ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ပထမနှင့် ဒုတိယ သုံးလတွင် Salonpas အကိုက်အခဲပျောက်ကပ်ခွာသုံးလျှင် စိတ်ချရမှုရှိမရှိ မသိသေးပါ။ ထို့ကြောင့် Salonpas အကိုက်အခဲပျောက်ကပ်ခွာကို ပထမနှင့်ဒုတိယသုံးလ၌ သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
ကိုယ်ဝန် တတိယသုံးလတွင် ပရိုစတာဂလမ်ဒင်ထုတ် အင်ဇိုင်းကိုတားသောဆေးများသည် သန္ဓေသား၌ နှလုံး၊ အဆုတ်နှင့် ကျောက်ကပ်တို့တွင် အဆိပ်ဖြစ်စေပါသည်။ မွေးဖွားချိန်တွင် အမေရော ကလေးပါ သွေးယိုစီးမှု ကြာနိုင်ပါသည်။ ထို့ကြောင့် Salonpas အကိုက်အခဲပျောက်ကပ်ခွာကို ကိုယ်ဝန်တတိယသုံးလတွင် ဆေးသုံးခြင်းကို ရှောင်ကြဉ်ရပါမည်။
နို့တိုက်ခြင်း – နို့တိုက်မိခင်များတွင် အရေးပြားပေါ် မီသိုင်းစလီစလိတ်လိမ်းခြင်းဖြင့် နိုရည်ထဲသို့ပါမပါ မသိရသေးပါ။ နို့ဆက်တိုက်ရမလား ဆေးပဲလိမ်းရမလားဆိုသည်ကတော့ ဆေးလိမ်း၍ရလာမည့်အကျိုးကျေးဇူးနှင့် ကလေးနို့တိုက်လျှင် ရမည့်ကျေးဇူးများကို ချိန်ဆရမည်ဖြစ်သည်။
ဘေးထွက်ဆိုးကျိုးများ
Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
တခြားဆေးများကဲ့သို့ပင် Salonpas အကိုက်အခဲပျောက်ကပ်ခွာ တွင်လည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ ရှိပါသည်။ အများစုမှာ ဖြစ်တာရှားပြီး နောက်ထပ်ကုသမှုခံရသည်အထိ မဖြစ်ပါ။ သို့သော် သင့်၌ဆေးလိမ်းပြီးနောက် ပြဿနာများ ဖြစ်လာပါက ဆရာဝန်ကိုတင်ပြရန် အရေးကြီးပါသည်။
တစ်ချို့သော ဘေးထွက်ဆိုးကျိုးများမှာ –
- ကပ်မည့်နေရာတွင် ရောဂါတစ်ခုခုရှိနေခြင်း
- ကပ်လိုက်သည့်နေရာမှ အပိန့်ထခြင်း အရောင်ပြောင်းခြင်း
- အာရုံကြောစနစ် ကမောက်ကမဖြစ်ခြင်း – ခေါင်းကိုက်ခြင်း
- အရေပြားနှင့် အရေပြားအောက် တစ်ရှူးများ ကမောက်ကမရောဂါဖြစ်ခြင်း – ယားယံခြင်း၊ နားနှင့် နားအတွင်းပြွန်တွင် အပိန့်အကွက်များထခြင်း၊ ပုံမှန်မဟုတ်ပဲ နားအူးနေခြင်း
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) နဲ့ ဓါတ်ပြုနိုင်သလဲ
Salonpas အကိုက်အခဲပျောက်ကပ်ခွာ သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။ ဥပမာ သွေးကျဲဆေးများဖြစ်သော ဝါဖရင်၊ revulsives (anti-irritants) နှင့် အာနိသင်တူသည့် အကိုက်အခဲပျောက်ဆေးများ
အစားအသောက်တွေနဲ့ အရက်က Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) နဲ့ ဓါတ်ပြုနိုင်သလား
Salonpas အကိုက်အခဲပျောက်ကပ်ခွာ က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Salonpas အကိုက်အခဲပျောက်ကပ်ခွာ ပမာဏမှပါတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ကပ်ခွာတစ်ခုအား ဖြစ်သည့်နေရာတွင် ကပ်ထားပြီး ၈ – ၁၂ နာရီကြာအောင် ထားပါ။ နာကျင်မှု ပြန်ဖြစ်ပါက ပထမကပ်ခွာကပ်ပြီးောနက် ၈ – ၁၂ နာရီခြားပြီး ဒုတိယတစ်ခု ပြန်ကပ်နိုင်ပါသည်။ တစ်ကြိမ်လျှင် ကပ်ခွာတစ်ခုကိုသာ သုံးရမည်။ တစ်ရက်လျှင် ၂ ခုထက် ပိုမသုံးရ။ ၃ ရက်ဆက်တိုက်ထပ်ပိုပြီးလည်း မသုံးရပါ။ Salonpas အကိုက်အခဲပျောက်ကပ်ခွာအား အသက ၁၈ နှစ်အောက်တွင် မသုံးသင့်ကြောင်း လုံလောက်စွာ လေ့လာထားခြင်း မရှိသောကြောင့်ဖြစ်ကြောင်း ညွှန်းဆိုထားပါသည်။
ကလေးတွေအတွက် Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာများ၌ အချိုးအစားဘယ်လောက် ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ကိုဘယ်လိုရရှိနိုင်သလဲ
Salonpas အကိုက်အခဲပျောက်ကပ်ခွာ ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
ကပ်ခွာတစ်ခုတွင် 10% methyl salicylate (105mg) and 3% levomenthol (31.5mg)တို့ပါဝင်ပါသည်။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Salonpas အကိုက်အခဲပျောက်ကပ်ခွာ ကို လိမ်းဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးလိမ်းပါ။ သို့သော်လည်း နောက်တစ်ကြိမ်လိမ်းရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် လိမ်းလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးလိမ်းတာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။