စုပ်ထုတ်ပေးနိုင်ပါတယ်။ ရေနွေးနွေးလေးဖြည့်ထားသော ရာဘာဘောလုံးပါဆေးထိုးအပ် ဒါမှမဟုတ် ဝါးတားပစ်ခ်လို့ခေါ်တဲ့ ကိရိယာဖြင့်လည်း ရေဆေးထုတ်ပြစ်နိုင်ပါတယ်။ ခဏခဏပြန်ဖြစ်တတ်မယ်ဆိုရင်တော့ Carbamide peroxide (Debrox
Earwax Removal Kit, Murine Ear Wax Removal
System) လိုမျိုး နားဖာချေးထုတ်ဆေးဝါးတွေ အသုံးပြုခိုင်းမှာဖြစ်ပါတယ်။ ယင်းဆေးဝါးတွေဟာ နားစည်ကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတာကြောင့် ညွှန်ကြားထားတဲ့အတိုင်းသာ အသုံးပြုပေးပါ။
လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်ဆေးနည်းများ
နားဖာချေးပိတ်ခြင်းကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။
အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက နားဖာချေးပိတ်ခြင်းဖြင့် ရင်ဆိုင်နိုင်စေရန် ကူညီပေးပါလိမ့်မယ်။
- နားဖာချေးကို ပျော့အောင်လုပ်ပါ။ ကလေးလိမ်းတဲ့အဆီ၊ ရေနံဆီ၊ ဂလစ်ဆရင်းနဲ့ ဟိုက်ဒရိုဂျင်ပါအောက်စိုက် တစ်ခုခုကို မျက်လုံးအစက်ချတဲ့ပစ္စည်းဖြင့် ထည့်ပေးပါ။
- ရေနွေးအသုံးပြုပေးပါ။ တစ်ရက်နှစ်ရက်ကြာပြီး နားဖာချေးပျော့သွားတဲ့အခါမှာ ရော်ဘာဘောလုံးပါဆေးထိုးအပ်ဖြင့် ရေနွေးနွေးတွေကို နားပေါက်အတွင်းသို့ ထည့်ပေးပါ။ ခေါင်းစောင်းလိုက်ပြီး နားပေါက်ဖျောင့်သွားစေရန် နားရွက်ကို နောက်သို့၊အပေါ်သို့ ဆွဲတင်ပေးပါ။ ဆေးပြီးတဲ့အခါမှာ အခြားတစ်ဖက်သို့ ခေါင်းစောင်းလိုက်ပြီး ရေတွေထွက်သွားပါစေ။
- အခြောက်ခံပါ။ အားလုံးပြီးတဲ့နောက်မှာ နားအပြင်ဘက်ကို မျက်နှာသုတ်ပဝါ ဒါမှမဟုတ် ဆံပင်အခြောက်ခံစက်ဖြင့် ညင်ညင်သာသာ အခြောက်ခံပေးပါ။ ပိုလျံနေတဲ့ နားဖာချေးတွေ မထွက်မသွားမချင်း မိနစ်အနည်းငယ်လောက် ထပ်ခါထပ်ခါပြုလုပ်ပေးပါ။
- ဒါပေမယ့်လည်း နားဖာချေးတွေပျော့စေတဲ့ ပစ္စည်းတွေက အပြင်လွှာကိုသာ လျော့ရဲအောင်လုပ်ပေးပြီး နားအတွင်းပိုင်း ဒါမှမဟုတ် နားစည်နားသို့ ရောက်ရှိသွားစေပါတယ်။
- ကုသမှုအတော်အတန်ပြီးလို့ တိုးတက်မှုမရှိဘူးဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။
- ဆေးဆိုင်တွေမှာ ရရှိနိုင်မယ့် နားသန့်စင်ရေးပစ္စည်းအစုံလိုက်တွေကလည်း ထိရောက်နိုင်ပါတယ်။ အခြားသင့်တော်တဲ့ နည်းလမ်းတွေရွေးချယ်နိုင်ဖို့ ဆရာဝန်အား မေးမြန်းပါ။
- ကလော်မထုတ်ပါနှင့်။ စက္ကူကလစ်၊ ဂွမ်းတံ၊ဆံထိုးတို့ဖြင့် နဖားချေးကို ကလော်မထုတ်ပါနှင့်။ နားဖာချေးကို နားထဲတွန်းပို့သလိုဖြစ်သည့်အပြင် နားအတွင်းပိုင်းနဲ့ နားစည်တို့လည်း ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။
မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို သိရှိနားလည်စေနိုင်ရန် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။