backup og meta

Madopar (မဒိုပါ)

အသုံးပြုပုံများ

Madopar (မဒိုပါ) ကို ဘာအတွက်အသုံးပြုကြသလဲ

Madopar® ကိုပါကင်ဆန် ရောဂါ (ခြေလက်တုန်ခါသည့် အာရုံကြောရောဂါတစ်မျိုး ) တွင် အဓိကအသုံးပြုပါသည်။ Madopar® သည် ပါကင်ဆန်ရောဂါ ကုသသည့်ဆေးများအုပ်စုတွင် ပါဝင်ပါသည်။ ထိုဆေးများသည် ဗဟိုနာ့ဗ်ကြောအဖွဲ့ ကိုအာနိသင ်သက်ရောက်စေပါသည်။ ပါကင်ဆန်ရောဂါ ၏ လက္ခဏာများသည် ဦးနှောက်အတွင်းရှိ သဘာ၀ ပစ္စည်းတစ်မျိုး ဖြစ်သည့် dopamine လျော့နည်းသောကြောင့် ဖြစ်ပွားခြင်းဖြစ်ပါသည်။ Madopar ကထိုပစ္စည်းကို ပြန်လည် ကူညီ ဖြည့်ဆည်းပေးပါသည်။

ကြွက်သားများထိန်းချုပ်မှုကိုတိုးမြှင့်ပေးသောကြောင့် ခန္ဓါကိုယ်၏ ပုံမှန်လှုပ်ရှားမှုများကိုတိုးတက်စေပါသည်။

Madopar (မဒိုပါ) ဘယ်လိုသောက်သုံးသင့်သလဲ

  • Madopar® ဆေးတောင့် သို့ ဆေးပြားများကိုရေသို့ အရက်မပါဝင်သောအရည် တစ်ဖန်ခွက်ဖြင့် တပြားလုံးသောက်ရပါမည်။
  • Madopar ® HBS ဆေးတောင့်ကိုမဝါးပဲမဖွင့်ပဲရေနဲ့မဖျော်ပဲတစ်တောင့်လုံးသောက်ပါ။
  • ဆေးအာနိသင်လျှင်မြန်သော MADOPAR® ဆေးပြားများသည် မြိုချရန်ခက်ခဲသောသူများနှင့် ဆေးအာနိသင်မြန်မြန် လိုချင်သူများအတွက်ဖြစ်ပါသည်။

    ဆေးပြားကိုအနည်းဆုံးရေ 25-50ml ထဲတွင် ဖျော်သင့်သည်။

    ဆေးပြားများသည် မိနစ်အနည်းငယ်အတွင်းပျော်သွားပြီး နို့ရည်ကဲ့သို့ဖြစ်သွားပါလိမ့်မည်။

    မိနစ် ၃၀ အတွင်းသောက်သင့်ပါသည်။ မသောက်ခင် မွှေပေးရန်သတိရပါ။

  • ဆေးပြားများသည် ဆေးပြားပေါ်တွင်ပေးထားသောလိုင်းအတိုင်းချိုးလို့ရပါသည်။

    ထိုလိုင်းအတိုင်းညီညီညာညာမကျိုးပါကမသောက်သုံးသင့်ပါ။

  • ဆေးတောင့်များ၊ ဆေးပြားများကိုဝါးမစားရပါ။

Madopar (မဒိုပါ) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Madopar® ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Madopar® ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Madopar® ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Madopar® ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Madopar (မဒိုပါ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိလျှင် Madopar® ကိုမသောက်ပါနှင့်

  • levodopa နှင့် benseraziadeပါဝင်သောဆေးများနှင့် ဓါတ်မတည့်ခြင်း
  • လွန်ခဲ့သော ၂ ပတ် အတွင်း tranylcypromine or phenelzineကဲ့သို့ non-selective monoamine oxidase inhibitor (MAO-I) medicine သောက်ထားခြင်း
  • Moclobemideကဲ့သို့ selective MAO – A inhibitor နှင့် selegiline/ rasagilineကဲ့သို့ selective MAO – B inhibitor တို့ကိုပေါင်းသောက်ထားခြင်း
  • မကုသရသေးသော နှလုံး၊ အသည်း၊ ကျောက်ကပ၊် အဆုတ၊် သွေး၊ နှင့် ဟော်မုန်းရောဂါ များရှိခြင်း
  • မျက်လုံးတွင် ရေတိမ်ရောဂါရှိခြင်း (မျက်လုံးတွင်းဖိအားများနေခြင်း)
  • ပြင်းထန်သောစိတ်ရောဂါများကုသမှု ခံယူထားရလျှင် (active psychosis or serious psychoneurosis).
  • မယ်လနိုဆိုက် ကင်ဆာရောဂါရှိလျှင်
  • အသက် ၃၀ အောက်ဖြစ်လျှင်
  • အကြောဆွဲရောဂါ၊ ခြေလက်တုန်ရောဂါများကုသမှုခံယူထားရလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Madopar (မဒိုပါ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Madopar® က ိုကိုယ်ဝန်ဆောင်မိခင်များနှင့် သေချာစွာ သန္ဓေတားခြင်းမပြုလုပ်ထားသောကလေးရနိုင်ချေရှိသောအမျိုးသီးများ မသောက်သုံးသင့်ပါ။

benserazideသည်နို့ရည်ထဲပါဝင်ခြင်းရှိမရှိမသေချာသော်လည်းMadopar® သောက်နေရသောအမေများကလေးကို နို့မတိုက်သင့်ပါ။

ကလေးများအရိုးဖွံ့ဖြိုးမှု မူမမှန်ဖြစ်နိုင် ခြင်းရှိမရှိသေချာမပြောနိုင်သေးသောကြောင့် ဖြစ်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

Madopar (မဒိုပါ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များသောဘေးထွက်ဆိုးကျိုးများမှာ

  • မူမမှန်သော ခန္ဓါကိုယ် လှုပ်ရှားမှုများ
  • စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ( ယုံမှားလွန်ခြင်း၊ စိတ်ကျခြင်း၊ စိတ်တက်ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ အာရုံချောက်ချားခြင်း)
  • ပျို့ခြင်း
  • အန်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • ကိုယ်အလေးချိန်တက်လာခြင်း
  • ဝမ်းချုပ်ခြင်း
  • အင်ပြင်ထွက်ခြင်း
  • ယားခြင်း
  • စိတ်အာရုံရှုတ်ထွေးခြင်း
  • ပင်ပန်းခြင်း
  • အိပ်မပျော်ခြင်း
  • ကြွက်သားများတောင့်တင်းမှုမရှိခြင်း
  • ကြို့ထိုးခြင်း
  • ကြွက်သားများနာခြင်း
  • လိင်မှုကိစ္စ ပုံစုံများပြောင်းလဲခြင်း
  • ဆီးအရောင်ရင့်ခြင်း၊ ပါးစပ၊် တံတွေး၊ လျှာ၊ သွားတို့တွင် နီနေခြင်း
  • သွေးထွက်ခြင်း၊ သွေးခြည်ဥခြင်း
  • ရောဂါပိုးများမကြာခဏဝင်ရောက်ခြင်း (ဖျားခြင်းချမ်းတုန်ခြင်း)
  • လည်ချောင်းနာခြင်း၊ ပါးစပ်တွင်အနာများပေါက်ခြင်း

အောက်ပါတို့ကိုခံစားရပါကဆရာဝန်နှင့်ချက်ချင်းပြပါ။

  • ရင်တုန်ခြင်း
  • နှလုံးခုန်နူန်း နှင့်ပုံစံပြောင်းလာခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • မူးခြင်း
  • ဝမ်းသွားခြင်း
  • စိတ်အာရုံရှုပ်ထွေးခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Madopar (မဒိုပါ) နဲ့ ဓါတ်ပြုနိုင်သလဲ

Madopar® ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနဲ့။

အောက်ပါဆေးများသည် သင်သောက်နေသောဆေးများနှင့် ဓါတ်ပြုမှုဖြစ်နိုင်ပါသည်။

  • Sympathomimetics
  • သွေးတိုးကျဆေးများ
  • ပါကင်ဆန်ရောဂါ အတွက်ဆေးများ
  • သံဓါတ်ပါသောဆေးများ
  • ပျို့ခြင်းကိုသက်သာစေသောဆေးများ
  • စိတ်ရောဂါဆေးများ
  • မေ့ဆေးများ
  • မူးယစ်ဆေးများ
  • အစာအိမ်ဆေးများ

အစားအသောက်တွေနဲ့ အရက်က Madopar (မဒိုပါ) နဲ့ ဓါတ်ပြုနိုင်သလား

Madopar® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Madopar (မဒိုပါ) နဲ့ ဓါတ်ပြုနိုင်သလဲ

Madopar® ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေ အကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြးီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Madopar (မဒိုပါ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Levodapaမသောက်ဖူးသောလူနာများ

စစသောက်ချင်းအတွက် သတ်မှတ်ထားသောပမာဏမှာMadopar 50mg/12.5mg ဆေးတောင့်/ဆေးပြားကိုတစ်နေ့ ၃ ကြိမ်မှ ၄ကြိမ် နေ့တိုင်းသောက်ရန်

ရောဂါ အခြေအနေဆိုးပါကစသောက်ချင်းတွင် Madopar 100mg/25 mg ဆေးတောင့်/ဆေးပြားကိုတစ်နေ့ ၃ ကြိမ် နေ့တိုင်းသောက်ရန်

ထို့နောက်နေ့စဉ်ဆေးပမာဏကိုMadopar 100mg/25 mg ဆေးတောင့်/ဆေးပြား

ထပ်တိုးပါ။ သို့မဟုတ် ထိုပမာဏနှင့်ညီအောင် တစ်ပတ်တစ်ခါ သို့ နှစ်ခါ ဆေး၏ အာနိသင်များရသည်အထိသို့ ဘေးထွက်ဆိုးကျိုးများပေါ်လာသည်အထိသောက်ပါ။

အသက်ကြီးသောလူနာများတွင် ပထမအကြိမ်အတွက် သတ်မှတ်ထားသောပမာဏမှာMadopar 50mg/12.5mg ဆေးတောင့်/ဆေးပြားကိုတစ်နေ့ ၁ ကြိမ်မှ ၂ ကြိမ်နေ့တိုင်းသောက်ရန်

၃ရက် သို့ ၄ရက်သောက်ပြီးတိုင်းတွင် ဆေး ၁တောင့်/ ၁ပြားတိုးပါ။

ထိရောက်သောဆေးပမာဏရရှိရန်အတွက် Madopar 100mg/ 25mg ဆေးတောင့်/ဆေးပြား ၄တောင့်/ပြားမှ ၈တောင့် /ပြားအထိ ( Madopar 200mg/ 50mg ဆေးတောင့်/ဆေးပြား၂တောင့်/ပြားမှ ၄တောင့် /ပြားအထိ ) နေ့စဉ် အကြိမ်များခွဲ၍ သောက်ရန်

လူနာအများစုသည် ၁ နေ့လျှင ်Madopar 100mg/ 25mg ဆေးတောင့်/ဆေးပြား ၆တောင့်/ပြားအထက် လိုအပ်ပါသည်။

ရောဂါအခြေအနေမတိုးတက်တာမျိုးမဖြစ်လျှင် အနည်းဆုံး ၆လ အထိကုသမှုခံယူသင့်ပါသည်။

Levodopa သောက်နေသောလူနာများ

Levodopa တစ်မျိုးထဲသောက်နေခြင်းကိုရပ်၍ နောက်တစ်ရက်တွင် Madopar စသောက်ပါ။

စစသောက်ချင်းတွင် 500mg levodopa သောက်သည့် ဆေးပြားအရေအတွက်ထက် Madopar 100mg/25mg ကို ၁တောင့်/၁ပြား လျှော့သောက်ပါ။ ( ဥပမာ – လူနာက ၁ရက် လျှင် Levodopa 2g (၄ပြား) သောက်သည်ဆိုပါကနောက်တစ်ရက်တွင် Madopar 100mg/25mg ၃တောင့်/ပြားသောက်သင့်ပါသည်။ )

၁ ပတ်လောက်စောင့်ကြည့်ပြီးနောက် လိုအပ်လျှင် လူနာအသစ်အတိုင်းဆေးပမာဏကိုတိုးသောက်နိုင်ပါသည်။

အခြား Levodopa/ decarboxylase inhibitor combinations သောက်နေသူများ

သောက်နေသောဆေးများကို ၁၂နာရီ ကြိုဖြတ်ထားရမည်။

Levodopa ဖြတ်လိုက်ခြင်း၏ အကျိုးသက်ရောက်မှုများကိုလျော့နည်းစေရန်အတွက် သောက်နေသောဆေးများကိုညဘက်တွင်စဖြတ်ပြီးMadoparကိုနောက်တနေ့ မနက်တွင် စသောက်သင့်ပါသည်။ စစချင်းတွင် Madopar 50mg/ 12.5 mg ဆေးတောင့်/ဆေးပြား ၁ တောင့်/ပြားကိုတစ်နေ့ ၃ ကြိမ်မှ ၄ ကြိမ်အထိသောက်ရမည်။

နောက်ပိုင်းတွင် levodopa မသောက်ဖူးသူများတွင်ကဲ့သို့ ဆေးပမာဏကိုတိုးသွားနိုင်ပါသည်။

Madopar နှင့်အတူအခြားပါကင်ဆန် ရောဂါ အတွက်ဆေးများကိုတွဲပေးနိုင်ပါသည်။

အခြားပါကင်ဆန် ရောဂါ အတွက်ဆေးများ (ဥပမာanticholinergics or amantadine) သောက်နေသည်ဆိုပါကMadoparစသောက်ချိန်တွင် ဆက်သောက်နိုင်ပါသည်။

သို့သော် Madoparဆက်သောက်နေပြီးရောဂါအခြေအနေတိုးတက်လာသည်ဆိုပါကအခြားဆေးများကိုလျော့သောက်ရန် သို့မဟုတ် တဖြည်းဖြည်းရပ်ရန် လိုအပ်နိုင်ပါသည်။

အသက်ကြီးသူများ

အသ်ကြီးလာလျှင် Levodopa ကိုတုန့်ပြန်နိုင်စွမ်းလျော့နည်းလာသော်လဲMadoparကိုကောင်းကောင်းတုန့်ပြန်နိုင်သည်ကိုတွေ့ရပါသည်။

ယေဘူယျအားဖြင့် အန္တရာယ်များသောဘေးထွက်ဆိုးကျိုးများလဲမတွေ့ရပါ။

ကလေးတွေအတွက် Madopar (မဒိုပါ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Madopar® ကိုသင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Madopar (မဒိုပါ) ကိုဘယ်လိုရရှိနိုင်သလဲ

Madopar® ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံ၊ ပမာဏများနှင့် ရရှိနိုင်ပါတယ်။

Madopar®ဆေးတောင့်များ

  • Madopar® 62.5 ဆေးတောင့်တွင် levodopa 50 mg နှင့် benserazide 12.5 mg ပါဝင်သည်
  • Madopar® 125 ဆေးတောင့်တွင် levodopa 100 mg နှင့် benserazide 25 mg ပါဝင်သည်
  • Madopar® 250 ဆေးတောင့်တွင် levodopa 200 mg နှင့် benserazide 50 mg ပါဝင်သည်
  • Madopar® HBS 125 (slow – release) ဆေးတောင့်တွင် levodopa 100 mg နှင့် benserazide 25 mg ပါဝင်သည်

Madopar® ဆေးပြားများ

  • Madopar® 125 ဆေးပြားတွင် levodopa 100 mg နှင့် benserazide 25 mg ပါဝင်သည်
  • Madopar® 250 ဆေးပြားတွင် levodopa 200 mg နှင့် benserazide 50 mg ပါဝင်သည်

ဆေးအာနိသင် မြန်မြန်ထုတ်ပေးသောMadopar® ဆေးပြားများ

  • Madopar® 62.5 ဆေးပြားတွင် levodopa 50 mg နှင့် benserazide 12.5 mg ပါဝင်သည်
  • Madopar® 125 ဆေးပြားတွင် levodopa 100 mg နှင့် benserazide 25 mg ပါဝင်သည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Madopar® ကိုသောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရရခြင်းသောက်ပါ။ အကယ်၍ နောက်တစ်ကြိမ် သောက်ရမည့်အချိန်နှင့် ကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကို မသောက်ပါနှင့်တော့။ ပုံမှန် အကြိမ်များအတိုင်းသာဆက်သောက်ပါ။ နှစ်ကြိမ်စာ တစ်ခါတည်း မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Madopar.https://www.medicines.org.uk/emc/medicine/1709. Accessed November 1, 2016.

Madopar.http://www.netdoctor.co.uk/medicines/brain-and-nervous-system/a7053/madopar-for-parkinsons-disease/. Accessed November 1, 2016.

ယခုပုံစံ

19/12/2019

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement