backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အကြားအာရုံကောင်းဖို့ ဘာတွေစားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အကြားအာရုံကောင်းဖို့ ဘာတွေစားမလဲ

လူတစ်ယောက်ချင်းစီမှာ သဘာဝ အာရုံ ၅ ပါးစီပေးအပ်ထားပါတယ်။ ဒါတွေကတော့ အကြားအာရုံ၊ အမြင်အာရုံ၊ အနံ့ခံအာရုံ၊ အရသာခံနိုင်စွမ်းအာရုံ နဲ့ အထိအတွေ့အာရုံတို့ပါ။ ဒီတစ်ခုချင်းစီကောင်းပါ ကျန်းမာပါမှ လူတစ်ယောက်က စိတ်လက်ချမ်းသာရတာပါနော်။ ဒီလိုမျိုးကျန်းမာဖို့ဆိုရာမှာလည်း လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေဖို့လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ အကြားအာရုံလေးကောင်းဖို့ ဘာတွေလိုအပ်မလဲဆိုတာကို နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။

အကြားအာရုံကောင်းစေဖို့ ဒါတွေလိုအပ်ပါမယ်

တစ်ကိုယ်လုံး ဟန်ချက်ညီညီလှုပ်ရှားပြီး ကျန်းမာနေစေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ သင့်တင့်မျှတစွာရရှိဖို့လိုအပ်မှာပါ။ အကြားအာရုံကောင်းစေဖို့ဆိုရင်တော့

ပိုတက်ဆီယမ်

အကြားအာရုံအတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွင်းနားရဲ့ အရည်ဓါတ်ကို ထိန်းညှိပေးပါတယ်။ အရွယ်ရလာတာနဲ့အမျှ အရည်ဓါတ်ကျဆင်းလာပြီးအကြားအာရုံချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ကြွယ်ဝစေဖို့ အာလူး၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ပဲအမျိုးမျိုး၊ စပျစ်သီးခြောက်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဒိန်ချဉ်၊ အဆီထုတ်နို့တို့စားသုံးပေးပါ။

ဖောလစ်အက်ဆစ်

ဆဲလ်အသစ်တွဖြစ်ပေါ်အောင်လှုံ့ဆော်ပေးပြီး ခန္ဓါကိုယ်တလျှောက်သွေးစီးဆင်းမှုကောင်းမွန်စေနိုင်ပါတယ်။ နားအတွင်းပိုင်းကမွှေးညှင်းလေးတွေရဲ့ဆဲလ်တွေကိုကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့်ဖောလစ်အက်ဆစ်ရရှိစေဖို့ အသည်း၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ နဲ့ကညွတ်တို့စားပေးပါ။-

မဂ္ဂနီဆီယမ်

ဆူညံလွန်းတဲ့အသံတွေကြောင့် အကြားအာရုံမထိခိုက်အောင်ကာကွယ်ပေးတဲ့ သတ္တုဓါတ်တစ်မျိုးပါ။နားအတွင်းပိုင်းကမွှေးညှင်းလေးတွေရဲ့ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပြီ ဆူညံသံတွေကို ကာကွယ်ပေးပါတယ်။ အတွင်းနားထဲကသွေးကြောတွေကိုကျန်းမာစေပြီးသွေးစီးဆင်းမှုကောင်းမွန်စေနိုင်ပါတယ်။ ငှက်ပျောသီး၊ အာလူး၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းတို့စားသုံးပေးပြီး မဂ္ဂနီဆီယမ်ဓါတ်ဖြည့်တင်းပေးပါ။

ဇင့်

ဆဲလ်တွေကြီးထွားဖွံ့ဖြိုးစေပြီး အနာကျက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပြီး အနာကျက်မြန်စေနိုင်သလိုရောဂါပိုးကူးစက်တာတွေကနေကာကွယ်ပေးပါတယ်။ နားတွင်းပိုးဝင်တာကို ကာကွယ်ပေးနိုင်ပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်နက်သား၊သစ်ကြားသီး၊အယ်လ်မွန်စေ့၊မြေပဲ၊ ပဲအမျိုးမျိုး၊ ကမာ၊ အနက်ရောင်ချောကလက်တို့မှာ ဇင့်ဓါတ်ပါဝင်ပါတယ်။

Omega 3 Fatty Acid နဲ့ ဗီတာမင် D

နာကျင်ရာင်ရမ်းမှုကိုသက်သာစေပြီး အရွယ်တင်နိုပျိုစေနိုင်ပါတယ်။ သူ့ဂုဏ်သတ္တိကဒီလောက်နဲ့မပြီးပါဘူး။ အကြားအာရုံကိုပါ ကျန်းမာစေနိုင်ပါတယ်။Omega 3 Fatty Acid ကအသက်အရွယ်ကြောင့်ဖြစ်တဲ့ အကြားအာရုံဆုံးရှုံးမှုကို ၄၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်၊လို့ လေ့လာမှုဗတွအရ သိရပါတယ်။ ဦးနှောက်နဲ့အကြားအာရုံတို့ကြားက အချက်ပြစနစ်ကို အကောင်းဆုံး ချိတ်ဆက်နိုင်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ ငါးကြီးဆီ၊ နှမ်းကြတ်စေ့ဆီ၊ဆယ်လ်မွန်ငါး၊ပဲပိစပ်ဆီ၊ ဆာဒင်းငါးတို့ကနေOmega 3 Fatty Acid ကိုရရှိနိုင်ပါတယ်။

Hello ဆရာဝန်ပရိသတ်ကြီးအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံကိုမွေးမြူမယ်ဆိုရင် ခန္ဓါကိုယ်ကလည်း လိုအပ်တဲ့ သတ္တုဓါတ်နဲ့ ဗီတာမင်တွေကို လုံလောက်စွာရရှိထုတ်လုပ်နိုင်ပြီး အကြားအာရုံရော တစ်ကိုယ်လုံးပါကျန်းမာနေမှာပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement