backup og meta

Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်)

အသုံးပြုပုံများ

Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

တခါတရံ ဝမ်းချုပ်ခြင်းများအတွက် Sorbitol Delalande® ကို ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုပါသည်။

Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

  • Sorbitol ဆေးရည်ကို အစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေ သောက်နိုင်ပါသည်။

အကယ်၍ Sorbitol ကို စအိုတွင်းထည့်ဆေးရည်အဖြစ် သုံးစွဲပါက ဆေးညွှန်းအတိုင်း အတိအကျ လိုက်နာပါ။ စအိုတွင်းထည့်ဆေးရည်ကို မည်သို့အသုံးပြုရမည်ကို မသိရှိပါက ဆရာဝန် သို့မဟုတ် ဆေးဆိုင်ရှိ ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။

Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

Sorbitol Delalande® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Sorbitol Delalande® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Sorbitol Delalande® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး

သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Sorbitol Delalande® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက ဆေးမသုံးစွဲမီ ဆရာဝန်အား ကြိုပြောပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင်၊ကိုယ်ဝန်ယူရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။
  • ဆရာဝန်ညွှန်ကြားထားသော သို့မဟုတ် မိမိဖာသာ သုံးစွဲနေသော ဆေးများရှိလျှင် (သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသောဆေးများနှင့် အာဟာရဖြည့်စွက်ဆေးများလည်း ပါဝင်ပါသည်)။
  • ဆေး၊အစားအစာ သို့မဟုတ် အခြားသော အရာဝတ္ထုများနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။
  • ခန္ဓါကိုယ်တွင်း အက်ဆစ်-ဘေ့စ် ဓါတ်မညီမျှမှုများရှိနေလျှင် သို့မဟုတ် ဆီးချိုရှိလျှင်။
    • ဗိုက်နာဗိုက်အောင့်နေလျှင်၊ပျို့အန်မအီမသာဖြစ်လျှင် သို့မဟုတ် စအိုမှ သွေးယိုနေလျှင်။

    အောက်ပါအချက်များကိုလည်း သိထားသင့်ပါသည်။

    • ဤဆေးကို အသုံးပြုနေစဉ်ကာလတွင် အခြားသော ဝမ်းနှုတ်ဆေး၊ဝမ်းပျော့ဆေးများကို ဆရာဝန် ညွှန်ကြားချက်မရှိဘဲ အသုံးမပြုရပါ။
    • အကယ်၍ Sorbitol ကို စအိုတွင်းထည့်ဆေးရည်အဖြစ် သုံးစွဲပါက ဆေးညွှန်းအတိုင်း အတိအကျ လိုက်နာပါ။ စအိုတွင်းထည့်ဆေးရည်ကို မည်သို့အသုံးပြုရမည်ကို မသိရှိပါက ဆရာဝန် သို့မဟုတ် ဆေးဆိုင်ရှိ ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။

    သတ်မှတ်ထားသော ပမာဏထက်ပို၍ မသုံးစွဲရပါ။ ထို့အပြင် ဤဆေးကို ဆရာဝန်နှင့် တိုင်ပင်မေးမြန်းခြင်းမရှိဘဲ ရက်သတ္တပတ်တပတ်ထက်ပိုပြီး မသုံးစွဲရပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Sorbitol သည် အောက်ပါဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။

  • ပျို့အန်၊မအီမသာဖြစ်ခြင်း၊လေထခြင်း၊လေပွခြင်း။
  • ခန္ဓါကိုယ်တွင်း ရေဓါတ်များခြင်း သို့မဟုတ် ရေဓါတ်ခမ်းခြောက်ခြင်း။
  • အာခြောက်ခြင်း။
    • ဝမ်းလျှောခြင်း။

    အထက်ပါ ဘေးထွက်ဆိုးကျိုးများမှာ ပိုမိုဆိုးရွားလာခြင်း သို့မဟုတ် အချိန်ကြာရှည်စွာ ဆက်လက်ဖြစ်ပေါ်နေခြင်းများရှိပါက ဆရာဝန်ကို အကြောင်းကြားပါ။

    အောက်ပါဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာပါက ဆေးဝါးကုသမှု အမြန်ခံယူရပါမည်။

    • စအိုမှ သွေးယိုခြင်း။
    • တောက်လျှောက် ဝမ်းသွားချင်နေခြင်း။
    • ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများသွားခြင်း။

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Sorbitol Delalande® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Sorbitol Delalande® နှင့်ဓါတ်ပြုနိုင်သော ဆေးဝါးများမှာ

 Calcium polystyrene sulfonate

 Kayexalate, Kalexate, Kionex, or SPS (sodium polystyrene sulfonate) တို့ ဖြစ်ကြပါသည်။

အစားအသောက်တွေနဲ့ အရက်က Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) နဲ့ ဓါတ်ပြုနိုင်သလား

Sorbitol Delalande® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Sorbitol Delalande® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Sorbitol Delalande® ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ဝမ်းချုပ်ခြင်းအတွက်

  • သောက်ဆေး : သတ်မှတ်ထားသောဆေးပမာဏမှာ ၃၀ – ၁၅၀ စီစီ (၇၀ % ဆေးရည်)ကို တကြိမ်သောက်ရပါမည်။

စအိုထည့် ဝမ်းချူဆေး : သတ်မှတ်ထားသော ဆေးပမာဏမှာ ၁၂၀ စီစီ (၂၅ – ၃၀ % ဆေးရည်) ကို စအိုထဲသို့ တကြိမ်ထည့်ရပါမည်။

ကလေးတွေအတွက် Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝမ်းချုပ်ခြင်းအတွက်

အသက် ၂နှစ်မှ ၁၁နှစ်အထိ :

  • သောက်ဆေး : သတ်မှတ်ထားသောဆေးပမာဏမှာ 2 ml/kg (၇၀ % ဆေးရည်)ကို တကြိမ်သောက်ရပါမည်။
  • စအိုထည့် ဝမ်းချူဆေး : သတ်မှတ်ထားသော ဆေးပမာဏမှာ ၃၀ – ၆၀ စီစီ (၂၅ – ၃၀ % ဆေးရည်) ကို စအိုထဲသို့ တကြိမ်ထည့်ရပါမည်။

အသက် ၁၂နှစ် နှင့်အထက်

  • သောက်ဆေး : သတ်မှတ်ထားသောဆေးပမာဏမှာ ၃၀ – ၁၅၀ စီစီ (၇၀ % ဆေးရည်)ကို တကြိမ်သောက်ရပါမည်။
  • စအိုထည့် ဝမ်းချူဆေး : သတ်မှတ်ထားသော ဆေးပမာဏမှာ ၁၂၀ စီစီ (၂၅ – ၃၀ % ဆေးရည်) ကို စအိုထဲသို့ တကြိမ်ထည့်ရပါမည်။

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Sorbitol Delalande (ဆော်ဘစ်တိုးလ် ဒယ်လာလန်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Sorbitol Delalande® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား : ၅ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Sorbitol Delalande® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sorbitol Delalande®. https://www.drugs.com/cdi/sorbitol-solution.html. Accessed

November 13, 2016

Sorbitol Delalande®. http://www.everydayhealth.com/drugs/sorbitol. Accessed

November 13, 2016

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement