backup og meta

Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ကဘာလဲ။

အကြားအာရုံချို့ယွင်းခြင်းဆိုတာ နားမကြားတဲ့ ပြသနာဖြစ်ပြီး ဦးနှောက်ဟာ အသံတွေကို ပုံမှန် လက်မခံနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ဒီပြသနာရှိတဲ့ကလေးတွေမှာ သူတို့ဦးနှောက်ဟာ အပြည့်အဝလုပ်မလုပ်တာကြောင့် တခြားကလေးတွေ ကြားသလို မကြားရပါဘူး။ ဦးနှောက်ဟာ အသံတွေ အထူးသဖြင့် စကားသံတွေကို လက်ခံနားလည်ရာမှာ အနှောင့်အယှက်ရှိနေပါတယ်။

Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့ ၅%မှာ ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ကလေးဘဝမှာ စဖြစ်တတ်တာ များပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပုံစံမျိုးစုံနဲ့ သက်ရောက်မှုဖြစ်စေပါတယ်။ ကလေးတွေမှာ အကြားအာရုံပြသနာဖြစ်နေသလိုထင်ရပေမယ့် စစ်ဆေးတဲ့အခါမှာ ပုံမှန်ကြားနေရပါတယ်။

အောက်ပါအခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းကို အပြည့်အ၀ မသိရသေးပါဘူး။ တချို့ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ နားထိုင်းတတ်ကြပါတယ်။ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခါတရံ လူကြီးတွေမှာရော ကလေးတွေမှာပါ ဦးခေါင်းဒဏ်ရာရခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်ဖြစ်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

မွေးဖွားစဉ်မှာ ဦးနှောက်ကို အောက်ဆီဂျင် ပြတ်တောက်စေတဲ့ ထိခိုက်မှု၊ အသားဝါခြင်း၊ ဦးနှောက်သွေးယိုခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လူကြီးတချို့မှာ ဦးနှောက်အရည်အသွေးကို သက်ရောက်မှုရှိတဲ့ အသက်အရွယ်ပြောင်းလဲခြင်းတွေနဲ့ တစတစ ဆိုးရွားလာတဲ့ အာရုံကြောအပေါ် ထိခိုက်မှု (ဥပမာ multiple sclerosis) တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • မကြာခဏ နားတွင်ပိုးဝင်ခြင်း
  • အချိန်မတိုင်မီ မွေးဖွားခြင်း
  • စကား၊ လုပ်ငန်းခွင်ဆိုင်ရာ (သို့) ကာယကုသမှုများ ခံယူဖူးခြင်း
  • ဗီဇလွှမ်းမိုးမှုပြသနာ
  • သင်ကြားမှုဆိုင်ရာပြသနာများတွင် မိသားစု ရာဇဝင်ရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ကလေးမှာ ဒီပြသနာရှိတယ်လို့ သံသယရှိရင် အသံပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့ ပြသပါ။ အကြားအာရုံ ကျွမ်းကျင်သူများသာ ဒီပြသနာကို သိရှိနိုင်ပါတယ်။

အကြားအာရုံနဲ့ ပတ်သက်ပြီး အောက်ပါအဓိက ပြသနာ၅ခု ရှိမရှိ ရှာဖွေပါလိမ့်မယ်။

  • အကြားအာရုံနောက်ခံပြသနာ။ နောက်ခံဆူညံသံတွေ ကြားနေရချိန်မှာ အာရုံမစူးစိုက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆူညံပြီး ပုံစံပျက်နေတဲ့ စာသင်ခန်းမှာ အနှောင့်အယှက်ဖြစ်တတ်ပါတယ်။
  • အကြားအာရုံ မှတ်ဉာဏ်ပြသနာ။ အချက်အလက်တွေကို မှတ်မိဖို့ ခက်ခဲပါတယ်။ ဥပမာ ညွှန်ကြားချက်တွေ၊ တန်းစီပြုစုထားတဲ့ စာရင်းတွေ၊ သင်ခန်းစာတွေ ဖြစ်ပါတယ်။ ချက်ချင်းမမှတ်မိတာ ဖြစ်သလို နောက်ပိုင်းမှာ မမှတ်မိတာလည်း ဖြစ်တတ်ပါတယ်။
  • အကြားအာရုံခွဲခြားခြင်းပြသနာ။ ဆင်တူအသံတွေကို မခွဲခြားနိုင်ခြင်း ဖြစ်ပါတယ်။ စာဖတ်ရာမြှ၊ စလုံးပေါင်းရာမှာ၊ စာရေးရာမှာ အခက်အခဲတွေ ကြုံရပါတယ်။
  • အကြားအာရုံ စူးစိုက်ခြင်း ပြသနာ။ ညွှန်ကြားချက်၊ လိုအပ်ချက်တခုကို ပြောပြတဲ့အခါ အဆုံးထိ ရောက်အောင် အာရုံစူးစိုက်နိုင်ခြင်း မရှိတဲ့ ပြသနာဖြစ်ပါတယ်။
  • အကြားအာရုံ စုစည်းရန်ခက်သည့် ပြသနာ။ အဆင့်မြင့်တဲ့ နားထောင်စွမ်းရည်တွေမှာ ခက်ခဲတတ်ပါတယ်။
  • အကြားအာရုံကတဆင့် စုစည်းတတ်တဲ့ စွမ်းရည်ဆိုတာ စကားရပ်တွေ၊ စကားပုံတွေ၊ စကားလုံးတွေကနေ ကောက်ချက်ဆွဲစဉ်းစားနိုင်တဲ့ စွမ်းရည်ဖြစ်ပြီး အကြားအာရုံလုပ်ငန်းစဉ်များနဲ့ ဘာသာစကား အဆင့်အတန်းများ လိုအပ်ပါတယ်။ တခြားစွမ်းရည်တွေပါ မထိခိုက်ရင် တိုးတက်ဖို့ အကောင်းဆုံး အခြေအနေဖြစ်ပါတယ်။
  • ဒီစမ်းသပ်ချက်တွေ အများဆုံး ပြုလုပ်ဖို့လိုတဲ့ အရွယ်က အနည်းဆုံး အသက်၇-၈နှစ်ရှိဖို့ လိုတာကြောင့် ကလေးအများစုမှာ ရောဂါရှာဖွေမှု မလုပ်ဖြစ်ကြပါဘူး။

Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆေးဝါးကုသနည်း မရှိပါဘူး။ ဒါပေမယ့် ဒီပြသနာကြောင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်ခြင်းရှိလာကြတဲ့ ကလေးတွေမှာ ဆေးဝါးကုသဖို့ လိုပါတယ်။

သင့်ကလေးမှာ စိတ်ပိုင်းဆိုင်ရာ ပြသနာပါ ရှိနေတယ်ထင်ရင် ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါပဲ။ ဆေးဝါးကုသမှု လိုတဲ့ ကုသမှုရော၊ မလိုတဲ့ ကုသမှုပါ ကြုံရတတ်ပါတယ်။ အသံတွေကို ခွဲခြားဖို့ခက်တာ အကြားအာရုံပြသနာရှိတဲ့ ကလေးတွေအတွက် အဓိကအခက်အခဲပါပဲ။ အသံတွေကို ခွဲခြားရခက်ခြင်း၊ မှန်ကန်စွာ မကြားနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ သူတို့ကြားတဲ့အတိုင်း ပြန်ပြောတတ်ကြပါတယ်။

စကားကုထုံးဟာ အကြားအာရုံ ပြသနာရှိတဲ့ ကလေးတွေကို အသံတွေပိုကောင်းစွာ ကြား၇ဖို့ အထောက်အကူ ပြုပါတယ်။ စကားကုထုံးပညာရှင်တွေဟာ အောက်ပါအချက်တွေကို အကူအညီပေးနိုင်ပါတယ်။

စကားတခုချင်းစီကို လက်ခံနားထောင်နိုင်မှု တိုးတက်စေခြင်း။ (စာဖတ်စွမ်းရည်ပါ တိုးတက်နိုင်ပါတယ်)

နားထောင်စွမ်းရည်တိုးတက်စေခြင်း။

လူမှုဆက်ဆံရေးကိစ္စများတွင် ဘာသာစကားကို ထိရောက်စွာ အသုံးပြုနိုင်စေခြင်း။

အကြားအာရုံပြသနာရှိတဲ့ ကလေးများဟာ ကျောင်းမပျော်တတ်ကြပါဘူး။ ဆရာဘာသင်သလဲ နားမလည်ကြပါဘူး။ သင့်ကလေး ကျောင်းမပျော်ရင် ပညာရေးအကြံပေးသူများနဲ့ တိုင်ပင်ကုသပါ။ သူတို့ ဝန်းကျင်မှ ကြုံနေရတဲ့ သင်ကြားရေးအခက်အခဲများကို အထောက်အကူပြု ဖြေရှင်းနိုင်ပါတယ်။

အကြားအာရုံ လေ့ကျင့်ကုထုံးဟာ အကြားအာရုံ အခက်အခဲရှိတဲ့ ကလေးတွေအတွက် နောက်ထပ်ကုသမှုတခု ဖြစ်ပါတယ်။ အကြားအာရုံနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ ပါဝင်ပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ လှုပ်ရြှးမှုတွေ၊ ဂိမ်းတွေကတဆင့် နားထောင်မှုစွမ်းရည်ကို တိုးတက်စေပါတယ်။

မှတ်ထားသင့်တဲ့အချက်ကတော့ ဒီလေ့ကျင့်ခန်း အစီအစဉ်ဟာ အငြင်းပွားဖွယ်ရာတွေ ရှိပါတယ်။

အလုပ်ဖြစ်သလားဆိုတာ သုတေသနတွေ မရှိပါဘူး။ ဒါပေမယ့် လက်တွေ့မှာ ထိရောက်မှုရှိတာတွေ တွေ့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အကြားအာရုံချို့ယွင်းခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

ဖြစ်နိုင်ရင် အိမ်မှာ၊ ကျောင်းမှာ နောက်ခံဆူညံသံတွေကို လျှော့ချပါ။

သင်စကားပြောနေချိန်မှာ သင့်ကလေးကို ကြည့်နေပါစေ။

ရိုးရှင်းပြီး အဓိပ္ပါယ်ပေါ်တဲ့ စကားများသုံးပါ။

ဖြေးဖြေးနဲ့ ကြား၇အောင်ပြောပါ။

ကလေးကို တခုခုပြောပြီးရင် ဘောပြောလိုက်တယ်ဆိုတာ သင့်ကို ခပ်ကျယ်ကျယ် ပြန်ပြောခိုင်းပါ။

မှတ်စုချရေးထားခြင်း၊ နာရီဝတ်ထားခြင်း၊ ပုံမှန် အလုပ်များမှတ်ထားခြင်း စတာတွေဟာ ညွှန်ကြားချက်တွေကို မှတ်မိဖို့ အကူအညီပေးပါတယ်။

ဆူညံတတ်တဲ့ နောက်ခံအခြေအနေမှာ အနှောင့်အယှက်ဖြစ်တတ်တာမို့ ပိုပြီးတိတ်ဆိတ်တဲ့ ဝန်းကျင်ကိုရွှေ့ပြီး နားထောင်ခိုင်းပါ။

စာကျက်ဖို့ ဆိတ်ငြိမ်တဲ့ ဝန်းကျင်ပြုလုပ်ပေးပါ။

အေးချမ်းပြီး စနစ်ကျတဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းပေးပါ။

ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းစားခိုင်းပါ။

သင့်ကလေးကို ကိုယ်ပိုင်ယုံကြည်မှုရအောင် တည်ဆောက်ပေးပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Auditory Processing Disorder. http://kidshealth.org/en/parents/central-auditory.html#kha_41. Accessed September 6, 2017.
Treatment Options for Auditory Processing Disorder. https://www.understood.org/en/learning-attention-issues/treatments-approaches/treatment-options/treatment-options-for-auditory-processing-disorder. Accessed September 6, 2017.
Auditory processing disorder. http://www.nhs.uk/conditions/auditory-processing-disorder/Pages/Introduction.aspx#Treatments-for-auditory-processing-disorder. Accessed September 6, 2017.

ယခုပုံစံ

18/12/2019

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement