အသုံးပြုပုံများ
Modafinil (မိုဒါဖီနေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Modafinilသည်ပုံမှန်ထက်အလွန်အကျွံအိပ်စက်သည့် ရောဂါနှင့်အခြားသောအိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ (ဥပမာ။။ အိပ်နေရင်းအသက်ရှုလမ်းကြောင်း ခေတ္တပိတ်ခြင်း)တို့ကိုသက်သာစေပါသည်။ ထို့အပြင်သင့်အနေဖြင့်ပုံမှန်အိပ်စက်နေကျအချိန်တွင်အလုပ်လုပ်နေရမည့်အခြေအနေမျိုး (shift work sleep disorder) တွင်လည်း modanafil ကိုအသုံးပြုနိုင်သည်။ modanafil သည်အထက်ဖော်ပြပါအိပ်စက်ခြင်းဆိုင်ရာ ပြဿနာများကိုလုံးဝပျောက်ကင်းစေခြင်းမဟုတ်သလိုသင့်အိပ်ချင်စိတ်များကိုလည်းလုံးဝဥသုံ ပျောက်သွားစေမည်မဟုတ်ချေ။ modanafil သည်ပုံမှန်အတိုင်းနှစ်ခြိုက်စွာအိပ်စက်ခြင်းကိုအစားထိုးရန်မဟုတ်သဖြင့်ပင်ပန်းနွမ်းနယ်မှုများ ပျောက်သွားရန်သို့မဟုတ်အိပ်စက်ခြင်းဆိုင်ရာ ပြဿနာမရှိသူများတွင်မအိပ်ဘဲနေနိုင်စေရန်စသဖြင့်လွဲမှားစွာအသုံးမပြုသင့်ပါ။
လူတစ်ယောက်အိပ်မပျော်စေရန် modanafil မည်သို့အလုပ်လုပ်ကြောင်းတိကျစွာမသိရှိရပါ။ သို့သော်အိပ်စက်နိုးထခြင်း ဖြစ်စဉ်သံသရာကိုထိန်းချုပ်ပေးသည့်ဦးနှောက်ထဲရှိအချို့သောဓါတ်ပစ္စည်းများအပေါ်အကျိုးသက်ရောက်ခြင်းဖြင့်အလုပ်လုပ်သည်ဟုယူဆရပါသည်။
Modafinil (မိုဒါဖီနေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ
အလွန်အကျွံအိပ်ခြင်းအတွက် modanafil ကိုအစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့်တစ်နေ့တစ်ကြိမ်မနက်ခင်းတွင်) သောက်ရသည်။ သို့မဟုတ်သင့်ဆရာဝန်ကလမ်းညွှန်လျှင်စုစုပေါင်းသောက်ရမည့် ဆေးပမာဏကိုမနက်တစ်ကြိမ်၊နေ့လည်တစ်ကြိမ်ခွဲသောက်နိုင်သည်။
အိပ်နေရင်းအသက်ရှုလမ်းကြောင်း ခေတ္တပိတ်ခြင်းအတွက် modanafil ကိုအစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့်တနေ့တကြိမ်မနက်ခင်းတွင်) သောက်ရသည်။ ဆရာဝန်မှအထူးတလည်ညွှန်ကြားထားခြင်းမရှိလျှင်အခြားသောကုသမှုများ (ဥပမာ။။ စက်ကိရိယာများဖြင့်အသက်ရှုခြင်း)ကိုလည်းဆက်လက်ပြုလုပ်ရမည်။
အကယ်၍သင်သည် shift work sleep disorder အတွက်အသုံးပြုပါက modanafil ကိုအစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့်အလုပ်ချိန်မစမီတစ်နာရီအလိုတွင်) သောက်သုံးရသည်။ ဆေးပမာဏအနည်းအများသည်သင်၏ ရောဂါအခြေအနေနှင့် ဆေးကိုတုန့်ပြန်မှုအပေါ်မူတည်သည်။ ဆေးအာနိသင်အများဆုံးနှင့်အကောင်းဆုံးရစေရန် ဆေးကိုအချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်းတူညီသောအချိန်တစ်ခုတည်းတွင် သောက်ပါကအကောင်းဆုံးဖြစ်သည်။modanafil သည်ရှားရှားပါးပါးဆိုသလို ဆေးစွဲခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အကယ်၍သင်သည်အရက်သို့မဟုတ် ဆေးစွဲဖူးသူဖြစ်ပါက modanafil ကိုစွဲရန်အခွင့်အလမ်းပိုများပါသည်။ ထိုသို့ဖြစ်ခြင်းမှကာကွယ်ရန် ဆေးပမာဏကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းအတိအကျလိုက်နာပါ။
ရောဂါမသက်သာလျှင်သို့မဟုတ်ပိုဆိုးလာလျှင်ဆရာဝန်ကိုအသိပေးပါ။
Modafinil (မိုဒါဖီနေးလ်) ဘယ်လိုသိမ်းဆည်းရမလဲ
[ယေဘူယျအသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်)
Modafinilကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Modafinilကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Modafinil ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Modafinilကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)
Modafinilကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Modafinil (မိုဒါဖီနေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
Modanafil ကိုမသုံးစွဲမီ အောက်ပါအချက်များရှိလျှင်ဆရာဝန်ကို ပြောပြပါ။
-သင်သည် Modanafil သို့မဟုတ် armodanafil (Nuvigil) သို့မဟုတ်အခြားဆေးများနှင့်ဓါတ်မတည့်ခြင်းများရှိလျှင်။
-သင်လက်ရှိသုံးစွဲနေသော ဆေးများသို့မဟုတ်သုံးစွဲရန်အစီအစဉ်ရှိသည့် ဆေးများ(ဆရာဝန်ညွှန်ကြားသည့်ဆေး၊မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများအားလုံးပါဝင်သည်)ကိုသင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။ အောက်ပါ ဆေးများကိုသုံးစွဲနေပါကဆရာဝန်ကိုမမေ့မလျော့ ပြောပြပါ။
သွေးကျဲဆေးများ (ဥပမာ။။ warfarin (Coumadin))
amitriptyline, amoxapine, clomipramine (Anafranil), desipramine
(Norpramin), doxepin (Sinequan), imipramine (Tofranil), nortriptyline
(Aventyl, Pamelor), protriptyline (Vivactil), and trimipramine (Surmontil) တို့ကဲ့သို့သောစိတ်ကျဝေဒနာအတွက်အသုံးပြုသော ဆေးများ;
itraconazole (Sporanox) and ketoconazole
(Nizoral) တို့ကဲ့သို့သော fungus မှိုစွဲခြင်းအတွက်သုံးသောဆေးများ ; cyclosporine (Neoral, Sandimmune); diazepam (Valium); carbamazepine (Tegretol), phenobarbital,
and phenytoin (Dilantin) တို့ကဲ့သို့သောအတက်ကျဆေးများ; monoamine oxidase (MAO) inhibitors —>
isocarboxazid (Marplan), phenelzine (Nardil), selegiline (Eldepryl, Emsam,
Zelapar), and tranylcypromine (Parnate); propranolol (Inderal); selective
serotonin reuptake inhibitors (SSRIs) such as citalopram (Celexa),
escitalopram (Lexapro), fluoxetine (Prozac, Sarafem), fluvoxamine (Luvox),
paroxetine (Paxil), and sertraline (Zoloft); rifampin (Rifadin, Rimactane);
and triazolam (Halcion).ဆေးအမြောက်အများသည် modafinil နှင့်ဓါတ်ပြုနိုင်သဖြင့်အထက်ပါစာရင်းတွင်မပါဝင်သော ဆေးများ သောက်သုံးနေလျှင်လည်းဆရာဝန်ကို ပြောပြပါ။ သင့်ဆရာဝန်အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်းသို့မဟုတ် ဘေးထွက်ဆိုးကျိုးများကိုဂရုတစိုက်စောင့်ကြည့်ခြင်းများကို ပြုလုပ်မည်ဖြစ်ပါသည်။
-သင်အရက် သောက်တတ်လျှင်၊အရက်ပမာဏအများအပြား သောက်လေ့ရှိလျှင်၊မူးယစ်ဆေးများသုံးစွဲဖူးလျှင်၊ဆရာဝန်ညွှန်ကြားသော ဆေးများ (အထူးသဖြင့်နှိုးဆွသောဆေးများ) ကိုညွှန်ကြားသည်ထက်ပမာဏပိုလွန်သုံးစွဲဖူးလျှင်။
-ရင်ဘတ်အောင့်ဖူးလျင်၊နှလုံးခုန်မမှန်လျှင်သို့မဟုတ်နှိုးဆွသောဆေးများ သောက်သုံးပြီးနောက်နှလုံးပြဿနာများနှင့်ရင်ဆိုင်ရလျှင်၊ သွေးတိုးရှိလျှင်၊ရုတ်တရက်နှလုံးရပ်ဖူးလျှင်၊စိတ်ကျရောဂါ၊စိတ်ကြွရောဂါသို့မဟုတ်စိတ္တဇရောဂါများ( ပုံမှန်အတိုင်းမှန်ကန်စွာမတွေးတောနိုင်ခြင်း၊ပြောဆိုဆက်ဆံမှုမပြုနိုင်ခြင်း၊လက်တွေ့အစစ်အမှန်အခြေအနေကိုနားမလည်နိုင်ခြင်း၊ကိုယ်အမူအရာမမှန်ခြင်းစသည်) အစရှိသဖြင့်စိတ်ကျန်းမာရေးချို့ယွင်းနေလျှင်၊နှလုံး၊ကျောက်ကပ်သို့မဟုတ်အသည်းရောဂါများရှိလျှင်။
-modanafil သည် ဟော်မုန်းပါဝင်သည့်ပဋိသန္ဓေတားဆေးများ (တားဆေးကဒ်၊ကပ်ခွာ၊ကွင်း၊လက်မောင်းထဲထည့်ရသောပစ္စည်း၊ထိုးဆေး၊သားအိမ်ထဲထည့်ပစ္စည်းစသည်)၏အကျိုးအာနိသင်ကို လျော့နည်းစေပါသည်။modanafil သုံးစွဲနေစဉ်သို့မဟုတ် modanafil သုံးစွဲမှုရပ်ဆိုင်းပြီးတလခန့်ကြာသည်အထိအခြားသောသားဆက်ခြားနည်းလမ်းများကိုအသုံးပြုပါ။modanafil အသုံးပြုနေစဉ်သို့မဟုတ်အသုံးပြုပြီးချိန်တွင်သုံးစွဲသင့်သည့်သားဆက်ခြားနည်းလမ်းများနှင့်ပတ်သက်၍ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
-ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့်လအတော်ရင့်နေလျှင်)၊ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိလျှင်သို့မဟုတ်ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်းကိုယ်ဝန်ရှိလာလျှင်။
-သွားနှုတ်ခြင်းအပါအဝင်အခြားသောခွဲစိတ်ကုသမှုများခံယူရန်ရှိပါက modanafil သောက်သုံးလျက်ရှိကြောင်းဆရာဝန်ကိုကြိုပြောပါ။
-modanafil သည်သင်၏စဉ်းစားဆုံးဖြတ်နိုင်စွမ်းသို့မဟုတ် တွေးတောနိုင်စွမ်းကိုအကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ပြီးအလွန်အမင်းအိပ်ငိုက်မှုကိုရာနှုန်းပြည့်သက်သာစေမည်မဟုတ်ပါ။ ဆေး၏အကျိုးသက်ရောက်မှုကို သေချာစွာမသိရှိသေးလျှင်ကားမောင်းခြင်းသို့မဟုတ်စက်ကိရိယာအကြီးစားများ မောင်းနှင်ကိုင်တွယ်ခြင်းမပြုလုပ်ပါနှင့်။ အကယ်၍သင်သည်အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများကြောင့်ကားမောင်းခြင်းသို့မဟုတ်အခြားသောအန္တရာယ်ရှိသည့်လုပ်ငန်းဆောင်တာများကိုရပ်ဆိုင်းထားခြင်းဖြစ်လျှင် (သင့်အနေဖြင့်လန်းဆန်းနေပြီဟုခံစားနေရသည့်တိုင်) သင့်ဆရာဝန်ထံမှခွင့်ပြုချက်မရဘဲ၎င်းတို့ကိုပြန်လည်မပြုလုပ်ပါနှင့်။
-modanafil သုံးစွဲနေစဉ်ကာလအတွင်းအရက်မသောက်သင့်ပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Modafinil (မိုဒါဖီနေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟုသတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကိုမသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)
ဘေးထွက်ဆိုးကျိုးများ
Modafinil (မိုဒါဖီနေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
Modafinilကဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။
အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာသို့မဟုတ်လည်ချောင်းတို့ ရောင်ရမ်းခြင်းအစရှိသောဓါတ်မတည့်သည့်လက္ခဏာများခံစားလာရပါကအရေးပေါ်ကုသမှုကိုခံယူရပါမည်။
အောက်ပါလက္ခဏာများခံစားရပါက modafinil သောက်သုံးခြင်းကိုချက်ချင်းရပ်ပြီးဆရာဝန်နှင့်အမြန်ပြသပါ။
-ဖျားခြင်း၊လည်ချောင်းနာခြင်း၊အန်ခြင်း၊ခေါင်းကိုက်ခြင်းတို့နှင့်အတူအရေပြားတွင်အနီစက်များထွက်ခြင်း၊အရည်ကြည်ဖုများထခြင်း၊အရေပြားများကွာခြင်း။
-သွေးခြေဥခြင်း၊ပြင်းထန်စွာထုံနာကျဉ်နာဖြစ်ခြင်း၊ကြွက်သားများအားနည်းခြင်း။
-သွေးခြေဥလွယ်ခြင်း၊သွေးထွက်လွယ်ခြင်း။
-ပါးစပ်အတွင်းသို့မဟုတ်နှုတ်ခမ်းတွင်အဖြူကွက်များ ပေါ်လာခြင်း။
-ထင်ယောင်ထင်မှားဖြစ်ခြင်း၊မူမမှန်သောအတွေးများ ပေါ်လာခြင်း/အပြုအမူများလုပ်မိခြင်း။
-စိတ်ဓါတ်ကျခြင်း၊စိုးရိမ်ပူပန်မှုများခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း။
-ရင်ဘတ်အောင့်ခြင်း၊နှလုံးခုန်မမှန်ခြင်း။
သာမန်ဘေးထွက်လက္ခဏာများမှာ
-ခေါင်းကိုက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း။
-ဂဏှာမငြိမ်ခြင်း၊ဒေါသထွက်လွယ်ခြင်း။
-ပျို့အန်၊ဝမ်းလျှောခြင်း။
-အိပ်မပျော်ခြင်း။
-အာခြောက်ခြင်း။
(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Modafinil (မိုဒါဖီနေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
ဘယ်ဆေးဝါးတွေကModafinilနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။
Modafinilဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
cyclosporine (Neoral, Sandimmune, Gengraf);
propranolol (Inderal);
rifampin (Rifadin, Rimactane, Rifater);
အိပ်ဆေးများ ——> diazepam (Valium), midazolam (Versed), or triazolam
(Halcion);
fungus မှိုစွဲခြင်းအတွက် ဆေးများ —–> itraconazole (Sporanox) or ketoconazole
(Nizoral);
အတက်ကျဆေးများ —–> carbamazepine (Carbatrol, Tegretol), phenytoin
(Dilantin), or phenobarbital (Luminal, Solfoton);
စိတ်ကျရောဂါအတွက် ဆေးများ —–> amitriptyline (Elavil, Etrafon), doxepin (Sinequan),
imipramine (Janimine, Tofranil), nortriptyline (Pamelor), and others; or
an MAO inhibitors——> isocarboxazid (Marplan), phenelzine (Nardil),
rasagiline (Azilect), selegiline (Eldepryl, Emsam), or tranylcypromine
(Parnate).
အစားအသောက်တွေနဲ့ အရက်က Modafinil (မိုဒါဖီနေးလ်) နဲ့ ဓါတ်ပြုနိုင်သလား
Modafinilကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Modafinil (မိုဒါဖီနေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Modafinilဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။ အထူးသဖြင့်
-အရက်စွဲခြင်း။
-ဆေးစွဲခြင်း ——-> modafinil ကိုစွဲနိုင်ချေပိုများစေမည်။
-ရင်ဘတ်အောင့်ခြင်း။
-မကြာသေးမီကရုတ်တရက်နှလုံးရပ်ဖူးခြင်း။
-နှလုံးရောဂါရှိခြင်း —–>ဤအခြေအနေကိုမည်သို့အကျိုးသက်ရောက်မည်မသိရ၍ modafinil ကိုသတိနှင့်သုံးပါ။
-စိတ်ကျဝေဒနာခံစားဖူးခြင်း။
-သွေးတိုးခြင်း။
-စိတ်ကြွခြင်း၊တစုံတခုကိုအလွန်အမင်းစွဲလမ်းပြီးတချိန်လုံးပြုလုပ်နေခြင်း။
-စိတ္တဇ ဝေဒနာခံစားဖူးခြင်း ——> ရောဂါအခြေအနေကိုပိုဆိုးစေနိုင်သဖြင့်သတိနှင့်အသုံးပြုပါ။
-ဘယ်ဘက်သွေးလွှတ်ခန်းကြွက်သားထူခြင်း (နှလုံးရောဂါတမျိုး)။
-ဦးနှောက်နှင့်အာရုံကြောနှိုးဆွပေးသော ဆေးများသုံးစွဲပြီးနောက်နှလုံးအဆို့ရှင်ရောဂါရခြင်း —–>ဤအခြေအနေမျိုးတွင် modafinil ကိုမသုံးစွဲသင့်ပါ။
-ပြင်းထန်သောအသည်းရောဂါ —–>သတိထားပြီးသုံးစွဲပါ။ ဆေးပမာဏကိုချိန်ဆရန်လိုပါလိမ့်မည်။ဤအခြေအနေနှင့်ပတ်သက်ပြီးသင့်အနေဖြင့်စိုးရိမ်ပူပန်မှုရှိပါကဆရာဝန်နှင့်ဆွေးနွေးပါ။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Modafinil (မိုဒါဖီနေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အရွယ်ရောက်ပြီးသူတွေမှာModafinilကို သောက်သုံးရမယ့်အချိုးအစားကဘယ်လောက်လဲ။
အလွန်အမင်းအိပ်စက်ခြင်းအတွက်
-၂၀၀မီလီဂရမ်ကို နေ့စဉ်နံနက်ခင်းတိုင်းတွင်တနေ့တခါ သောက်ရမည်။
အိပ်နေရင်းအသက်ရှုလမ်းကြောင်း ခေတ္တပိတ်ခြင်းအတွက်
-၂၀၀မီလီဂရမ်ကို နေ့စဉ်နံနက်ခင်းတိုင်းတွင်တနေ့တခါ သောက်ရမည်။
ပုံမှန်အိပ်စက်နေကျအချိန်တွင်အလုပ်လုပ်နေရမည့်အခြေအနေမျိုး (shift work sleep disorder) အတွက်
-၂၀၀မီလီဂရမ်ကိုအလုပ်ချိန်မစမီ၁နာရီအလိုတွင် သောက်ရမည်။
ကလေးတွေအတွက် Modafinil (မိုဒါဖီနေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ)
အာရုံစူးစိုက်နိုင်မှုအားနည်းသည့်ရောဂါ (Attention Deficit Disorder) အတွက်
FDA မှ ထောက်ခံချက်မပေးထားပါ။
အချို့လူနာများတွင် ပြင်းထန်သောအရေပြားဆိုင်ရာ ဘေးထွက်ဆိုးကျိုးများနှင့်စိတ်ကျန်းမာရေးနှင့်သက်ဆိုင်သည့် ဘေးထွက်ဆိုးကျိုးများကိုခံစားရစေနိုင်ကြောင်းသိရှိရသဖြင့်ပထမနှင့်ဒုတိယဦးစားပေး ဆေးများကိုဦးစွာအသုံးပြုပြီးမသက်သာသည့်အချိန်မှ modafinil ကိုသတိကြီးစွာထားပြီးသုံးစွဲသင့်သည့်အပြင် ကောင်းကျိုးဆိုးပြစ်များကို သေချာစွာချိန်ဆရပါမည်။
ကိုယ်အလေးချိန်၃၀ကီလိုအောက်ကလေးများ : ၂၀၀ – ၃၄၀မီလီဂရမ်ကို နေ့စဉ်တနေ့လျှင်တကြိမ်။
ကိုယ်အလေးချိန်၃၀ကီလိုအထက်ကလေးများ : ၃၀၀ – ၄၂၅မီလီဂရမ်ကို နေ့စဉ်တနေ့လျှင်တကြိမ်။
Modafinil (မိုဒါဖီနေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ
Modafinilကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။
သောက်ဆေးပြား : ၁၀၀မီလီဂရမ်၊၂၀၀မီလီဂရမ်။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ)
ဆေးလွန်ကဲသည့်လက္ခဏာများမှာ
-အိပ်မပျော်ခြင်း။
-စိတ်တိုစိတ်ဆတ်ခြင်း။
-ဂဏှာမငြိမ်ဖြစ်ခြင်း။
-စိတ်ရှုပ်ထွေးခြင်း။
-ထင်ယောင်ထင်မှား ဖြစ်ခြင်း (တကယ်မရှိသောအသံများကြားနေရခြင်း၊မရှိသောအရာများကို မြင်နေရခြင်း)။
-အလွန်အမင်းစိတ်လှုပ်ရှားခြင်း။
-တစ်ကိုယ်လုံးတုန်ခါကတုန်ကယင်ဖြစ်ခြင်း။
-နှလုံးခုန် မြန်ခြင်း၊နှေးခြင်း၊မမှန်ခြင်း။
-ရင်ဘတ်အောင့်ခြင်း။
-ပျို့အန်ခြင်း။
-ဝမ်းလျှောခြင်း။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Modafinilကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။